Skip to main content

အာဏာမက် စစ်တပ် မဟုတ်ကြောင်းသက်သေပြဖို့ ဒေါ်စု စိန်ခေါ်



၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကနေ ဒီနှစ် အတွင်း ပြုပြင်နိုင်အောင် တပ်မတော်သားတွေ အားလုံး ပူးပေါင်း ပါဝင်ခြင်းအားဖြင့်၊ စစ်တပ်ဟာ အာဏာ နဲ့ အခွင့်ထူးကို မက်မောနေတာ မဟုတ်ကြောင်း သက်သေထူကြပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။

မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲှ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ တနင်္ဂနွေနေ့ မနက်က ပူးပေါင်းကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့တာပါ။


"ဥပဒေဘောင်အတွင်းက လွှတ်တော်အတွင်ကနေပြီးတော့ ကျုပ်တို့တွေ ပြင် ဆင်သွားမယ်၊ ကျပ်တို့တွေဟာ အာဏာမက်မောလို့ အထူးအခွင့်အရေး မက်မောလို့ မြေယာမက်မောလို့ လုပ်နေတာဆိုတာ မဟ်ုဘူးဆိုတာ သက်သေထူလိုက်ပါလို့ ကျမက တိုက်တွန်းချင်ပါတယ်၊ တနည်းအားဖြင့်ပြောရမယ်ဆိုရင် စိန်ခေါ်မှု လို့လည်းပြောလို့ရပါတယ် ၊ကျမစိန်ခေါ်ပါတယ် တကယ်လည်း တိုင်းပြည်ကို ချစ်တယ်၊တကယ် လည်း ပြည်သူလူထုကို လေးစားတယ်၊ တကယ်လည်း သတ္တိရှိတယ် ၊တယ်လည်း တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမျှော်အမြင် ရှိတယ် ဆိုလို့ရှိရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီနှစ်အတွင်းမှာ လွှတ်တော် အတွင်းကနေပြီးတော့ ပြုပြင်နိုင်အောင်လို့ တပ်မတော်သားတွေ ၊တပ်မတော် သားများ အားလုံးဝိုင်းဝန်းပြီးတော့ လုပ်ကြပါလို့ ကျမ တိုက်တွန်းချင်ပါတယ်"


အသက် ၁၈ နှစ်အောက် လူငယ်တွေအနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ပါဝင် လိုတယ်ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် တပ်မတော် အရာရှိတွေဆီ စာရေးသားတိုက်တွန်းကြဖို့ကို လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။


မန္တလေး အောင်ပင်လယ် လူထုဟောပြောပွဲကို မန္တလေးတိုင်း၊ ကယားပြည် နယ်၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ နဲ့ ပြည်သူတွေ သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ အောင်ပင်လယ်ကွင်း ဟောပြောပွဲအပြီး နေ့လည်ပိုင်းမှာ မန္တလေး မြို့ခံတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ ဟိုတယ် ရွှေပြည်သာ မှာ တွေ့ဆုံ ခဲ့ပါတယ်။


ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့လာမယ့် မေလ ၂၇ ရက်ကစပြီး ၂ လကြာ ပြုလုပ်မဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပြည်သူလူထုက လက်မှတ်ရေးထိုးပါဝင် လာရေး လှုပ်ရှားမှုနဲ့ ပါတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တယ် လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ငွေကြယ်ပွင့်လေးများ ပရဟိတ စာသင်ဝိုင်းအဖွဲ့က ကိုကျော်ဇေယျက ပြောပါတယ်။


"အဓိကကတော့နော် ကျနော်တို့ ဒီ ၄၃၆ ကိုပေါ့နော်၊ရပ်မိရပ်ဖတွေက ဦးဆောင်ပြီးတော့ပေါ့နော် ၂၇ ရက်နေ့မှာပေါ့ ရုံးတွေမှာ ဦးဆောင် ပြီးတော့ ထိုးပေးဖို့ပေါ့နော် သတ္တိရှိရှိနဲ့ပေါ့၊ ကျနော်တို့အနေနဲ့ မေ ၂၇ ကနေ ဇူလိုင် ၁၉ ရက်နေ့အထိကို ဒီ ၄၃၆ နဲ့ပတ်သက်ပြီး ကမ်ဘိမ်း သဘောမျိုးပေါ့ မြို့နယ် ရုံးတွေ၊ရပ်ကျေးရုံးတွေမှာ ဗဟိုကနေ စာအုပ်တွေပေးပြီးတော့ လက်မှတ်ထိုး ရမှာပေါ့နော် "


ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးနဲ့ပတ်သက်တဲ့ အလားအလာတွေ ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ တက်ရောက်လာသူ တစ်ချို့ အပြန် အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


RFA Burmese






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1p4EYLL

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...