Skip to main content

လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် အကြမ်းဖက်မှုမရှိဟု ရဲတပ်ဖွဲ့ဆို ပြည်၊...



လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် အကြမ်းဖက်မှုမရှိဟု ရဲတပ်ဖွဲ့ဆို



ပြည်၊ မေ ၁၈



ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲများ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည့် လယ်သမားများနှင့် လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်မှု မရှိကြောင်း မေလ ၁၈ ရက်နေ့က သဲကုန်းမြို့ မကျီးဇင်ကျေးရွာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သဲကုန်းမြို့မ ရဲစခန်းမှုးက ပြောကြားသည်။



ရဲတပ်ဖွဲ့မှ အကြမ်းဖက်ကာ ဓား၊ တုတ် အသုံးပြုသည်ဟု ဒေသခံများ စွပ်စွဲပြောဆိုချက်မှာ မှန်ကန်မှု မရှိဘဲ မြို့နယ်တရားသူကြီး ဖမ်းဝရမ်းအရ မေလ ၁၄ ရက်နေ့က ဖမ်းဆီးချိန်တွင် ရွာသားများက ရဲတပ်ဖွဲ့ဝင်များကို တံပိုးဖြင့် ရိုက်ခြင်း၊ အုတ်ခဲများကို လွယ်အိတ်ထဲ ထည့်ကာ ဝှေ့ယမ်းခြင်းများ ရှိပြီး ဒဏ်ရာရခဲ့သူများ (တရားစွဲခံရသူ) ကို ရွာသားများက ရဲတပ်ဖွဲ့လက်မှ အတင်းဝိုင်းဆွဲကြသည့် အရှိန်ဖြင့် မြေပေါ်သို့ ကျရာမှ ခေါင်းကွဲဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း စခန်းမှူးသို့ ဆက်သွယ်မေးမြန်းချိန်တွင် ယခုလို ပြောဆိုသည်။



“ကောင်းထက်ကျော် လဲကျသွားတော့ ဒေါ်ခင်မာအေးက ရင်ဝယ် ပိုက်ပွေ့တယ်။ သွေးတွေ သူ့လက်မောင်းမှာ ပေကုန်တာ။ ဘာဒဏ်ရာမှ မရှိဘူး၊ ရဲတပ်ဖွဲ့မှာလည်း ဓားကိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ဥပဒေမဲ့ လုပ်တာ မဟုတ်ဘူး။ တရားဥပဒေကြောင်းအရပဲ လုပ်တာ” ဟု ရဲစခန်းမှူး ဒုရဲအုပ် ဦးဇော်အောင်က ထပ်မံရှင်းပြသည်။



အဆိုပါနေ့က ရဲတပ်ဖွဲ့မှာ လယ်သမားများကို ဖမ်းဆီးချိန်တွင် တုတ်၊ ဓား အသုံးပြုကာ ဖမ်းဆီးခြင်းကြောင့် ခေါင်းပေါက်ဒဏ်ရာနှင့် လက်မောင်းပြတ်ရှ ဒဏ်ရာရရှိမှု ရှိသည်ဟု တရားစွဲခံရသူများက ပြောဆိုမှု ရှိခဲ့သည်။



ဖမ်းဆီးချိန်တွင် ဒဏ်ရာရခဲ့သူ ဗကသကျောင်းသား လယ်သမားရေး လှုပ်ရှားသူ ဦးကောင်းထက်ကျော်နှင့် ပတ်သက်ပြီး ဗ.က.သ များအဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီက ပြစ်တင်ကန့်ကွက် ရှုတ်ချသည့် သဘောထား ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင့် ဗကသ အဖွဲ့ဝင် ဦးမင်းမင်းဇော်က The Voice သို့ ပြောဆိုသည်။



“ဝရမ်းမပြဘဲ တုတ်နဲ့ရိုက် ဓားနဲ့ ထိုးတဲ့ သဲကုန်းရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာပါ။ ဒီလို အကြမ်းဖက် နှိမ်နင်းတာက ကျောင်းသားထု တစ်ရပ်လုံးကို စော်ကားတာပါ။ ဒီလုပ်ရပ်အတွက် အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးဖို့၊ စွဲဆိုထားတဲ့ ပုဒ်မတွေကို ရုပ်သိမ်းပေးဖို့၊ ဖမ်းထားတဲ့ လယ်သမားတွေ လွှတ်ပေးဖို့၊ လယ်ယာမြေ ပြန်လည်ရရှိဖို့ကို တောင်းဆိုထားပါတယ်” ဟု ၎င်းကဆိုသည်။



၎င်းကြေညာချက် စာစောင်ကို သဲကုန်းမြို့ လူစည်ကားရာ နေရာများတွင် လှည့်လည် ဝေငှနေပြီး သက်ဆိုင်ရာ အစိုးရရုံးများကို ပေးဖို့ရန် စီစဉ်ထားကြောင်း ဗကသ အဖွဲ့ဝင်များထံမှ သိရသည်။



ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲများ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည့် အောင်ကုန်းကျေးရွာမှ ဒေသခံလယ်သမားများ ဖြစ်သည့် ဦးမောင်ဝင်း၊ ဒေါ်ညို၊ ဒေါ်ခင်မာအေးနှင့် လယ်သမားရေး လှုပ်ရှားနေသည့် ဦးကောင်းထက်ကျော်တို့ကို ပုဒ်မ (၅၀၅) (ခ) ဖြင့် ထပ်မံ တရားစွဲလိုက်ပြီ ဖြစ်ကြောင်း သဲကုန်းမြို့မ ရဲစခန်းမှူးက The Voice သို့ အတည်ပြု ပြောကြားသည်။



“နှစ်ယောက်က ဖမ်းမိတယ်။ နှစ်ယောက်ကတော့ ရွာထဲမှာ ရှိနေတယ်။ ရွာထဲကို ဝင်ဖမ်းပြန်ရင် ရွာထဲက လူတွေနဲ့ ရဲတပ်ဖွဲ့ကြားမှာ ပြဿနာ ထပ်ဖြစ်မှာစိုးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် စည်းရုံးပြီးတော့ မေလ ၂၁ ရက် တရားရုံးချိန်းကို လာဖို့တော့ ပြောထားတယ်။ ကျွန်တော်တို့ ဘက်ကတော့ ဥပဒေအတိုင်း ဆောင်ရွက်နေရတာပါ” ဟု ၎င်းက ထပ်မံဆိုသည်။



သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရန်အတွက် ဒေသခံလယ်သမားများ ဆန္ဒထုတ်ဖော်ပွဲ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ပြီး လယ်သမားခုနစ်ဦးနှင့် လယ်သမားရေး ဆောင်ရွက်သူ နှစ်ဦးတို့မှာလည်း ပုဒ်မ (၁၈)၊ ပုဒ်မ (၅၀၅) (ခ) တို့ဖြင့် တရားရင်ဆိုင်ကာ သုံးဦးမှာ ပေါင်းတည်အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားနေရကြောင်း အောင်ကုန်းကျေးရွာမှ သိရှိရသည်။







from The Voice Weekly's Facebook Wall http://ift.tt/1nckW0S

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...