Skip to main content

အချိန်အကြာဆုံး ပျားစွဲခံနိုင်သည့် ကမ္ဘာ့စံချိန်သစ်ကို တရုတ်အမျိုးသား ရရှိ








အချိန်အကြာဆုံး ပျားစွဲခံနိုင်သည့် ကမ္ဘာ့စံချိန်သစ်ကို တရုတ်အမျိုးသား ရရှိ ဖန်ရှင်းဒေသမှ ယွမ်လင်မင်းသည် တစ်ကိုယ်လုံး ပျားများစွဲကပ်ဖုံးလွှမ်းလျှက် အခြေအနေဖြင့် (၅၃)မိနစ် (၃၄)စက္ကန့်ကြာအောင် တောင့်ခံနိုင်ခဲ့သည်။ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်ရှင် အဖွဲ့ကလည်း ယွမ်၏ လုပ်ဆောင်မှုသည် ကမ္ဘာ့စံချိန်သစ် ဖြစ်လာကြောင်း အတည်ပြုခဲ့

တရုတ်နိုင်ငံမှ အမျိုးသား တစ်ဦးသည် ခန္ဓာကိုယ်ပေါ်တွင် ပျားများစွဲကပ်လျှက် အချိန်အကြာဆုံး နေထိုင်နိုင်သူအဖြစ် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ ဖန်ရှင်းဒေသမှ ယွမ်လင်မင်းသည် တစ်ကိုယ်လုံး ပျားများစွဲကပ်ဖုံးလွှမ်းလျှက် အခြေအနေဖြင့် (၅၃)မိနစ် (၃၄)စက္ကန့်ကြာအောင် တောင့်ခံနိုင်ခဲ့သည်။ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်ရှင် အဖွဲ့ကလည်း ယွမ်၏ လုပ်ဆောင်မှုသည် ကမ္ဘာ့စံချိန်သစ် ဖြစ်လာကြောင်း အတည်ပြုခဲ့သည်။ ယွမ်သည် ရှီဂျင်ပင်းရှိ ယီချန်းမြို့တွင် လက်တွေ့ အစွမ်းပြခဲ့ခြင်း ဖြစ်သည်။ ပျားများ ခန္ဓာကိုယ်ပေါ် စွဲကပ်သည့် အချိန်အကြာဆုံး စံချိန်ရှင်အဖြစ် ယွမ်က ရပ်တည်ခဲ့သလို အခြားစံချိန်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။


ယွမ်သည် ပျားကောင်ရေ အလေးချိန်အများဆုံး ခန္ဓာကိုယ်ပေါ် စွဲမြဲထမ်းပိုးနိုင်သည့် စံချိန်ကိုလည်း ရရှိထားသည်။ ၎င်းသည် မကြာသေးမီက ရရှိခဲ့သည့် ဂင်းနစ်စံချိန်အရ ပျားကောင်ရေ အမြောက်အမြားဖြင့် အလေးချိန် (၁၃၆)ပေါင်စာ စွဲမြဲနေအောင် စွမ်းဆောင်ပြခဲ့သည်။ ပျားများကို လူတစ်ဦး၏ ခန္ဓာကိုယ်ပေါ် စွဲမြဲနားခိုနေစေရန်အတွက် ထောင်ချောက်ဆင် ဆွဲဆောင်ရပြီး ပျားဘုရင်မ တစ်ကောင်ကို ခန္ဓာကိုယ်ပေါ်တွင် ထားရှိရသည်။ ထိုအခါ လုပ်သားပျားများက ပျားဘုရင်မ ရှိရာသို့ လျင်လျင်မြန်မြန် စုရုံးရောက်ရှိလာပြီး လူ၏ခန္ဓာကိုယ်ပေါ် စွဲမြဲနေခြင်း ဖြစ်သည်။


ယွမ်သည် ခန္ဓာကိုယ်ပေါ်တွင် ခန့်မှန်းခြေ ပျားကောင်ရေ တစ်သိန်းမျှကို စွဲကပ်နေစေခဲ့သည်။ ကိုယ်တိုင်က ပျားမွေးမြူရေး လုပ်သားတစ်ဦးဖြစ်သည့် ယွမ်က “ပျားတွေကို ကျွန်တော် သဘောကျတယ်။ သူတို့ကလည်း ကျွန်တော့်ကို ချစ်ကြတယ်လို့ ထင်ပါတယ်။ လူတွေက သူတို့ကို ပျားလို့ ခေါ်ကြပေမယ့် ကျွန်တော်ကတော့ ပျံနိုင်တဲ့ သူငယ်ချင်းလေးတွေလို့ ခေါ်ပါတယ်။ ပျားတွေကို ကျွန်တော်ချစ်ပါတယ်။ သူတို့ဟာ ကျွန်တော့်ဘဝပါပဲ”ဟု ပြောကြားသွားသည်။


Planet Myanmar Network.





from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1oGx1iy

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...