စပါးခြွေလှေ့စက် |
ရန်ကုန်၊ ဒီဇင်ဘာ ၈
၇.၁၂.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် သန်လျင်မြို့နယ်၊ ဖားကူး ရဲကင်း စခန်းမှ တပ်ဖွဲ့ ၀င်များသည် သန်လျင်မြို့နယ်၊ ၀င်းခနီးကျေးရွာ လယ်ကွင်း အတွင်း၌ အမျိုးသား တစ်ဦး စပါးခြွေလှေ့ စက်ညပ်၍ သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ လှည်းကူးမြို့နယ်၊ ဒါးပိန်ကျေးရွာနေ ကိုဇော်မင်း၊ (၃၄)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၇၃၀ အချိန်ခန့်က အဆိုပါကျေးရွာရှိ လယ်ကွင်း အတွင်း စပါးလှေ့ရန်အတွက် ခြွေလှေ့ စက်မောင်းနှင်စဉ် စက်ပန်ကာနှင့် ပုဆိုးညပ်ပြီး ၀မ်းဗိုက်ပွင့်ထွက်၊ ၀ဲဒူးစုတ်ပြဲဒဏ်ရာ များရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့် ပတ်သက်၍ သန်လျင်မြို့မ ရဲစခန်း သေမှု သေခင်း အမှတ်စဉ် (၅၉/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police
http://ift.tt/1oASl5N
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/12VwZf6
Comments
Post a Comment