Skip to main content

အတုမရှိဂျာနယ်ထုတ်ရန် ရဟန်းနှင့် လူပုဂ္ဂိုလ် ၄၁ ဦးကို မန္တလေး မဘသ သင်တန်းပေး မန္တေ...



အတုမရှိဂျာနယ်ထုတ်ရန် ရဟန်းနှင့် လူပုဂ္ဂိုလ် ၄၁ ဦးကို မန္တလေး မဘသ သင်တန်းပေး



မန္တလေး၊ မေ ၂၂



အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) ဖွဲ့စည်းရန် အတုမရှိ ကျောင်းတော်ကြီးတွင် သံဃာသုံးသောင်းကျော် တက်ရောက်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘက်မလိုက်သည့် လူမှုရေး၊ ဘာသာရေး သတင်းများကို ရေးသား ဖော်ပြရန်အတွက် အတုမရှိ ဂျာနယ် ထုတ်ဝေမည် ဖြစ်ပြီး ရဟန်းနှင့် လူပုဂ္ဂိုလ် ၄၁ ဦးကို မေလ ၂၀ ရက်နေ့မှစတင်ကာ သင်တန်းပေးလျက် ရှိကြောင်း အဆိုပါအဖွဲ့ ဦးဆောင်ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။



ရဟန်းအပါး ၃၀၊ လူ ၁၁ ဦး စုစုပေါင်း ၄၁ ဦးတို့ကို ကျင့်ဝတ်နှင့်အညီ သတင်းရေးသား ဖော်ပြတင်ဆက်ပုံများ၊ နိုင်ငံတကာ သတင်းမီဒီယာများ တင်ဆက် ရေးသားပုံများကို သင်တန်းပေးနေပြီး သင်တန်း လာရောက်တက်သူများ ပြားသဖြင့် သင်တန်းဦးရေ ကန့်သတ် ထားလိုက်ရသည်ဟု အတုမရှိဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန် ထမ်းဆောင်မည့် ဦးဆန်းဦးက ပြောကြားသည်။



အဆိုပါ ထုတ်ဝေမည့် ဂျာနယ်တွင် သတင်း၊ ဆောင်းပါးများ၊ အမျိုးသားရေး ဝတ္ထုတိုများ၊ မန်လည် ဆရာတော်ဘုရား၏ မာဃလင်္ကာရ ကဗျာများ၊ မဘသအဖွဲ့၏ ဆောင်ရွက်ချက်များကို မြန်မာလဆန်းရက်များနှင့် လဆုတ်ရက်များတွင် နှစ်ပတ်တစ်ကြိမ် ထုတ်ဝေသွားမည် ဖြစ်ပြီး နိုင်ငံတကာမှ လက်ခံနိုင်မည့် အရေးအသားများနှင့် မီဒီယာ ကျင့်ဝတ်များကို လိုက်နာရေးသားမည့် ဂျာနယ်တစ်စောင်အဖြစ် တင်ဆက်သွားမည် ဖြစ်ကြောင်း အရှင်ဝီရသူက မိန့်ကြားသည်။



မန္တလေးမြို့တော်တွင် လူမှုရေးနှင့် ဘာသာရေး သတင်းများကို ဦးစားပေး ဖော်ပြမည့် အတုမရှိဂျာနယ် ထွက်ပေါ်လာမည်ကို ကြိုဆိုရမည် ဖြစ်ပြီး ယင်းဂျာနယ်မျိုး ပုံစံကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထွက်ပေါ်လာလျှင် ပိုကောင်းကြောင်း အတုမရှိဂျာနယ်တွင် ဒေသခံများ သတင်းရေးသား တင်ဆက်နိုင်မည် ဆိုပါက ပိုကောင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် အခြစိုက် ထုတ်ဝေသည့် သာကီသွေးစာစောင်၏ အယ်ဒီတာချုပ်ဖြစ်သူ စာရေးဆရာ မောင်သွေးချွန်က ပြောကြားသည်။



“အခုထွက်မယ်ဆိုတဲ့ အဲ့ဒီဂျာနယ်မှ ရိုးရိုးသားသား ဘက်လိုက်မှုမရှိဘဲ သတင်းတွေကို ဖော်ပြနိုင်ရင် ကောင်းပါတယ်။ ကိုယ့်အယူအဆတွေကို ရေးသားဖော်ပြ နေမယ်ဆိုရင် အန္တရာယ် ရှိနိုင်တဲ့ စာစောင်လို့ အများပြည်သူ ယူဆသွားနိုင်တယ်” ဟု မန္တလေးမြို့ခံ သတင်းသမား တစ်ဦးဖြစ်သူ ညီစေမင်းက ဆိုသည်။



မန္တလေးမြို့ပေါ်တွင် သံဃာသုံးသောင်းကျော် တက်ရောက်သည့် အတုမရှိ အစည်းအဝေးမှ အတုမရှိဂျာနယ် ထုတ်ရန် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး ဂျာနယ်ကို ဇွန်လအတွင်း ထုတ်ဝေရန် အစီအစဉ်ရှိကာ ဘာသာရေး သတင်းများကို ရေးသား တင်ဆက်နေသည့် ဂျာနယ်မှာ မြန်မာပြည်တွင် နှစ်စောင်သာ ရှိသေးကြောင်း ဆရာတော် အရှင်ဝီရသူက ထပ်လောင်း မိန့်ကြားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1oYXet1

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...