ရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းရန်အတွက် မတ်လအတွင်းက နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် အမည်ဖြင့် လူဦးရေ ၁၀၀ ကျော် ရန်ကုန်မြို့တော်မှ ကချင်ပြည်နယ် မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒပြ ကန့်ကွက် ခဲ့ကြသော်လည်း လမ်းတစ်ဝက်၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အစည်းအရုံးအဖြစ် အမည်ပြောင်းလဲ ခဲ့ပြီး ယခုအခါ မေလ ၂၉ ရက်နေ့တွင် တရားဝင် မှတ်ပုံတင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါ အစည်းအရုံး အောက်တွင် ဧရာဝတီ မြစ်ဆုံဖျက်သိမ်းရေး ကော်မတီ၊ တောင်သူ လယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ၊ လူငယ်နှင့် ကျောင်းသားရေးရာ ကော်မတီ သုံးခုပါဝင်ပြီး အဓိကလုပ်ငန်း အနေနှင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် နိုင်ငံတော် သမ္မတနှင့် လွှတ်တော်သို့ တရားဝင် ကန့်ကွက်အကြောင်းကြားစာ တင်ပြ၍ လူထုလှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးရဲထွဋ်ခေါင်က ဆက်လက်ပြောကြားသည်။
မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို China Power Investment (CPI) နှင့် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လူထု၏ ကန့်ကွက်မှုကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရ လက်ထက်တွင် စီမံကိန်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။
{fcomment}
from Voice http://ift.tt/1n8nLSf
Comments
Post a Comment