Skip to main content

NLD နှင့် ၈၈ ပူးပေါင်းကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မြို့ကြီး ၁၇ မြို့တွင် ထပ်မံဟောပြောမည်



NLD နှင့် ၈၈ ပူးပေါင်းကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မြို့ကြီး ၁၇ မြို့တွင် ထပ်မံဟောပြောမည်

ရန်ကုန်၊ မေ ၂၂ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီက အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် (ခ) ကို ပြင်ဆင်ပေးမည်ဟု ဆိုထားသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ယင်းပုဒ်မ ပြင်ဆင်ပေးရေးအတွက် မြို့ကြီး ၁၇ မြို့တွင် ဟောပြောပွဲများနှင့် လူထုဆန္ဒ လက်မှတ် ကောက်ယူပွဲများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း NLD ဗဟို ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။


အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြည်သူများအားလုံး သိရှိနားလည်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့ကြီးများတွင် ဟောပြောပွဲများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပုဒ်မ ၄၃၆ ကို နားလည်အောင် ရှင်းပြရမယ့် အချိန်ရောက်နေလို့ နိုင်ငံအနှံ့ ဟောပြောပွဲများ ပြုလုပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။



ထို့အပြင် ဟောပြောပွဲပြုလုပ်မည့် သက်ဆိုင်ရာ မြို့နယ်များအလိုက် ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်သောကြောင့် ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီက ပြောကြားသည်။

“တချို့ မြို့တွေမှာ အခက်အခဲ ရှိနိုင်မလား ဆိုတာကို ပြန်စဉ်းစားရဦးမှာပါ” ဟု ၎င်းကဆိုသည်။



အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကော်မတီက ဆုံးဖြတ်ထားသော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောထားကို မသိရှိနိုင်သောကြောင့် နိုင်ငံအနှံ့ လူထုဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် ဖိအားပေးခြင်း ဖြစ်နိုင်ကြောင်း သီပေါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။



“၄၃၆ ကိုပြင်မယ်လို့ ကော်မတီက ဆုံးဖြတ်ပေမယ့် အများဆန္ဒအရ ဆုံးဖြတ်တာဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သဘောထားကဘာလဲ မသိနိုင်ဘူး။ ကာကွယ်ရေး ဦးစီးချုပ်က ကော်မတီနဲ့ အတူတူပဲ ဆိုရင်တော့ နိုင်ငံအနှံ့ ဟောပြောပွဲ ပြုလုပ်တာက လူထုအားကို ဖြုန်းတီးသလို ဖြစ်မယ်” ဟု ၎င်းကဆိုသည်။



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ ကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း မေလ ၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် ကော်မတီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဆုံးဖြတ်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်ထားသည်။



အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက်များ ပူးတွဲလူထု ဟောပြောပွဲများကို မေလ တတိယအပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ ဟောပြောပွဲများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီမှ ထုတ်ပြန်ထားသည်။



မေလ ၂၀ ရက်နေ့တွင် NLD ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများသည် လူထုကို လမ်းပေါ်ထွက် ဆန္ဒပြစေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ အခြေခံဥပဒေ၏ အကြောင်းအရာများကို ရှင်းလင်းခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


{fcomment}





from Voice http://ift.tt/1n8nJKb

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...