Skip to main content

နိုင်ငံတကာသတင်းတိုများ တရုတ်အစိုးရရုံးများ၏ ကွန်ပျူတာစနစ်များကို စစ်ဆေးသွားမည်...



နိုင်ငံတကာသတင်းတိုများ



တရုတ်အစိုးရရုံးများ၏ ကွန်ပျူတာစနစ်များကို စစ်ဆေးသွားမည်



တရုတ်နိုင်ငံမှ အရေးကြီးသည့် အချက်အလက်များကို ကာကွယ်ရန် ရည်ရွယ်၍ အစိုးရရုံးများ၏ ကွန်ပျူ တာစနစ်များ ကို စစ်ဆေးသွားမည် ဖြစ်ကြောင်း မေလ ၂၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။အမေရိ ကန်နှင့် ဆိုက်ဘာလုံခြုံရေး ကိစ်္စများ အငြင်းပွားနေသည့်အချိန်တွင် ယင်းပြောကြားချက် ထွက်ပေါ်လာ ခြင်း ဖြစ်သည်။



ထိုင်းဆွေးနွေးပွဲများ ရလဒ်မထွက်ပေါ်သေး



ထိုင်းနိုင်ငံအား ယူကရိန်း (သို့) အီဂျစ်ကဲ့သို့ ဖြစ်မလာစေရန် ခေတ်္တ ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့် စစ်အုပ် ချုပ်မှု ပြဋ္ဌာန်းခဲ့သည့်နောက်ပိုင်း ထိုင်းစစ်တပ်မှ အပြန်အလှန် တိုက်ခိုက် နေကြသောနိုင်ငံရေး ပြိုင်ဘက်များကြား တွေ့ဆုံညှိနှိုင်းနိုင်မည့် ဆွေးနွေးပွဲ တစ်ရပ်အား မေလ ၂၁ ရက်က ပထမ အကြိမ်ကျင်းပခဲ့သော်လည်း သဘောတူညီ ချက်များ မရရှိခဲ့ကြောင်း မေလ ၂၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



တရုတ်နိုင်ငံ၏ ရေခဲမြစ်များ အရည်ပျော်



တရုတ်နိုင်ငံ၏ ရေခဲမြစ်များမှာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ မှစ၍ ရာသီဥတု ပြောင်းလဲမှုများကြောင့် စတုရန်းကီလို မီတာ ထောင်ပေါင်းများစွာ အရည်ပျော် ခဲ့ကြောင်း မေလ ၂၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။တရုတ်နိုင်ငံတောင်ပိုင်း ချင်းဟိုင်တိဘက်ဒေသရှိ ရေခဲမြစ်မှာ ၎င်းင်း၏ ၁၅ ရာခိုင်နှုန်း (သို့) စတုရန်းမိုင် ၃၀၈၉ မိုင် အရည်ပျော်ခဲ့သည်။



ကြားဖြတ်အစိုးရဖွဲ့စည်းရန် တိုက်တွန်း



လစ်ဗျားအစိုးရဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှုများကို ဦးဆောင် နေသော စစ်ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ် တာက နိုင်ငံတွင်းရှိ တရားသူကြီးများ အား အရေးပေါ်အစိုးရအဖွဲ့ ဖွဲ့စည်းရန် လိုအပ်ကြောင်း ပြောဆိုလိုက်သည်ဟု မေလ ၂၂ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ပါကစ္စတန်စစ်တပ်၏လေကြောင်း တိုက်ခိုက်မှုကြောင့် ၆၀ ဦးသေဆုံး



ပါကစ်္စတန်နိုင်ငံမြောက်ပိုင်း ၀ါဇီရီ စတန်ဒေသတွင် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပါကစ္စတန် စစ်သွေး ကြွ ၆၀ ဦး သေဆုံးသွားခဲ့သည်ဟု မေလ ၂၂ ရက်က ရိုက်တာ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။



ဘိုကိုဟာရမ်အဖွဲ့ကို အရေးယူရန် ပြင်ဆင်



ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ အယ်လ်ကိုင်ဒါ ပိတ်ဆို့တားဆီးရေး ကော်မတီမှ စစ်သွေးကြွသူပုန် အဖွဲ့ဖြစ်သော ဘိုကိုဟာရမ်အဖွဲ့အပေါ် ပိတ်ဆို့အရေးယူမှုအား စီစဉ်ထားသည့်အတိုင်း ပြုလုပ်သွားမည် ဟု မျှော်လင့်မိကြောင်း နိုင်ဂျီးရီးယား အာဏာရပါတီဖြစ်သော ပြည်သူ့ဒီမိုကရက်တစ်ပါတီ (PDP) ၏ ပြောရေးဆိုခွင့်ရှိသူ အက်ဒူလာဟီဂျလိုက ပြောကြားလိုက်သည်ဟု မေလ ၂၂ ရက်က ရိုက်တာ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။



ကျူးဘားအစိုးရက အစိုးရဆန့်ကျင်သူ တည်ထောင်ထားသော သတင်းစာအား ပိတ်



ကျူးဘားအစိုးရက အစိုးရ ဆန့် ကျင်သူ နာမည်ကျော် ဘလော့ဂါတစ် ဦးဖြစ်သူ ယိုအာနီဆန်ချေးဇ် တည် ထောင်ထားသော အွန်လိုင်းသတင်း စာအား အွန်လိုင်းပေါ်ရောက်ရှိပြီး နာရီပိုင်းအကြာတွင်ပင် ပိတ်ပင်ခဲ့ သည်ဟု မေလ ၂၂ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ကျူးဘားရှိ အွန်လိုင်းအသုံးပြုသူ များအား ဆန်ချေးဇ်တွင် ဖုံးကွယ်ထားသည့် နိုင်ငံရေးအကျိုးစီးပွား ရှိနေ သည်ဟု စွပ်စွဲထားသည့် အခြား ၀က်ဘ်ဆိုဒ်တစ်ခုသို့ ပြောင်းလဲကြည့်ရှုစေခဲ့သည်။



အိန္ဒိယတွင် ငလျင်လှုပ်



ဘင်္ဂလားပင်လယ်အော်၌ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် အိန္ဒိယနိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသ မှ နယူးဒေလီမြို့တော်မိုင်ပေါင်း၁၂၀၀ အကွာအဝေးအထိ တုန်ခါခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု မေလ ၂၂ ရက်က ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။



မာလာဝီ၀န်ကြီး သေကြောင်းကြံ



မာလာဝီနိုင်ငံ၌ မေလ ၂၀ ရက်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သောကြောင့် မာလာဝီ အစိုး ရအဖွဲ့ဝင်ဝန်ကြီးဖြစ်သည့် ဂေါ့ဒ်ဖရေး ကမန်ရ သေကြောင်းကြံစည်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်ဟု မေလ ၂၂ ရက်က ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



အစားအသောက် အရည်အသွေးထိခိုက်



အချိန်အခါမဟုတ် ရာသီဥတု ပြောင်းလဲမှုများမှာ စားသောက်ကုန် ထုတ်လုပ်မှုအတွက် အဓိကခြိမ်း ခြောက်ပြီး အစားအသောက်များ၏ အရည်အသွေးကိုလည်းများစွာထိခိုက်စေကြောင်း လေ့လာဆန်းစစ်မှု တစ်ခုက ဆိုသည်ဟု မေလ ၂၂ ရက်က ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/TArHAW

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3