Skip to main content

မျိုးတုံးတော့မည့် လိပ်ကတုံးနှင့် သောင်လိပ် မျိုးစိတ်များ ရှာဖွေမည် ဇာဏီထွဏ်း|ေ...



မျိုးတုံးတော့မည့် လိပ်ကတုံးနှင့် သောင်လိပ် မျိုးစိတ်များ ရှာဖွေမည်



ဇာဏီထွဏ်း| သောကြာနေ့၊ မေလ ၂၃ ရက် ၂၀၁၄ ခုနှစ်



မြန်မာနိုင်ငံ မျိုးစိတ်ရင်းဖြစ်သည့် မျိုးတုံးရန် အလွန်နီးသော လိပ်ကတုံး(Batagur affinis)နှင့် သောင်လိပ် (Bata-gur baska) မျိုးစိတ်များကို နှစ်နှစ်အတွင်း ရှာဖွေတွေ့ရှိမှု မရှိသဖြင့် လာမည့်ဇူလိုင်လမှ စတင်ကာ ကမ်းရိုးတန်းတစ်လျှောက် ထပ်မံ ရှာဖွေထိန်းသိမ်းသွားမည်ဖြစ်ဟု သားငှက်တိရစ္ဆာန် ထိန်သိမ်းရေးအဖွဲ့ လိပ်ထိန်းသိမ်းစောင့်ရှောက်ရေး ညှိနှိုင်းရေးမှူး ဒေါ်ကလျာက မဇ်္ဈိမကို ပြောသည်။



လိပ်ကတုံးနှင့် သောင်လိပ်များသည် ဒီရေတောပေါက်ရောက်ရာ ဒေသများတွင် နေထိုင်သည့် လိပ်မျိုးစိတ် များ ဖြစ်သောကြောင့် ဒီရေတောပေါက်ရောက်ရာ ကမ်းရိုးတန်းဒေသဖြစ်သော ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ တနင်္သာရီကမ်းရိုးတန်း ဒေသများကို ရှာဖွေသွားမည်ဖြစ် သည်ဟု ၎င်းက ဆိုသည်။



WCS အဖွဲ့အနေဖြင့် ၂၀၀၆ ခုနှစ်က လိပ်မျိုးစိတ်များ စစ်တမ်းကောက်ယူရာတွင် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းရှိ ဒီရေတောများတွင် တွေ့ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပြန်လည်စစ်တမ်းကောက်ယူရာ၌ လုံးဝ ရှာဖွေ တွေ့ရှိတော့ခြင်း မရှိရခြင်းကြောင့် ထပ်မံရှာဖွေရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။



“အထီး၊ အမ လေးများရရင် သား ဖောက်လို့ရတယ်။ ဒီရေတောတွေ ပြုန်းတီးတာ၊ ပုစွန်ကန်တွေ လုပ်တာကြောင့် သူတို့ နေရာတွေအတွက် နေရာပျောက်ကုန်တာ” ဟု ဒေါ်ကလျာက ဆက်လက်ပြောကြားသည်။



မေလ ၂၃ ရက်သည့် ကမ္ဘာ့လိပ်ထိန်း သိမ်းရေးနေ့ဖြစ်သည်။လိပ်မျိုးစိတ်များသည် မျိုးတုံးပျောက်ကွယ်ရသည့် အကြောင်းအရင်းများတွင် ဒီရေတောများ ပျက်စီးခြင်းကြောင့်ဖြစ်သည်ရခိုင်ကမ်းရိုးတန်း တစ်လျှောက်ရှိ ဒီရေတောများသည် ၅၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်ဟု ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသ လူနေမှုဆိုင်ရာတန်ဖိုးများ ပြန်လည်ထူထောင်ရေးစီမံကိန်း (CLlEARR) မန်နေဂျာ ဦးဝင်းမောင်က ပြောကြားသည်။



မြန်မာနိုင်ငံ၏ လိပ်မျိုးရင်းများဖြစ်သည့် လိပ်ကတုံးနှင့် သောင်လိပ်အပြင် မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ရခိုင်တောင်လိပ်(Heosemys depressa)၊ ကြယ်လိပ်( Geochelone platynota)၊ စင်းကျားလိပ်(Chitra vandijkii)တို့လည်း ရှိနေသေးသည်ဟု ဒေါ်ကလျာက ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1n84oJ0

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...