Skip to main content

၂၀၁၅ ခရီးသွားရာသီ ကမ္ဘာလှည့်ခရီးသည် ငါးသန်း မျှော်မှန်း ရန်ကုန်၊ မေ ၂၂ လာမည့် ၂...



၂၀၁၅ ခရီးသွားရာသီ ကမ္ဘာလှည့်ခရီးသည် ငါးသန်း မျှော်မှန်း



ရန်ကုန်၊ မေ ၂၂



လာမည့် ၂၀၁၅ ခုနှစ် ခရီးသွား ရာသီတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား အရေအတွက် ငါးသန်း ဝင်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဟိုတယ်နှင့် ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။



ယခုနှစ် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် သုံးသန်း လာရောက်မည်ဟု မျှော်မှန်းထားပြီး မေလ ပထမပတ်အထိ ဝင်ရောက်လာသည့် ခရီးသည် အရေအတွက် ၁ ဒသမ ၄ သန်း ရှိနေပြီ ဖြစ်ကြောင်း အဆိုပါဌာနက မေလ ၁၅ ရက်နေ့က ထုတ်ပြန်သည်။



“လွန်ရောကျွံရော ငါးသန်း မှန်း ထားတယ်။ အသေအချာ ပြောလို့တော့ မရသေးဘူး။ ဒီနှစ် မှန်းထားတဲ့ သုံးသန်း ပြည့်မီ၊ မမီကိုတော့ ပြန်ကြည့်ရမယ်။ ခရီးသွား သုံးသန်းကတော့ ဒီနှစ်အတွက် ရနိုင်ပါတယ်။ ၁ ဒသမ ၄ သန်းဆိုတာ ၂၀၁၂ ခုနှစ် တစ်နှစ်လုံးစာ ဝင်ခဲ့တဲ့ ခရီးသွား အရေအတွက်လောက် ရှိနေပြီ” ဟု ၎င်းကဆိုသည်။



ကမ္ဘာလှည့် ခရီးသွား မြင့်တက်နေသည့်အတွက် အခန်းများရရှိရန် ဟိုတယ် လိုင်စင်များကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးနေကာ လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး အခန်းပေါင်း သုံးသောင်း ရှစ်ထောင်ထိ ရှိနေကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက် ပြောဆိုသည်။



“ငါးသန်းတွေ၊ သုံးသန်းတွေ တကယ် ဝင်လာရင်တော့ ကောင်းတာပေါ့။ အဲဒီစာရင်းထဲမှာ နယ်စပ်က ဝင်လာတဲ့ လူမျိုးကို ကောက်နေလို့ ပြည့်မီတာလား ဆိုတာတော့ မပြောတတ်ဘူး။ တကယ်တမ်း ဝင်လာရင် အခြေခံအဆောက်အအုံ မရှိရင်၊ အဆင်မပြေမှုများရင်တော့ စိတ်ညစ်ပြီး ပြန်သွားကြမှာပဲ” ဟု ဝါရင့်ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ ဒေါ်ချောချောကြေးမုံက ဆိုသည်။



ခရီးသွား ဝင်ရောက်မှု များပြားလာ၍ ကြိုတင် မှာကြားထားမှု မရှိသည့် ခရီးသည်များအတွက် လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်း ယူရာတွင် အနည်းငယ် အခက်အခဲ ရှိနေဆဲ ဖြစ်ပြီး လာမည့် ၂၀၁၅ ခုနှစ်အတွက် ခရီးသည် ငါးသန်း အမှန်တကယ် ဝင်ရောက်လာပါက ယင်းပြဿနာများကို ထပ်မံရင်ဆိုင်ရနိုင်ကြောင်း ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။



မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၂၀၁၁ ခုနှစ်တွင် ၇၉၀,၀၀၀ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁ ဒသမ ၀၄ သန်း၊ ၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၀၆ သန်း ဝင်ရောက်ခဲ့သည်။







from The Voice Weekly's Facebook Wall http://ift.tt/1obUVTb

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...