တစ်နှစ်သားရဲ့ ကျေးဇူးစကား
၂၄၊ ၅၊ ၂၀၁၃ (မနှစ်) က စတင် ထွက်ရှိခဲ့တဲ့ မဇ္ဈိမသတင်းစာဟာ ဒီကနေ့မှာ တစ်နှစ်ပြည့်ပါပြီ။ စတင်ထွက်ရှိကတည်းကနေ ဒီကနေ့လို တစ်နှစ်သားအဖြစ် နှစ်ပတ်လည်လာတဲ့အထိ မီဒီယာလောကထဲ ရဲရဲဝံ့ဝံ့ ဖြတ်သန်းလာဖို့မှာ အရေးတကြီး ကူညီပေးကြပါတဲ့ သတင်းရင်းမြစ်များ၊ ကြော်ငြာရှင်များ၊ မီဒီယာလောကမှ လုပ်ဖော်ကိုင်ဖက်များ၊ ပိုင်းခြားဝေဖန် ပေးကြပါသော မဇ္ဈိမသတင်းစာရဲ့ အမာခံပရိသတ်များ၊ စာဖတ်သူများ၊ ဖြန့်ချိပေးသူများ၊ လက်ပွေ့ရောင်းပေးသူများ၊ ပုံနှိပ်စက် မန်နေဂျာနဲ့ လုပ်သားများ၊ စာရေးဆရာများ၊ ကာတွန်းဆရာများ၊ နိုင်ငံရေးသမားများ၊ လွှတ်တော်အမတ်များ၊ အစိုးရအရာရှိများ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ နိုင်ငံကျော် အနုပညာရှင်များ၊ အားကစားသမားများ၊ ကျော်ကြားသူများ၊ မီဒီယာလောကမှ လုပ်ဖော်ကိုင်ဖက် မီဒီယာသမားများ၊ မဇ္ဈိမကို ဝေဖန်စာရေးသူများ၊ မဇ္ဈိမသတင်းစာပါ သတင်းများနှင့်ပတ်သက်၍ ကူညီပံ့ပိုးပေးသူများစသဖြင့် အဘက်ဘက်မှ ကူညီ၊ အားပေး၊ ထောက်ပြ၊ စောကြောပေးပါသော မဇ္ဈိမကို ချစ်ခင်သူ၊ အားပေးသူ၊ စိတ်ဝင်စားသူ၊ နှစ်လိုသူ၊ အပြစ်ဆိုသူ၊ အထွေထွေ လူအပေါင်းနှင့် ကျေးဇူးတင်ထိုက် သူအပေါင်းတို့အား ကျေးဇူးတင်ပါကြောင်းနှင့် ဆက်လက်၍လည်း လက်တွဲ၊ လက်ဆွဲကြပါမည့်အကြောင်း တစ်နှစ်သား ရင်တွင်းကနေ အခွင့်ရခိုက်မှာ လှိုက်လှိုက်ပြိုပြို အထူးစကားဆိုပါတယ်။
ကျေးဇူးတင်ထိုက်ပါတဲ့ မဇ္ဈိမ ပရိသတ်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1lZuRG2
Comments
Post a Comment