"တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ် အနောက်မြောက်ပိုင်းတွင် မသမာသူများ၏
တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးသေဆုံး"
(ရှင်ကျန်း၊ မေ ၂၃)
မတည်မငြိမ်ဖြစ်နေသော တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ် အနောက်မြောက်ပိုင်း ရှိ ဈေးလမ်းပေါ်တွင် ယမန်နေ့က မသမာသူများ၏ တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးသေဆုံးကာ ၉၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ ၏ ပြောပြချက် အရသိရသည်။
အဆိုပါဖြစ်စဉ်မှာ မူဆလင် အစွန်းရောက် ခွဲထွက်ရေး ပါတီမှ လုပ်ဆောင်ခြင်းဖြစ်သည် ဟု စွပ်စွဲ ခံထားရပြီး ရှင်ကျန်း အာဏာပိုင်ကမူ ယင်းဖြစ်စဉ်မှာ အကြမ်းဖက် သမားများ၏ အကြံအစည် ရှိရှိဖြင့် လုပ်လေ့ ရှိသော ယုတ်မာသည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု ဆိုထားသည်။
ထိုပေါက်ကွဲမှုဖြစ်ပွားရာ ယွမ်ရှီးဒေသသည် ပြီးခဲ့သည့် လကပင် မီးရထားဘူတာရုံတွင် တိုက်ခိုက်သူနှစ်ဦး၏ ဗုံးဖောက်ခွဲမှုကြောင့် လူသုံးဦးသေဆုံးကာ ၇၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ခိုင်သဇင်
from Popular Myanmar News Journal's Facebook Wall http://ift.tt/TAF306
Comments
Post a Comment