Skip to main content

အူရီးဒူးနှင့် MIT Media Lab တို့ ပူးပေါင်းကာ အိုင်စီတီ ဆန်းသစ်တီထွင်မှုအားမြှင့်...



အူရီးဒူးနှင့် MIT Media Lab တို့ ပူးပေါင်းကာ အိုင်စီတီ ဆန်းသစ်တီထွင်မှုအားမြှင့် လုပ်ဆောင်မည်



စ, ချိုကို



အိုင်စီတီ ဆန်းသစ်တီထွင်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန်အတွက် ဆက်သွယ်ရေးလိုင်စင်ရ အူရီးဒူးနှင့် MIT Media Lab တို့ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟု အူရီးဒူးမြန်မာမှ မေ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။



အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် RossCormack က“ယနေ့ခေတ်မှာ ICT နည်းပညာရဲ့ လျင်လျင်မြန်မြန် တိုးတက်စုစည်းလာတာကြောင့် ထွန်းသစ်စဈေးကွက်တွေရှိ သုံးစွဲသူတွေဟာ မိုဘိုင်းစက်ပစ္စည်းတွေ အသုံးပြုပြီးသူတို့ရဲ့ နေ့စဉ်ဘ၀တွေမှာ ထောင့်စုံ ICT ကို အသုံးချလာနေကြတာ တွေ့ရပါတယ်။ MIT Media Lab နဲ့ အခုလိုပူးပေါင်းဆောင်ရွက်လိုက်တာကြောင့် ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းတစ်ခုရဲ့ ဆန်းသစ်တီထွင်မှုတွေကို အသုံးချပြီး ကျွန်တော်တို့ရဲ့သုံးစွဲသူတွေအတွက် ထူးခြားဆန်းသစ်တဲ့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ပေးအပ်နိုင်မှာ ဖြစ်ပါတယ်”ဟု ဆိုသည်။



ထို့ပြင်အရှေ့တောင်အာရှဒေသအတွင်း “ဆန်းသစ်တီထွင်သောစနစ်” ဖြစ်ထွန်းတိုးတက်လာရန်နှင့် MIT ပညာရှင်များ၏ ဆန်းသစ်တီထွင်သောအတွေးအခေါ်များကို ပိုမိုကျယ်ပြန့်စေရန် ကူညီပေးခြင်း၊ သုတေသ နပညာရှင်များနှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခြင်း၊ သုတေသနပြုလုပ်ရန် လေ့လာမှုများ ၀င်ရောက်ပြု လုပ်ခြင်းတို့ ပါဝင်မည်ဟုဆိုသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှ ပေါ်ထွန်လားမည့် နည်းပညာများကို ဉဏမူ ပိုင်ခွင့်များအရ ထိန်းသိမ်းစောင့်ရှောက်ရေးကို လုပ်ဆောင်သွားမည် ဖြစ်သည်။



မြန်မာနိုင်ငံတွင်း ဉဏမူပိုင်ခွင့်များနှင့်ပတ်သက်၍ IT Law သတ်မှတ်ပြီးသည့်အခါမှသာ တီထွင်ထားသည့် နည်းပညာများကို ထိန်းသိမ်းစောင့်ရှောက်ရေးပိုမို အဆင်ပြေလာမည်ဟု software ပညာရှင် ဦးအောင်အောင်က သုံးသပ်ပြောကြားသည်။



၎င်းက“IT Lawကို သတ်မှတ်ဖို့ ကြိုးစားနေတယ်။ IT Lawသတ်မှတ်ပြီးရင် တီထွင်မှုတွေကို မှတ်ပုံတင်ဖို့ လိုအပ်လာလိမ့်မယ်။ ကိုယ်တီထွင်ထားတဲ့ တီထွင်မှုနဲ့ ပတ်သက်ပြီးတော့လည်း အာမခံချက်တွေ၊ ဉဏမူ ပိုင်ခွင့်တွေ ရရှိလာနိုင်မှာပါ” သုံးသပ်ပြောကြားသည်။



MIT Medai Lab ၏ ဒါရိုက်တာ JoiIto ကလည်း“ကမ္ဘာတစ်ဝန်းရှိ လူသားသန်းပေါင်းများစွာပေါ် အကျိုးသက်ရောက်မှုရှိစေမည့် ဆန်းသစ်တီထွင်မှုများကို အကျိုးတူပူးပေါင်းဆောင်ရွက်သွားကြဖို့ မျှော်လင့်ထား ပါတယ်”ဟု ပြောကြားသည်။



MIT Media Lab တွင် လက်ရှိအဖွဲ့ဝင် ၇၀ ကျော်ရှိပြီး လျှပ်စစ်ပစ္စည်း၊ ဖျော်ဖြေရေး၊ ကျန်းမာရေးနှင့် ဆက်သွယ်ရေးအစရှိသော နယ်ပယ်ပေါင်းစုံ ပါဝင်သည်။ MITသုတေသနအဖွဲ့ပေါင်း ၂၅ ခုတွင် ပင်မအဖွဲ့ဝင်၊ သုတေသန၀န်ထမ်းနှင့် ကျောင်းသား ကျောင်းသူများ ပါဝင်ကြကာ ၎င်းတို့သည် Digital Interface၊ ရုပ်လုံးဖော် TV၊ စက်ရုပ်ပိုင်းဆိုင်ရာ FEMTO ဓာတ်ပုံနည်းပညာနှင့် မြို့ပြပို့ဆောင်ရေးဆိုင်ရာ ဆန်းသစ်တီ ထွင်မှုများစသည့် ပရောဂျက် ၃၅၀ ကျော်တွင် လေ့လာလုပ်ဆောင်နေသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/TArGwS

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3