Skip to main content

#emg_editorials ၂၀၁၄ မေလ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်...



#emg_editorials



၂၀၁၄ မေလ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်



မြန်မာ့အနောက်ဘက်ခြမ်းအထိ ရောက်လာသည့် အကြမ်းဖက်စစ်ပွဲ



အမေရိကန် ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုအပြီးတွင် အစွန်းရောက်အကြမ်းဖက်မှု ပြဿနာသည် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် အာရုံစိုက်ခြင်း ခံလာရသည့် ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့သည့် ကုန်သွယ်ရေးစင်တာ အကြမ်းဖက်မှုအပြီး အမေရိကန်နိုင်ငံက ဦးဆောင်ကာ အကြမ်းဖက်မှု ဆန့်ကျင်ရေးကွန်ရက်များ၊ ဥပဒေများ အလျင်အမြန်ပြုလုပ်ကာ အကြမ်းဖက်ဆန့်ကျင်ရေး စစ်ပွဲများလည်း ဆင်နွှဲခဲ့သည်။ အနောက်နိုင်ငံများက အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖြစ် နည်းပညာ၊ ငွေကြေး၊ စစ်အင်အား နည်းလမ်းမျိုးစုံ အသုံးပြုနှိမ်နင်း နေခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာ အစွန်းရောက် အကြမ်းဖက်မှု အန္တရာယ်သည် လျော့ပါးသွားခြင်းမရှိဘဲ အရှိန်မြင့်တက်လာလျက်သာ ရှိနေခဲ့သည်။ တာလီဘန်များ အဓိကအခြေစိုက်သည့် အာဖဂန်ကို အမေရိကန်တိုက်ပြီး နောက်ပိုင်းတွင် ပုရွက်ဆိတ်အုံတုတ်ဖြင့် ထိုးလိုက်သကဲ့သို့ တစ်ကမ္ဘာလုံးအနှံ့ အကြမ်းဖက်ကွန်ရက် အမြောက်အမြား ပေါ်ထွက်လာခဲ့သည်။



အဆိုပါအစွန်းရောက် အကြမ်းဖက်မှုစစ်ပွဲ၏ ပျံ့နှံ့မှုမှာ စည်းဘောင်များမရှိချေ။ ကမ္ဘာ့အရှေ့ဘက်ခြမ်းမှ အနောက်ဘက်ခြမ်းအထိ မည်သည့်နိုင်ငံမှ အကြမ်းဖက်မှုအန္တရာယ်မှ လွတ်ကင်းခွင့်မရနိုင်ပေ။ အီရတ်၊ အာဖဂန်နစ္စတန်၊ ဆိုမာလီယာကဲ့သို့ နိုင်ငံရေးအရ မတည်ငြိမ်သည့် နိုင်ငံများတွင် နေ့စဉ်နှင့်အမျှ အစွန်းရောက် အကြမ်းဖက်မှုများ ဖြစ်ပွားနေသလို နိုင်ငံရေးအရတည်ငြိမ်ပြီး လုံခြုံရေးအားကောင်းသည့် အနောက်နိုင်ငံများတွင်လည်း ဘာသာရေး အစွန်းရောက် အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိနေသည်။ ဥပမာအားဖြင့် လုံခြုံရေးစည်း အကောင်းဆုံးလို့ ယူဆထားသည့် အမေရိကန်နိုင်ငံတွင် ဘော်စတွန်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဗြိတိန်နိုင်ငံတွင်လည်း လူမြင်ကွင်းတွင် စစ်သားတစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။



ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်စစ်ပွဲ အရှိန်မြင့်တက်လာချိန်တွင် မြန်မာနိုင်ငံသည်လည်း အစွန်းရောက် အကြမ်းဖက်မှုများ အန္တရာယ်အတွက် သတိပြုရမည်ဖြစ်သည်။ ခိုးဝင်ဘင်္ဂါလီပြဿနာကို အကြောင်းပြပြီး လက်စားချေတုံ့ပြန် မှုများပြုလုပ်ရန်၊ ဂျီဟတ် ဘာသာရေးစစ်ပွဲ ဆင်နွှဲရန် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့များက လိုက်လံဆော်သြမှုများ ရှိနေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသော အကြမ်းဖက်အဖွဲ့များမှ မြန်မာနိုင်ငံဘက်သို့ ၀င်ရောက်တိုက်ခိုက်မှုများ ရှိနေသည်ကို မြင်တွေ့နိုင်ပါလိမ့်မည်။



မေ ၁၇ ရက်တွင် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့အား RSO သောင်းကျန်းသူများက ချုံခိုတိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့်တပ်မှ လေးဦးကျဆုံးခဲ့ရသည်။ ၎င်းမတိုင်မီကလည်း နယ်စပ်ဖြတ်ကျော်လာသော RSO အကြမ်းဖက်အဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။ အဆိုပါ RSO အကြမ်းဖက်အဖွဲ့သည် နယ်စပ်ခြံစည်းရိုး တည်ဆောက်ခြင်း ဆောင်ရွက်နေသည့် တပ်မတော်သားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲဆင်နွှဲရန် ကြေညာထားသည့် အစ္စလာမ္မစ်အကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။



လက်ရှိအခြေအနေများအရ အကြမ်းဖက် ကာကွယ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မပေါ့ဆသင့်သည့် အခြေအနေဖြစ်သည်။ အထူးသဖြင့် အစွန်းရောက်အဖွဲ့များ၏ ၀င်ပေါက်ဖြစ်နိုင်သော ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် နယ်စပ်များကိုလည်း အလေးထားသင့်ပါသည်။ ထို့ကြောင့် အစွန်းရောက် အကြမ်းဖက်အဖွဲ့များ စိမ့်ဝင်လာမှုကို ရင်ဆိုင်နေရသည့် နယ်ခြားစောင့်တပ်ဖွဲ့များအား တောင့်တင်းသော လက်နက်များ တပ်ဆင်ပေးခြင်း၊ အင်အားဖြည့်တင်း ပေးခြင်းတို့ပြုလုပ်ပြီး အကြမ်းဖက်အဖွဲ့များအရေး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်း သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

from Eleven Media Group's Facebook Wall http://ift.tt/TooOTO

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...