Skip to main content

ရန်ကုန်မြို့အတွင်း ရေကြီးရေလျှံမှုများ စည်ပင်မဖြေရှင်းနိုင် နန်းမြင့်| အင်္ဂါနေ့၊...



ရန်ကုန်မြို့အတွင်း ရေကြီးရေလျှံမှုများ စည်ပင်မဖြေရှင်းနိုင်



နန်းမြင့်| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ်



ယခုရက်ပိုင်းအတွင်း မိုးရေချိန်အနည်းငယ်သာရွာသွန်းခဲ့သော်လည်း ရန်ကုန်မြို့အတွင်းရှိ လမ်းမများတွင် ရေကြီး ရေလျှံမှုများ အလွန်အကျွံဖြစ်ပေါ်ကာ ခရီးသွားပြည်သူများ အခက်အခဲဖြစ်ခဲ့ရပြီး ရန်ကုန်မြို့တော် စည်ပင်ကမူ လက်တွေ့ကျကျ ဖြေရှင်းနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။



စည်ပင်၏ ပြောဆိုချက်များအရ ၀န်ထမ်း ၈၀၀ အသုံးပြုကာ ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်လာသည့် နှုန်းတင်မှုများ၊ လမ်းမပေါ်အမှိုက်များရောက်မှုများကို ဖြေရှင်းနေသည်ဟုဆိုသော်လည်း အဆိုပါပမာဏမှာ ရေကြီးရေလျှံမှုဖြစ်နေသည့် နေရာများနှင့်ယှဉ်လျှင် အလွန်နည်းပါးသည့် အရေအတွက်ဖြစ်သည်။



လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က “ရေလျှံတာက ဒီရေတက်တဲ့အချိန်နဲ့ မိုးများများ ရွာတဲ့အခါ ရေလျှံတယ်။ မြောင်းထဲမှာ အမှိုက်ရှိလို့ ရေလျှံတာ မဟုတ်ဘူး။ မနေ့ကလို မိုးရွာ

တာမျိုးဆိုရင် နှစ်နာရီလောက် ရွာလိုက်တော့ ဒီရေတက်တဲ့အချိန်နဲ့ ထောက်နေတော့ ရေမဆင်းနိုင်လို့လျှံ

တာပဲရှိတယ်”ဟု ပြောသည်။



ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်စည်ပင်မှ ရေမြောင်းများ ရှင်းလင်းခြင်းကို ဇန်န၀ါရီကတည်းက လူအင် အား၊စက်အင်အားများဖြင့် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ရှိမိုးရွာချိန်ရေကြီး ရေလျှံမှုများကိုလည်း အဓိကထား ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသော်လည်း မြင်သာထင်သာသည့် ပြောင်းလည်းမှုမျိုး မတွေ့ရသေးပေ။



ကျောက်တံတားမြို့နယ်တွင် နှစ် ၆၀ ခန့် နေထိုင်သူ ဦးမြင့်သိန်းက “မြောင်းပိတ်တာကို စည်ပင်က လုပ် တော့လုပ်နေပါတယ်။ အဆောက်အအုံတွေ ဆောက်တဲ့မြေကြီးက နွံတွေစုပ်ထုတ်လို့ မြောင်းတွေ ပိတ် တယ်။ ရေစီးကောင်းတဲ့နေရာက အမှိုက်တွေပိတ်ပြီး လမ်းပေါ်ရေရောက်တယ်။ တော်ရုံ ရေမကျတော့ဘူး” ဟုပြောသည်။



အချို့ရေမြောင်းများသည် ကိုလိုနီခေတ်က ဖောက်လုပ်ထားသော ရေစီးရေလာကောင်းမွန်သည့် ရေ မြောင်းများပင် ရေလျှံမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် လမ်းပေါ်ရေရောက် ရှိ၍ လမ်းပေါ်သွားလာသူများ အပေါက်များမမြင်ရသဖြင့် အန္တရာယ်ဖြစ်ပေါ်နိုင်ခြင်း၊ ရေမြောင်းများမှအညစ်

အကြေးများကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။



မထသဌာနခွဲမှ ကြီးကြပ်ရေးမှူး ဦးခင်မောင်လေးက “လမ်းတွေရေလျှံတော့ ကားအင်ဂျင်ထဲရေ၀င်ရင် ကား တွေပျက်ကုန်တယ်။ လမ်းတွေပိတ်တယ်။ မိုးရွာတော့ကားတွေ ပြန်မတက်တော့ ခရီးသည်တွေဒုက္ခဖြစ် တယ်။ မနေ့က တာမွေမှာရေလျှံလို့ လမ်းပေါ်မှာ ရေကဒူးလောက်တောင်ရှိတယ်”ဟု ပြောသည်။



မိုးရွာသွန်း၍ ရေကြီးရေလျှံမှုများကြောင့် မေ ၁၈ ရက်က တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ လသာ၊ ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့နယ်တို့တွင်အချိန်ကြာမြင့်စွာ ကားလမ်းများပိတ်ဆို့ခဲ့ပြီးခရီးသည်များ ခရီးနှောင့်နှေးမှု ဖြစ်ပွားခဲ့သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1gJ6r6n

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3