Skip to main content

သံတွဲခရိုင်အတွင်း သစ်တောဧက တစ်သိန်းခွဲကျော် အစားထိုးစိုက်ခင်းအတွက် မူရင်းသစ်တောမ...



သံတွဲခရိုင်အတွင်း သစ်တောဧက တစ်သိန်းခွဲကျော် အစားထိုးစိုက်ခင်းအတွက် မူရင်းသစ်တောများ ခုတ်လှဲနေခြင်းအပေါ် ဒေသခံများကန့်ကွက်



သံတွဲခရိုင်အတွင်း သစ်တောဧက တစ်သိန်းခွဲကျော် အစားထိုးစိုက်ခင်းအတွက် မူရင်းသစ်တောများ ခုတ်လှဲနေခြင်းအပေါ် ဒေသခံများ ကန့်ကွက်မှုများ ရှိလာကြောင်းနှင့် ညီလာခံကာလအတွင်း ရခိုင်လူမှုကွန်ရက်မှလည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်များ ရှိခဲ့ကြောင်း သိရသည်။



ရခိုင်ရိုးမတောင်တန်းနှင့် ဆက်နွှယ်လျက်ရှိသော တောင်တန်းများတွင် ပါဝင်သည့် သဘာဝတောတောင်များအား အစားထိုးသစ်ပင်များ စိုက်ပျိုးရန်အတွက် အစိုးရမှ ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ ခွင့်ပြုချက် ပေးထားခဲ့ခြင်းကြောင့် လက်ရှိအနေအထားအရ တစ်နေ့လျှင် သစ်တောဧက ၅၀၀ ခန့်အား ခုတ်ထွင်ရှင်းလင်းခြင်း ပြုလုပ်နေသဖြင့် ချက်ချင်းရပ်တန့်ပေးရန် အတွက်လည်း ရခိုင်လူမှုကွန်ရက်(ရခိုင်ပြည်)မှ တောင်းဆိုချက်တစ်ခု ထုတ်ပြန်ခဲ့သည်။



ယင်းနှင့်ပတ်သက်ပြီး “အခုလို သဘာဝသစ်တောတွေကို ခုတ်လှဲနေတာ ဒေသခံ တိုင်းရင်းသားတွေအတွက် အများကြီး ထိခိုက်ပါတယ်။ အဲဒါကြောင့် ဒေသခံတွေ အနေနဲ့လည်း လုပ်သင့်တာ လုပ်ရပါလိမ့်မယ်။ တည်ဆဲဥပဒေထဲကပဲ စနစ်တကျ တောင်းဆိုသွားဖို့ ရှိတယ်။ လွှတ်တော်ထဲကလည်း တောင်းဆိုမယ်။ ပြည်နယ်အစိုးရဖွဲ့ကိုလည်း တင်ပြတောင်းဆိုသွားဖို့ ရှိပါတယ်။ အဲဒါကို အစိုးရက စနစ်တကျ ကိုင်တွယ်ဖြေရှင်း မပေးဘူးဆိုရင် ရခိုင်တစ်မျိုးသားလုံး ပါဝင်တဲ့ လူထုလှုပ်ရှားမှုတွေ လုပ်သွားရမှာ ဖြစ်တယ်” ဟု ရခိုင်ဌာနေတိုင်းရင်းသားများ အခွင့်အရေး စောင့်ရှောက်မှုကော်မတီမှ ကိုမင်းခန့်က ပြောကြားသည်။



အဆိုပါ ရခိုင်ရိုးမသစ်တောအား ဂိုးလ်ဒင်းဂိတ်ကုမ္ပဏီမှ မြေလွတ်မြေရိုင်းလျှောက်ထားပြီး သစ်တောဝန်ကြီးဌာနသို့ အစားထိုးသစ်ပင် စိုက်ပျိုးရန် လျှောက်ထားခုတ်လှဲနေခြင်းဖြစ်ကြောင်း သိရသည်။ ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဇော်မင်းဌေးက “အခု သစ်တောတွေကို ခုတ်နေတာက ဂိုးလ်ဒင်းဂိတ် ကုမ္ပဏီကလို့ သိရတယ်။ သူတို့က ၂၀၁၃ နှစ်ကုန်ပိုင်းကစပြီး လူအင်အား ၇၀ လောက်၊ စက်ကိုးလုံးကိုသုံးပြီး ခုတ်နေတာဖြစ်တယ်။ အခု သူတို့ခုတ်ထားတဲ့ အနေအထားအရဆိုရင် ဧက ၂၀၀၀ ၀န်းကျင်လောက်ကို ခုတ်ထားပြီးဖြစ်တယ်။ အဲဒါကို ပြည်သူတွေ စိုးရိမ်နေကြတယ်” ဟု ပြောကြားခဲ့သည်။



ထို့ပြင် လက်ရှိမြေလွတ်မြေရိုင်း ဥပဒေတွင်လည်း ထိုသို့ဧကမြောက်များစွာ လုပ်ကိုင်ရန် မပါရှိကြောင်းနှင့် ကျေးရွာများနှင့် နှစ်မိုင်ခန့် အကွာအဝေး၏ ပြင်ပ၌သာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ကိုမင်းခန့်က ပြောကြားခဲ့သည်။



ရခိုင်ပြည်နယ်အတွင်း ရခိုင်ရိုးမကဲ့သို့သော တန်ဖိုးကြီးလှသည့် သစ်တောများအား ခုတ်လှဲနေခြင်းအားဖြင့် အနီးဝန်းကျင် ကျေးရွာများနှင့် မြစ်ချောင်းများ တိမ်ကောမှုများကိုလည်း ရင်ဆိုင်လာရနိုင်ကြောင်း၊ သစ်တောအား မှီခိုစားသောက်နေကြရသော ကျိန္တလီမြို့နယ်ခွဲနှင့် သံတွဲမြို့နယ်ခွဲများမှ ရွာပေါင်း ၁၅ ရွာခန့်မှာလည်း စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်လာရနိုင်ဖွယ်ရှိကြောင်း ဒေသခံများထံမှ သိရသည်။



(ရခိုင်ရိုးမနှင့် ဆက်စပ်တောင်တန်းများအတွင်း သစ်များခုတ်လှဲထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စိန်ချစ်))







from Eleven Media Group's Facebook Wall http://ift.tt/1sNyzFd

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...