Skip to main content

သမိုင်းဝင်ဝန်ကြီးများရုံးကို အနော်မာအနုပညာအဖွဲ့က မြေအသုံးချမှု ပရီမီယံကြေးပေးရန်မ...



သမိုင်းဝင်ဝန်ကြီးများရုံးကို အနော်မာအနုပညာအဖွဲ့က မြေအသုံးချမှု ပရီမီယံကြေးပေးရန်မလိုဘဲ နှစ် ၃၀ လုပ်ခွင့်ရပြီး တင်ဒါပြိုင်စဉ်ကမပါသော ၀န်ဆောင်မှုလုပ်ငန်းများ ထပ်မံထည့်သွင်းလုပ်ကိုင်ရန် စီစဉ်နေ



၁၆ ဧကနီးပါးကျယ်ဝန်းသော မြန်မာနိုင်ငံ၏ အထင်ကရ၀န်ကြီးများရုံးနှင့် မြေကို မြေအသုံးချမှု ပရီမီယံကြေးပေးရန်မလိုဘဲ အနော်မာအနုပညာအဖွဲ့မှ နှစ် ၃၀ အထိ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။



၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၆/၂၀၁၂ ကြိမ်မြောက်အစည်းအဝေးတွင် ၀န်ကြီးများရုံးကို ပြတိုက်အသွင်ဖြင့် ဆောင်ရွက်ရန် တင်ဒါတင်သွင်းသည့် အဖွဲ့လေးဖွဲ့ထဲမှ အနော်မာအနုပညာအဖွဲ့အား ရွေးချယ်ခဲ့ကြောင်း၊ အဆိုပြုရာတွင်လည်း မြေအသုံးချမှု ပရီမီယံကြေး ပေးသွင်းမည့်ကိစ္စ မပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် စတင်ရွေးချယ်စဉ်က သမိုင်းဝင်အဆောက်အအုံကို ထိန်းသိမ်းရန်အဓိကဖြစ်ပြီး လစ်လပ်မြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုမည်မဟုတ်သဖြင့် မြေအသုံးချမှု ပရီမီယံကြေးကို တောင်းခံခြင်းမပြုခဲ့ကြောင်း သိရသည်။



အနော်မာအနုပညာအဖွဲ့မှ စတင်အဆိုပြုစဉ်က ၀န်ကြီးများရုံးအား ပြတိုက်များ၊ ရိုးရာအမှတ်တရပစ္စည်းဆိုင်များ၊ မြန်မာ့ရိုးရာပန်း ၁၀ မျိုးပြတိုက်၊ ရှေးဟောင်းပစ္စည်းပြတိုက်များအပြင် စားသောက်ဆိုင်၊ ရုံးခန်း၊ အနုပညာဆိုင်ရာပြပွဲ၊ ကပွဲများကိုလည်း လုပ်ကိုင်ရန် တင်ပြထားခဲ့ကြောင်း သိရသည်။



ဝန်ကြီးများရုံးအား နှစ်စဉ်ငှားရမ်းခအဖြစ် ပြတိုက်များအတွက် ၀င်ငွေစုစုပေါင်း၏ သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း၊ စားသောက်ဆိုင်များနှင့် ရုံးခန်းများငှားရမ်းခ ရငွေစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း၊ ရိုးရာပစ္စည်းများ အရောင်းဆိုင်နှင့် အမှတ်တရပစ္စည်းဆိုင်များအတွက် ၀င်ငွေ၏ တစ်ရာခိုင်နှုန်း၊ အနုပညာရပ်ဆိုင်ရာကပွဲ၊ ပြပွဲများအတွက် ၀င်ငွေ၏ တစ်ရာခိုင်နှုန်းကို ပေးသွင်းမည်ဟု အဆိုပြုခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လက်ခံရွေးချယ်ခဲ့ခြင်းဖြစ်သည်။



တင်ဒါရွေးချယ်ခံရပြီးနောက်တွင် အနော်မာအနုပညာအဖွဲ့မှ စတင်အဆိုပြုစဉ်က လုပ်ငန်းများအပြင် အပန်းဖြေမှုနှင့်ဆိုင်သော ၀န်ဆောင်မှုလုပ်ငန်းများ (Relaxation and Recreation Services) နှင့် Outdoor Convention များ ပြုလုပ်ခြင်းလုပ်ငန်းများကို ထပ်မံဖြည့်စွက်လုပ်ကိုင်ရန် စီစဉ်သည့်အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လက်ခံခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC တို့ကလည်း ကန့်ကွက်ရန်မရှိ လက်ခံပေးခဲ့ကြောင်း သိရသည်။



ထပ်မံဖြည့်စွက်သည့်လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ခံခဲ့ကြောင်း၊ သို့သော် မြေအသုံးချမှုပရီမီယံကြေးကိုမူ သင့်တင့်သည့်တန်ဖိုး သတ်မှတ်သင့်ကြောင်းကိုမူ MIC သို့ တင်ပြခဲ့သည်ဟု သိရသည်။



အနော်မာအနုပညာအဖွဲ့ကမူ ၀င်ငွေရရှိရေးထက် ရှေးဟောင်းအဆောက်အအုံအား မူလလက်ရာမပျက်တည်ရှိစေပြီး ပြတိုက်အဖြစ်ပြသနိုင်ရေး ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် မြေအသုံးချမှု ပရီမီယံကြေးပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပေးရန်၊ ငှားရမ်းခနှုန်းထားကိုလည်း ညှိနှိုင်းထားသည့်အတိုင်း ပေးဆောင်နိုင်ရေးခွင့်ပြုရန် MIC သို့ ပြန်တင်ပြခဲ့သည်ဟု သိရသည်။



နှစ်ဖက်တင်ပြချက်အရ မြေအသုံးချမှု ပရီမီယံကြေး ကောက်ခံသင့်မသင့်ကို ၂၀၁၄ ခုနှစ် ဧပြီလဆန်းပိုင်းက MIC မှ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက် တောင်းခံပေးခဲ့ကြောင်း သိရသည်။



ဝန်ကြီးများရုံးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တာဝန်ရှိသူထံသို့ ၂၀၁၄ ခုနှစ် မေ ၁၇ ရက်က မေးမြန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အနော်မာအနုပညာအဖွဲ့တို့၏ နောက်ဆုံးစာချုပ် မရောက်ရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ရာ ပရီမီယံကြေးကောက်ခံခြင်း၊ မကောက်ခံခြင်းနှင့် ပတ်သက်သည့် နောက်ဆုံး ဆုံးဖြတ်ချက်ကိုမူ အသေးစိတ်မသိရပေ။



စုံစမ်းသိရှိရမှုများအရ ၁၆ ဧကနီးပါးကျယ်ဝန်းသည့် အစိုးရပိုင်မြေနှင့် ၀န်ကြီးများရုံး အဆောက်အအုံအား ငှားရမ်း၍ ပြတိုက်များ၊ ပန်းချီပြခန်းများ ပြသခြင်း၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ပြသရောင်းချသည့်လုပ်ငန်း၊ ကျောက်မျက်ရတနာအရောင်းဆိုင်များ ဖွင့်လှစ်ခြင်းလုပ်ငန်း၊ ပန်း ၁၀ မျိုးပြခန်းများ ပြသခြင်းလုပ်ငန်း၊ မြန်မာ့ရိုးရာ ပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ခြင်းလုပ်ငန်း၊ မြန်မာ့ယဉ်ကျေးမှု တူရိယာပစ္စည်းများကို ကျွမ်းကျင်ပညာရှင်များဖြင့် ပြုလုပ် ပြသခြင်းလုပ်ငန်း၊ မြန်မာ့ရိုးရာကပွဲများ ပြသခြင်းလုပ်ငန်း၊ စာကြည့်တိုက် ဖွင့်လှစ်ခြင်းလုပ်ငန်း၊ မြန်မာ့အနုပညာနှင့်သက်ဆိုင်သော သင်တန်းများ ဖွင့်လှစ်ခြင်းလုပ်ငန်း၊ ရုံးခန်းများ ငှားရမ်းခြင်းလုပ်ငန်း၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ ရောင်းချခြင်းလုပ်ငန်း၊ Relaxation and Recreation Services လုပ်ငန်းများနှင့် Outdoor Convention များ ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။



(သမိုင်းဝင်ဝန်ကြီးများရုံး အဆောက်အအုံအား မေ ၁၉ ရက်က တွေ့ရစဉ်)







from Eleven Media Group's Facebook Wall http://ift.tt/1o0GrFA

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3