Skip to main content

ယူနတီဂျာနယ်အမှု၌ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွဲချက်တင်သင့်၊ မတင်သင့်...



ယူနတီဂျာနယ်အမှု၌ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်ရှေ့နေများ လျှောက်လဲ



ပေါက်မြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းရေးသားဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် ဖမ်းဆီးတရားစွဲခံထားရသော ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှု ယခုလ ၁၉ ရက် (၁၀) ကြိမ်မြောက်ရုံးချိန်း ပထမနေ့တွင် လက်ရှိစွဲဆိုထားသောပုဒ်မဖြင့် စွဲချက်တင်သင့်၊ မသင့် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်အပြီး ပခုက္ကူခရိုင်တရားသူကြီးက ၂၀ ရက်ရုံးချိန်းမှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။



ယခင် မေ ၆ ရက်ရုံးချိန်တွင်မူ ယခုလ ၁၉ ရက် ရုံးချိန်းနှစ်ဖက်လျှောက်လဲချက်များအား ကြားနာပြီးက စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ပေးမည်ဟု ခရိုင်တရားသူကြီးမှ ပြောကြားထားသော်လည်း နှစ်ဖက်ရှေ့နေများ လျှောက်လဲပြီးချိန်တွင် ဥပဒေအရ အချိန်ယူစဉ်းစားရမည့် အချက်များများစွာ ပါဝင်နေသည့်အတွက် ၂၀ ရက် ရုံးချိန်းရောက်မှသာ ဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။



ခရိုင်ဥပဒေအရာရှိ မှ ၂၅.၁.၂၀၁၄ ရက်ထုတ် ယူနတီဂျာနယ်တွင် က.ပ.စ ၂၄ စက်ရုံအား လျှို့ဝှက်ဓာတုလက်နက်စက်ရုံ သတင်းခေါင်းစဉ်ဖြင့် ဓာတ်ပုံမှတ်တမ်းများနှင့်တကွ သတင်းရေးသားဖော်ပြခဲ့ခြင်းကြောင့် အဆိုပါစက်ရုံစီမံဌာနမှုး ဒုတိယဗိုလ်မှုးကြီး ကျော်ကျော်ဦးက ထိုသို့ရေးသားဖော်ပြခြင်းသည် နိုင်ငံတော်လျှို့ဝှက်ချက်ကို ပေါက်ကြားစေသည့်အတွက် ပေါက်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း၊ လိုပြသက်သေ ဗိုလ်ထက်ဝေအောင်ကလည်း စက်ရုံနယ်မြေတွင် တားမြစ်နယ်မြေ မကျူးကျော်ရ၊ ခွင့်ပြုချက်မရှိ မ၀င်ရစာတန်းပါ ဆိုင်းဘုတ်များ ချိတ်စွဲထားကြောင်း၊ စက်ရုံနယ်မြေအတွင်းရှိ ကျေးရွာသို့လည်း စက်ရုံနယ်မြေအတွင်း သွားလာရာတွင် လိုက်နာစောင့်ထိန်းရမည့် ကတိက၀တ်နှင့် စည်းကမ်းများအား ထုတ်ပြန်ထားကြောင်း၊ လိုပြသက်သေ ဦးကြည်ဝင်းကလည်း ပိုင်သက်ကျော်မှာ ၎င်းတို့ထံရောက်ရှိလာကြောင်း၊ စက်ရုံအား ဓာတ်ပုံရိုက်ကူးနိုင်သည့် တောင်ထိပ်သို့ လိုက်ပို့ကြောင်း၊ မကြည်ကြည်ဌေးကလည်း ဓာတ်ပုံရိုက်ကူးသည်ကို မြင်တွေ့သည်ဟု ထွက်ဆိုခဲ့သည့်အတွက် ကိုပိုင်သက်ကျော်မှာ စက်ရုံကို ဓာတ်ပုံရိုက်ကူခြင်းနှင့် စက်ရုံသို့ ချဉ်းကပ်ခြင်းမှာ ပေါ်လွင်ပါကြောင်း၊ ကိုစည်သူစိုးနှင့် ကိုသဲရာဇာဦးတို့နှစ်ဦး စက်ရုံတွင်းသို့ အုတ်သယ်ကားဖြင့် ၀င်ရောက်ခဲ့သည်ကို အုတ်သယ်လုပ်သားနှစ်ဦးနှင့် ယာဉ်မောင်းတို့က ထွက်ဆိုထားသည့်အတွက် စက်ရုံတွင်းဝင်ရောက်ခဲ့သည်မှာ ပေါ်လွင်ပါကြောင်း၊ ကိုလူမော်နိုင်အနေနှင့် သတင်းရေးသား၍ ယူနတီဂျာနယ်ရုံးသို့ ပေးပို့ထားသည်ကိုလည်း သက်သေကိုကျော်ဇင်ဝင်းက ကွန်ပျူတာတွင်း ထုတ်ယူပေးခဲ့သည်မှာ ထင်ရှားပါကြောင်း၊ ဦးတင့်ဆန်းအနေနှင့်လည်း ထိုသတင်းများကို ဂျာနယ်တွင် ဖော်ပြခဲ့သည့်အတွက် တာဝန်ယူဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ က.ပ.စ ၂၄ စက်ရုံမှာ ကာကွယ်ရေးအစီအမံတစ်ခုဖြစ်သည်မှာလည်း ပေါ်လွင်ပြီး တားမြစ်ဆိုင်းဘုတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပိတ်ပင်ထားသော နယ်မြေအတွင်း ၎င်းတို့ဝင်ရောက်သည်မှာ ထင်ရှားသည့်အတွက် နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ထိခိုက်စေတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ပုဒ်မ ၃ (၁) အရယူဆရပါသောကြောင့် သတင်းဖော်ပြခွင့်ပြုသည့် ဦးတင့်ဆန်း၊ စက်ရုံတွင်းဝင်ရောက်ခဲ့သည့် ကိုစည်သူစိုး၊ ကိုသဲရာဇာဦး၊ စက်ရုံအနီးချဉ်းကပ် ဓာတ်ပုံရိုက်ကူးခဲ့သည့် ကိုပိုင်သက်ကျော်နှင့် သတင်းရေးသားပေးပို့သူ ကိုလူမော်နိုင်တို့အား လက်ရှိတရားစွဲဆိုထားသည့် ပုဒ်မ ၃(၁)(က)။ ၉ ဖြင့် စွဲချက်တင်၍ စွပ်စွဲခံရသူများမှ ၎င်းကိစ္စအတွက် ဖြေရှင်းသင့်ပါကြောင်း ရုံးတော်သို့ လျှောက်ထားခဲ့သည်။



စွပ်စွဲခံရသူများ၏ရှေ့နေ ဦးကျော်လင်းနှင့် ဦးအောင်သိန်းတို့ကလည်း ယခုတရားစွဲဆိုထားသောအမှုသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် အိန္ဒိယလက်အောက်ခံအဖြစ်ရှိစဉ်က သူလျှိုများကိုအရေးယူရန် ပြဋ္ဌာန်းထားသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ထိုပုဒ်မ ၃ ခေါင်းစီးတွင် Penalties for Spying (သူလျှို့လုပ်ခြင်းအတွက် ပြစ်ဒဏ်များ) ဟု ပြဋ္ဌာန်းထားပါကြောင်း၊ လက်ရှိစွပ်စွဲခံရသူများမှာ သတင်းထောက်များသာဖြစ်ပြီး သူလျှိုများမဟုတ်ပါကြောင်း၊ နိုင်ငံ၏ လက်နက်တိုက်၊ ခံတပ်များ၊ မိုင်းကွင်းများကို သူလျှို့လုပ်ရန် သတင်းရယူခြင်းမဟုတ်ကြောင်း၊ အဆိုပါစက်ရုံမှာ တည်ဆောက်ဆဲဖြစ်ကြောင်း၊ မည်သည့်စစ်လက်နက်မှ မထုတ်ကြောင်း၊ သတင်းထောက်များ စက်ရုံအတွင်းဝင်သည်မှာလည်း ခိုးဝင်ခြင်းမဟုတ်ကြောင်း၊ ဒေသခံများ၏ ပြောကြားချက်များအား အတည်ပြုနိုင်ရန် ၀င်ခြင်းသာဖြစ်ကြောင်း၊ နေ့ခင်းအချိန်တွင် အုတ်သယ်ကားပေါ်မှ ဂိတ်ပေါက်အရောက်တွင် လမ်းဆင်းလျှောက်၍ ၀င်ခြင်းဖြစ်ကြောင်း၊ ပုဒ်မ ၂ (ဂ) အရ တားမြစ်နယ်မြေ သတ်မှတ်မည်ဆိုပါက နိုင်ငံတော်သမ္မတအမိန့်ဖြင့် တားမြစ်နယ်မြေဖြစ်ကြောင်း မြန်မာဘာသာ၊ ဒေသသုံးဘာသာစကားတို့ဖြင့် အများမြင်သာအောင် ချိတ်ဆွဲထားမှသာ တားမြစ်နယ်မြေသတ်မှတ်၍ ရပါကြောင်း၊ တရားလိုအပါအ၀င် အခြားမည်သူတစ်ဦးတစ်ယောက်က အဆိုပါနယ်မြေအား နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်ဟု ထွက်ဆိုသူ မရှိပါကြောင်း၊ တရားလိုမှ စက်ရုံးမှူးအမိန့်ဖြင့် ထုတ်ပြန်ထားခြင်းဟု ထွက်ဆိုထားပါကြောင်း၊ ဌာနဆိုင်ရာတစ်ခုကထုတ်ပြန်ထားသော အမိန့်တစ်ရပ်ကို ချိုးဖောက်ခြင်းသာ ဖြစ်ပါကြောင်း၊ သတင်းမှားယွင်းရေးသားသည်ဆိုပါကလည်း အသရေဖျက်မှုဖြင့် တရားစွဲဆိုနိုင်ပါကြောင်း၊ ရှာဖွေပစ္စည်းများ သိမ်းယူရာတွင် ဆိုင်ရာရဲအရာရှိများအနေဖြင့် အထူးဥပဒေကို မလိုက်နာဘဲ ပစ္စည်းများသိမ်းဆည်းခဲ့သည်မှာ ဥပဒေနဲ့မညီပါကြောင်း၊ ဦတင့်ဆန်းမှာ သတင်းကိစ္စရပ်များ ဆောင်ရွက်သူမဟုတ်ဘဲ အခြားရုံးကိစ္စများဆောင်ရွက်သည့် အမှုဆောင်အရာရှိချုပ်ဖြစ်ပါကြောင်း၊ တရားလိုအနေဖြင့် သတင်းမီဒီယာလုပ်ငန်းကို မှန်မှန်ကန်ကန်မသုံးသပ်ဘဲ တရားစွဲခြင်းသာဖြစ်ပါကြောင်း၊ တရားစွဲဆိုသူများဘက်မှ ဥပဒေနှင့်အညီ သက်သေထူရန် ပျက်ကွက်ပြီး တရားစွဲခြင်းသာဖြစ်ပါကြောင်းနှင့် ယခုရုံးတော်ရှေ့ စွပ်စွဲခံရသူများအား သတင်းမှားယွင်းရေးသားခြင်းဆိုပါကလည်း အသရေဖျက်မှု (သို့မဟုတ်) ပိုင်နက်ကျူးလွန်မှုတို့ဖြင့်သာ တရားစွဲဆိုသင့်ကြောင်းနှင့် ၁၉၂၃ ခုနှစ် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် စွဲချက်တင်ရန် မသင့်ပါကြောင်း ရုံးတော်သို့ လျှောက်ထားခဲ့သည်။



ခရိုင်ဥပဒေအရာရှိက လက်ရှိအမှုသည် ရဲအရေးပိုင်သောအမှုဖြစ်သည့်အတွက် ရဲအရာရှိများအနေနှင့် ပြစ်မှုကျင့်ထုံးဥပဒေနှင့် ပစ္စည်းများ သိမ်းဆည်းခြင်းကို ဆောင်ရွက်နိုင်ပါကြောင်းနှင့် ပုဒ်မ ၂ (က)(ခ)တို့တွင် အစိုးရဖြစ်စေ၊ အစိုးရအတွက်ဖြစ်စေ ကာကွယ်ရေးအစီအမံနေရာများအား မည်သူမဆို ကျော်ဖြတ်ခြင်း၊ ချဉ်းကပ်ခြင်း၊ ကြည့်ရှုခြင်းများပြုလုပ်ပါက ပိတ်ပင်ထားသောနေရာအား ၀င်ရောက်ခြင်းသာ ဖြစ်ပါကြောင်းနှင့် လက်ရှိတရားစွဲဆိုထားသည့် ပုဒ်မ ၃ (၁)(က)/ ၉ ဖြင့် စွဲချက်တင်၍ စွပ်စွဲခံရသူများမှ ၎င်းကိစ္စအတွက် ဖြေရှင်းသင့်ပါကြောင်း ရုံးတော်သို့ ထပ်မံလျှောက်ထားခဲ့သည်။



အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံသတင်းဖော်ပြမှုကြောင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား အဆိုပါစက်ရုံစီမံဌာနမှုး ဒုတိယဗိုလ်မှုးကြီး ကျော်ကျော်ဦးက ယခုနှစ် ဇန်န၀ါရီ ၃၀ ရက်၌ ပေါက်မြို့မရဲစခန်းတွင် (ပ)၈။၂၀၁၄ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁) (က)။ ၉ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဖမ်းဆီး၍ ဖေဖော်ဝါရီ ၁၄ ရက်က အမှုအား စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

from Eleven Media Group's Facebook Wall http://ift.tt/1o9o7Yn

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...