Skip to main content

ကူးတို့သင်္ဘော နစ်မြုပ်မှုတွင် တာဝန် ပျက်ကွက်ခဲ့သည့် ကမ်းခြေစောင့်တပ်ကို ဖျက်သိမ်းမ...



ကူးတို့သင်္ဘော နစ်မြုပ်မှုတွင် တာဝန် ပျက်ကွက်ခဲ့သည့် ကမ်းခြေစောင့်တပ်ကို ဖျက်သိမ်းမည်ဟု ပတ်ဂွမ်ဟီး ကြေညာ



ဆိုးလ်၊ မေ ၁၉



တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့သော ကူးတို့သင်္ဘော နစ်မြုပ်မှုကြောင့် လူပေါင်း ၃၀၀ နီးပါးခန့် သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ သမ္မတ ပတ်ဂွမ်ဟီးက ပြည်သူများကို ဝမ်းနည်းကြေကွဲစွာ တောင်းပန်ခဲ့ပြီး ယင်းဖြစ်ရပ်တွင် ကယ်ဆယ်ရေးအတွက် အဓိက တာဝန်ရှိသော ကမ်းခြေစောင့် တပ်ဖွဲ့ကို ဖျက်သိမ်းပစ်မည်ဟု အသိပေး ပြောဆိုလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။



“ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ လုံခြုံရေးအတွက် တာဝန်ရှိတဲ့ သမ္မတတစ်ယောက် အနေနဲ့ ထိခိုက် ခံစားနေရတဲ့ ပြည်တွေကို အနူးအညွတ် တောင်းပန်အပ်ပါတယ်။ သင်္ဘောနစ်မြုပ်မှုကို ကောင်းမွန်စွာ တုံ့ပြန်ဆောင်ရွက် ပေးနိုင်မှု မရှိတဲ့ကိစ္စဟာ ကျွန်မရဲ့ နောက်ဆုံး တာဝန်ပါ” ဟု မစ္စပတ်ဂွမ်ဟီးက ပြောကြားသည်။



Sewol ဟု အမည်ရသည့် ကူးတို့သင်္ဘောသည် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့တွင် ဂျေဂျူးကျွန်းသို့ ခုတ်မောင်းသွားစဉ် တိမ်းမှောက်နစ်မြုပ်ခဲ့ရာ လူပေါင်း ၃၀၄ ဦးကျော်ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်။



ယင်းသင်္ဘောပေါ်တွင် လိုက်ပါသွားသူ အများစုမှာ လေ့လာရေးခရီး ထွက်လာသူ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည်။



ကိုရီးယား ကျောင်းသား ကျောင်းသူလေးများ၏ အဆိုပါ ခရီးစဉ်ကို အန္တရာယ် ကင်းဝေးစေရန် ကာကွယ်ပေးနိုင်စွမ်း မရှိခဲ့သည့်အတွက် လွန်စွာ ဝမ်းနည်းမိကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်သူ မစ္စပတ်ဂွမ်ဟီးက မျက်ရည်များဝဲကာ ပြောကြားသည်။



Sewol ကူးတို့သင်္ဘော တိမ်းမှောက်နစ်မြုပ်သည့် ဖြစ်ရပ်ဆိုးကြီးကြောင့် တောင်ကိုရီးယားနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ အစီအမံ၊ အဆင့်အတန်းတို့နှင့် ပတ်သက်၍ ပြည်သူအများအပြားက ပြစ်တင် ဝေဖန်လျက်ရှိသည်။



ကူးတို့သင်္ဘော နစ်မြုပ်စဉ် ကယ်ဆယ်ရေးအဖွဲ့က ကောင်းမွန်စွာ ကယ်တင်နိုင်ခြင်း မရှိခြင်းကြောင့်လည်း အစိုးရမှာ ပြည်တွင်းမီဒီယာများ၊ သေဆုံးခဲ့သော မိသားစုဝင်များ၏ ဝေဖန်ပြောဆို ခံခဲ့ရသည်။



အဆိုပါ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပေါ်ခဲ့ရာတွင် ကယ်ဆယ်ရေးလုပ်ငန်း ကောင်းစွာ လုပ်ကိုင်ပေးနိုင်ခြင်း မရှိခဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့ကို သမ္မတက ပြစ်တင်ပြောဆိုကာ ယင်းအဖွဲ့ကို ဖျက်သိမ်းပစ်မည်ဟု ကြေညာသည်။



“ကျွန်မ အလေးအနက်ထား စဉ်းစားပြီးပါပြီ၊ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖျက်သိမ်းပစ်ဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီဖြစ်ရပ်ဆိုးကြီးမှာ သေဆုံးသွားခဲ့တဲ့ သူတွေအတွက် ဆုတောင်းပေးပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိတယ်လို့ ပြောလိုပါတယ်” ဟု ပတ်ဂွမ်ဟီးက ပြောကြားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1o0Gy3Y

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3