Skip to main content

ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပေါ်ခဲ့ပြီးနောက် ဆည်တည်းရွာသားမျာ...



ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပေါ်ခဲ့ပြီးနောက် ဆည်တည်းရွာသားများက ၀မ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်း နှစ်ဦးအား ပြန်လွှတ်ပေး



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ ၀မ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား ၀န်ထမ်းနှစ်ဦးအား ဆည်တည်းရွာသားများ ဖမ်းဆီးခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ပဋိပက္ခများ ဖြစ်ပေါ်ပြီးနောက် မေ ၁၉ ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါ ၀န်ထမ်းနှစ်ဦးအား ဒေသခံများမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။



ထိုသို့ ပြန်လည်လွှတ်ပေးရန်အတွက် ဆည်တည်း-ဇီးတောရွာသစ် ဆက်ဆံရေးရုံးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများသည် မေ ၁၉ ရက် မွန်းလွဲပိုင်း တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မေ ၁၈ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ နှင့်ပတ်သက်၍ ဒေသခံတောင်သူများအား အရေးမယူရန်နှင့် လယ်ယာမြေများတွင် သံဆူးကြိုးခတ်နေခြင်းအား ရပ်ဆိုင်းပေးရန် စသည့်အချက်များအား တောင်းဆိုကာ တရုတ်နိုင်ငံသား ၀န်ထမ်းနှစ်ဦးအား ပြန်လည်လွှတ် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



“လက်ပံတောင်းတောင် ဒေသခံတောင် သူ ၃၇ ဦးရဲ့ ယာခင်းတွေကို သံဆူးကြိုးခတ်တာ ဖြေရှင်းပေးဖို့၊ မိုးဦးကျချိန်မှာ လျော်ကြေးမယူထားတဲ့အခင်းက သူတို့ဘက်က ဘာမှအဆောက်အဦတွေ ဆောက်မထားရင် ၀င်ပြီးတော့ထွန်ဖို့၊ နောက်ထပ် သံဆူးကြိုးအသစ် တိုးမခတ်ဖို့ တောင်းဆိုတာကို ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့် ကိုယ်တိုင်တာဝန်ခံတာပါ။ တိုင်းရဲမှူးကြီးရှေ့မှာ တရုတ်နှစ်ယောက်ကိုလည်း ခန္ဓာကိုယ်မှာ နှိပ်စက်တာမျိုး မလုပ်ဘူးဆိုတာ အင်္ကျီချွတ်စစ်ဆေးပြီး ပြန်အပ်လိုက်ပါတယ်။ တောင်းဆိုတာတွေမရရင် သတ်ပစ်မယ်ဆို တာလိုမျိုးတွေ မခြိမ်းခြောက်ခဲ့ပါဘူး” ဟု ဆည်တည်းကျေးရွာဟောင်းမှ ဒေသခံတစ်ဦးက ပြောကြားသည်။



အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က မေ ၁၉ ရက်ည နိုင်ငံပိုင်ရုပ်သံ သတင်းမှတစ်ဆင့် ထုတ်ပြန်ခဲ့ရာတွင် ဖမ်းဆီးခံထားရသူနှစ်ဦးအား ပြန်လည်ညှိနှိုင်း ခေါ်ယူရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ ယင်းမာပင်မြို့နယ်နှင့် စလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် အဖွဲ့သည် မေ ၁၈ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် အခြေပြုရာ ကျောက်ဖြူ တိုင် ကျေးရွာမှ စတင်ထွက်ခွာလာပြီး ည ၁၁ နာရီခန့်တွင် ဇီးတောကျေးရွာဟောင်း ဘုန်း ကြီး ကျောင်း သို့ရောက်ရှိစဉ် ဆည်တည်း၊ မိုးကြိုးပြင်၊ တုံပြင်ကျေးရွာတို့မှ ဒေသခံတို့ ကဘုန်းကြီးကျောင်းဝင်းအတွင်းမှ ခဲ၊ လောက်လေးခွ၊ မီးတုတ်များဖြင့် ပစ်ပေါက်ခဲ့ ကြသဖြင့် တစ်စုံတစ်ရာ ညှိနှိုင်းနိုင်ခြင်းမရှိဘဲ ကျောက်ဖြူတိုင်ကျေးရွာသို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်၌ပါရှိ သည်။



ဆက်လက်ပြီး ၎င်းအဖွဲ့ဝင်များသည် ည ၁၂ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များ အခြေပြုစခန်းဖြစ်သည့် ကျောက်ဖြူတိုင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းဝင်းအတွင်း ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက အဓိက ရုဏ်းနှိမ်နင်းရာတွင် အသုံးပြုသည့် ရာဘာကျည်ဖြင့် လူစုခွဲရန် ကြိုးစားသော်လည်း မရရှိသည့်အတွက် ဒေသခံများနှင့် ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်စေရန် တိမ်းရှောင်ဆုတ်ပေးခဲ့ကြောင်း၊ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။



ယင်းကဲ့သို့ ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့ အကြား ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် ရဲတပ်သားနှစ်ဦး ဒဏ်ရာများရရှိပြီး ဆေးရုံတက်ကုသ နေရကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းရေးအဖွဲ့၏ ဆိုင်ကယ်၁၂ စီး၊ မော်တော်ယာဉ်ငါး စီးဖျက်ဆီးခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။



“ရွာထဲကို ရဲတပ်ဖွဲ့က အတင်းဝင်ရောက် လာလို့သာ လက်ခံထားတာ၊ ရွာသူရွာသား တွေအနေနဲ့က သဘောမတွေ့ကြဘူး။ ဆည်တည်းရွာဟောင်းက ခေါ်ထားတဲ့ တရုတ်နှစ် ယောက်ကို ကယ်ထုတ်ဖို့အတွက် ကျွန်တော်တို့ ကျောက်ဖြူတိုင်ကျေးရွာ စာသင်ကျောင်းထဲကို သူတို့လာပြီး ခြေကုပ်ယူပြီးတော့ ဆည်တည်းရွာဟောင်းကို ၀င်ရောက်စီးနင်းဖို့အတွက် ဇီးတောဘုန်းကြီးကျောင်းကို ၀င်စီးတာ ဘာမှမဆိုင်တဲ့ ဘုန်းကြီးကျောင်းကို ၀င်စီးလို့ ကျောက်ဖြူတိုင် ရွာသူရွာသားတွေ သည်းမခံနိုင်ကြတော့လို့ ရွာစာသင်ကျောင်း ထဲမှာအခြေချထားတဲ့ ရဲတွေနဲ့ စပြီးတော့ ပြဿနာတက်ကြတာပါ။ ဇီးတောဘုန်း တော်ကြီးကျောင်းကို ၀င်စီးတော့ သူတို့ ရဲ တပ်ဖွဲ့ကစပြီး သေနတ်တွေ ဖောက်တယ်။ နောက်ပြီး မျက်ရည်ယိုဗုံးတွေနဲ့လည်း ထုတယ်” ဟု ကျောက်ဖြူတိုင်ရွာမှ ဒေသခံများက ဆိုသည်။



အလားတူ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ Mr.Geng Yi သည် မေ ၁၉ ရက် ညနေပိုင်းတွင် ဒေသခံမီဒီယာ များနှင့် တွေ့ဆုံခဲ့ကာ ဒေသခံများ၏ တောင်းဆိုချက်များဖြစ်သည့် လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်ရေး၊ ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်းက လက်ပံတောင်းတောင် အနေအထားအတိုင်း ပြန်လည်ပြုလုပ်ပေးရန် အချက်များသည် လုံးဝမဖြစ်နိုင်ကြောင်း၊ စီမံကိန်းအား နိုင်ငံတော်ပိုင်စီမံကိန်းဖြစ်အောင် စာချုပ်ပြင်ဆင်ချုပ်ဆိုပြီးဖြစ်ကြောင်းနှင့် မြေယာလျော်ကြေးများကိုလည်း ထပ်မံတိုးမြှင့်ပေးပြီး ဖြစ်သည့်အတွက် စီမံကိန်းကို ရှေ့ဆက်လုပ်ဆောင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။



မေ ၁၈ ရက် ညပိုင်း ပဋိပက္ခများနှင့် ပတ်သက်၍ ဒေသအာဏာပိုင်များက လက် ပံတောင်းတောင် ဒေသခံများဖြစ်သည့် ဦးသိန်းအောင်၊ ဦးစန်းမောင်၊ ဦးခင်ငြိမ်း၊ မ၀င်းထွေး၊ မရီဝင်း၊ မဖြူနှင်းထွေးတို့အား အမှုဖွင့်ထားခဲ့ပြီး တရုတ်နိုင်ငံသား နှစ်ဦးကို ပြန်လည်လွှတ်ပေးခြင်းအတွက် ဒေသခံများက အမှုဖွင့်ထားခြင်းအား ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။



(ဆည်တည်းရွာသားများ ထိန်းသိမ်းထားသည့် ၀မ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်းနှစ်ဦးအား မေ ၁၉ ညနေပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများထံ ပြန်လည်အပ်နှံနေစဉ် (ဓာတ်ပုံ-အောင်သူ))







from Eleven Media Group's Facebook Wall http://ift.tt/ScEbxC

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...