Skip to main content

(မေလ ၁၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editor's Word) အခမ်...



(မေလ ၁၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editor's Word)



အခမ်းအနား



မြန်မာလူမှုပတ်ဝန်းကျင်မှာ ကြုံရတဲ့ အခမ်းအနား၊ ပွဲလမ်းသဘင်တွေကို လေ့လာကြည့်တဲ့အခါ အခမ်းအနားကို စနစ်တကျ စီမံခန့်ခွဲနိုင်မှု အင်မတန် အားနည်းတာ တွေ့ရတယ်။ အားနည်းတာကို ပြောမယ်ဆိုရင် အခမ်းအနား စီစဉ်ကျင်းပသူနဲ့ အခမ်းအနား လာတက်သူ အနည်းဆုံး နှစ်ဖက်စလုံးကို ပြောရမယ်။



အခမ်းအနား စီစဉ်သူတွေမှာ တူညီတဲ့ အားနည်းချက်ကတော့ သတ်မှတ်ချိန်ထက် နောက်ကျပြီး ကျင်းပတာပဲ။ အခမ်းအနား အများစုရဲ့ အစီအစဉ်တိုင်းမှာ အချိန်သတ်မှတ်ချက် တိတိကျကျ မရှိဘူး။ စာရွက်ပေါ်မှာ အချိန်သတ်မှတ်ချက် ရှိနေပေမယ့်လည်း အဲဒီအချိန်အတိုင်း မလိုက်နာကြသလောက်ပဲ။ စီစဉ်တဲ့သူတွေက နောက်ကျမှ အခမ်းအနား စတာ ရှိသလို ဗီအိုင်ပီလို့ ပြောနေကြတဲ့ အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူပုဂ္ဂိုလ် မလာသေးလို့ စောင့်နေရတာလည်း ပါတယ်။ အခမ်းအနား လာတက်တဲ့ သူတွေကလည်း ထုံးစံအတိုင်း နောက်ကျမှာပါလေလို့ တွက်ပြီး နောက်ကျမှ သို့မဟုတ် အချိန်ကပ်မှ လာတတ်ကြတာလည်း ပါတယ်။



အနောက်နိုင်ငံတွေမှာတော့ အခမ်းအနားတွေ၊ ဆွေးနွေးပွဲတွေ လုပ်ပြီဆိုရင် moderator လို့ ခေါ်တဲ့ သဘာပတိက အခမ်းအနားကို ထိန်းကျောင်းပေးတယ်။ အထူးသဖြင့် အခမ်းအနားမှာ သတ်မှတ်တဲ့ အကြောင်းအရာ အပေါ်မှာ မူတည်ပြီး စကားပြော ဆွေးနွေးဖို့ ဖိတ်ကြားခံရတဲ့ သူတွေကို moderator လုပ်တဲ့သူက စကားမစခင် အချိန်ဘယ်လောက် ရသလဲဆိုတာ အသိပေးတာ၊ ဦးတည်ထားတဲ့ အကြောင်းအရာကနေ သွေဖည်သွားရင် ပြန်တည့်ပေးတာ၊ အချိန်လွန်သွားရင် သတိပေးတာမျိုး လုပ်တယ်။ အစီအစဉ် အတိုင်းပဲ အခမ်းအနားကို အတိအကျ လုပ်တယ်။ သတ်မှတ်ချိန်မှာ စပြီး သတ်မှတ်ချိန်မှာ ပြီးတယ်။



မြန်မာပြည်မှာ လုပ်တဲ့ အခမ်းအနားတွေကတော့ လူသိများ ထင်ရှားပြီး စကားပြောကောင်းတဲ့ သူတချို့ အချိန်မလေးစားကြတာ တွေ့ရတယ်။ အခမ်းအနား အများစုက ဟိုတယ်တို့ ဘာတို့မှာ လုပ်တာဆိုတော့ အချိန်နဲ့ အခကြေးငွေ တွက်ပြီး ရှင်းရတယ်။ စကားပြောကောင်းတိုင်း အချိန်တွေ အများကြီး ယူပြောလိုက်တဲ့အခါ အစီအစဉ်အချိန်တွေ ကမောက်ကမ ဖြစ်သွားတယ်။ ပိုဆိုးတာက အခမ်းအနား ခေါင်းစဉ်နဲ့ ပြောဆို ဆွေးနွေးတာတွေနဲ့ မကိုက်ညီတာပဲ။ စကားပြော ကောင်းတဲ့သူတွေ ဆိုတော့ အခမ်းအနားနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် သူပြောချင်တာတွေ ပြောသွားတတ်တယ်။ အဲဒီတော့ အခမ်းအနားမှာ သူ့နောက်က ပြောဖို့ အလှည့်ကျသူ နစ်နာတာပေါ့။ နောက်တစ်ခုက ပရိသတ် ဆိုတာကလည်း အလုပ်ကိုယ်စီနဲ့ မအားတဲ့ကြားက အချိန်ပေးပြီး လာကြရတာ။ အခမ်းအနားက အချိန်လေးစားမှုလည်း မရှိ စကားပြောခွင့်ရတဲ့ သူတွေကလည်း အထိန်းအကွပ်မရှိ ကိုယ်ပြောချင်သလောက် ပြောနေကြတော့ အချိန်တွေ ပုပ်ကုန်တာပေါ့။



အခမ်းအနား လာတက်တဲ့ ပရိသတ်တွေရဲ့ တူညီတဲ့ အားနည်းချက် တစ်ခုက မိုဘိုင်းလ်ဖုန်း အသံတွေ ပိတ်မထားကြတာ။ အခမ်းအနားတိုင်းမှာ ဟိုနေရာ ဒီနေရာကနေ ဖုန်းမြည်သံတွေ ပေါ်ပေါ်လာတယ်။ တချို့က အခမ်းအနားထဲမှာပဲ ဖုန်းလက်ခံ ပြောနေကြတယ်။ မလွှဲမရှောင်သာလို့ ပြောရမယ် ဆိုရင်လည်း အခမ်းအနားနဲ့ ဝေးရာ အပြင်ထွက်ပြီး ပြောသင့်တယ် ဆိုတာလောက်ကို တချို့ နားမလည်ကြဘူး။



အရေးကြီးတာက အခမ်းအနားတွေမှာ လူမှုရေး ကျင့်ဝတ်လောက်ကို လေးစား လိုက်နာရင်တောင် အဆင်ပြေနိုင်တယ်။ တကယ်တော့ အခမ်းအနား စီစဉ်ကျင်းပတဲ့ စီမံခန့်ခွဲမှုက ပညာရပ်တစ်ခုလို သင်ရတယ်။ ကျွန်တော်တို့ တစ်တွေ အခမ်းအနားလေး တစ်ခုကိုတောင် ဖြောင့်အောင် မစီမံနိုင်သေးရင် ဒီ့ထက်ကြီးတဲ့ ကိစ္စပေါင်းများစွာနဲ့ နိုင်ငံ့အရေးအရာတွေမှာ စီမံခန့်ခွဲဖို့ မလွယ်သေးဘူး။



အယ်ဒီတာ (၁၀-၅-၂၀၁၄)







from The Voice Weekly's Facebook Wall http://ift.tt/1qramIT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...