Skip to main content

#emg_editorials ၂၀၁၄ မေလ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်...



#emg_editorials



၂၀၁၄ မေလ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်



အာဆီယံနှင့် ပထဝီနိုင်ငံရေး



အရှေ့တောင်အာရှဒေသသည် ကမ္ဘာ့နိုင်ငံရေး၌ အလွန်အရေးကြီးသော ဒေသတစ်ခုအဖြစ် ကာလကြာရှည်စွာ ရပ်တည်လာခဲ့သည်။ စစ်အေးတိုက်ပွဲသည် ဥရောပတွင်စတင်၍ ဥရောပတွင် အဆုံးသတ်ခဲ့သည်ဟု ဆိုနိုင်သော်လည်း အရှေ့တောင်အာရှဒေသတွင် အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည်။ ယခုတစ်ဖန် အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုများက လာမည့်ဆယ်စုနှစ်များအတွင်း နိုင်ငံတကာ၏ နိုင်ငံရေးရှုခင်းကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု တစ်ကမ္ဘာလုံးက သတိပြုမိလာပြန်သည်။



ယင်းအချိန်၌ တရုတ်သည် မကြုံစဖူး စီးပွားရေးအင်အား ကြီးထွားလာပြီး လာမည့် နှစ် ၂ဝ အတွင်း ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာဖွယ်ရှိနေသည်။ တရုတ်သည် ပထဝီနိုင်ငံရေးကို ပြန်လည်ပုံဖော်ခြင်းနောက်ကွယ်မှ အဓိကတွန်းအား ဖြစ်သည်။ အရှေ့တောင်အာရှဒေသသည် တရုတ် အင်အားကြီးမားလာမှုနှင့်ပတ်သက်၍ တိုက်ရိုက်အကျဆုံး ရိုက်ခတ်ခံရသည့် ဒေသတစ်ခုဖြစ်သည်။ နှစ်ပေါင်း ၃ဝ အတွင်း တရုတ်တို့သည် ခပ်ခွာခွာနေခဲ့သည့် အရှေ့တောင်အာရှဒေသနှင့် စီးပွားရေးချိတ်ဆက်မှု အသစ်များကို တစ်ဟုန်ထိုးပြုလုပ်ခဲ့သည်။ တရုတ်နှင့် အာဆီယံတို့အကြား အပြန်အလှန်သက်ရောက်မှုက အာရှတိုက်တစ်ခုလုံး၏ အနာဂတ်နှင့် အလားအလာများကို အဆုံးအဖြတ်ပေးမည့် ကြီးမားသော အကြောင်းခြင်းရာတစ်ရပ် ဖြစ်သည်။ အာဆီယံနှင့် တရုတ်တို့၏ ဆက်ဆံရေးသည် ဒေသတွင်း ရပ်တည်ချက်အတွက် အလွန်အရေးကြီးသည်။ ၁၉၉၇-၈ ခုနှစ် စီးပွားရေးပျက်ကပ်အတွင်း တရုတ်သည် အရှေ့တောင်အာရှဒေသများ ကို ထောက်ပံ့မှုပေးခဲ့ပြီး အာဆီယံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ တရုတ်သည် ဒေသတွင်းနိုင်ငံများ၏ မပြင်းထန်သော စီးပွားရေးရည်မှန်းချက်များအတွက် အာမခံချက်ပေးနိုင်ခဲ့သည်။



သို့သော် အရှေ့တောင်အာရှဒေသတွင်းတွင် ပထဝီနိုင်ငံရေးက အသက်ဝင်လာပြီး ပြန်လည်ရှင်သန်လာသည်ဟုပင် ဆိုနိုင်သည်။ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်လာပြီး အလျှော့မပေးသည့် တရုတ်ကို ဆန့်ကျင်အာခံသည့် အာဆီယံနိုင်ငံများ ပေါ်ထွက်လာသည်။ စီးပွားရေးနှင့်ပတ်သက်၍ တရုတ်အပေါ် အကြီးအကျယ် မှီခိုနေရသည့် နိုင်ငံများသည်ပင်လျှင် တရုတ်ကို အာခံလာသည်။ ယင်းအချိန်၌ အမေရိကန်က အရှေ့တောင်အာရှဒေသသို့ ပြန်လှည့်ကြည့်လာသည်။ တရုတ်အင်အား ကြီးထွားလာမှုနှင့်ပတ်သက်၍ မဟာဗျူဟာဆိုင်ရာ စိန်ခေါ်မှုကို အာရုံစိုက်လျက် နိုင်ငံခြားရေးမူဝါဒကို ပြန်လည်ထိန်းညှိရန် အမေရိကန်က ကြိုးပမ်းလာသည်။ အမေရိကန်က ပို၍ပွင့်လင်းမြင်သာမှု နည်းပါးသော တရုတ်တို့၏ ရည်ရွယ်ချက်များကို ကာကွယ်နိုင်ရန်အတွက် ဒေသတွင်းနိုင်ငံများကို အားပေးအားမြှောက်ပြုလာသည်။ ထို့ကြောင့် အရှေ့တောင်အာရှနိုင်ငံများသည် ဒေသတွင်းမှမဟုတ်သော အင်အားကြီး နှစ်နိုင်ငံအကြား ပထဝီနိုင်ငံရေးပဋိပက္ခ၌ မြေစာပင်ဖြစ်ရမည့် အန္တရာယ်ရှိလာသည်။



ထို့ကြောင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအနေဖြင့် ပထဝီဝင်အရနှင့် စီးပွားရေးအရ မဟာဗျူဟာအကျိုးစီးပွားအတွက် ပြိုင်ဆိုင်နေသော အမေရိကန်နှင့် တရုတ်တို့၏ စိန်ခေါ်မှုကို တုံ့ပြန်ရာ၌ ကျွဲနှစ်ကောင်ခတ်သည့်ကြား မြေစာပင်ဖြစ်မည့် အရေးကို ရှောင်လွှဲလျက် အခွင့်ကောင်းယူနိုင်ရန် လိုအပ်ပါကြောင်းနှင့် ဒေသတွင်း၌ လက်ရှိဖြစ်ပေါ်နေသော ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှု၌ အတူတကွပူးပေါင်းရပ်တည်ကြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

from Eleven Media Group's Facebook Wall http://ift.tt/1j7GUUh

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...