Skip to main content

ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမ၀င်အေးခဲ ကြက်သား တစ်ရက်လ...



ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမ၀င်အေးခဲ ကြက်သား တစ်ရက်လျှင် ၁၀ တန်ခန့် ၀င်ရောက်လျက်ရှိပြီး စားသုံးရန်သင့် မသင့် စစ်ဆေးခြင်းမရှိ



မန္တလေးမြို့အတွင်းသို့ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမဝင် အေးခဲကြက်သားများ တစ်ရက်လျှင် ခြောက်တန်မှ ၁ဝ တန်အတွင်း နေ့စဉ် ဝင်ရောက်လျက်ရှိနေသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ စားသုံးရန်သင့်၊ မသင့် စစ်ဆေးခြင်းများ ပြုလုပ်မှုမရှိကြောင်း စုံစမ်းသိရသည်။



တရုတ်နိုင်ငံတွင် လက်ရှိအချိန်၌ H7N9 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိရာ မန္တလေးမြို့အတွင်း ဝင်ရောက်လာရာလမ်းကြောင်းတစ်လျှောက်ရှိ မွေးမြူရေးခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်သည့် အခွင့်အလမ်းများစွာရှိနေကြောင်း၊ ဈေးကွက်အတွင်း ရောင်းချနေသည့် အေးခဲ ကြက်သားများကို စစ်ဆေးမှုများမရှိသောကြောင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးမှာ ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။



“တရုတ်ဘက်ကနေ နယ်စပ်ဂိတ်တွေကို ဖြတ်ကျော်ပြီး တရားမဝင် အေးခဲကြက်သားနဲ့ ကြက်ဥ ဝင်ရောက်မှုတွေရှိနေခဲ့တာ ကြာပါပြီ။ လက်ရှိအချိန်မှာ ပြည်တွင်းဈေးကွက်အတွင်း ကြက်သားဈေး တက်နေတာကြောင့် ဈေးကွက်ရှိတဲ့အတွက် ပိုဝင်နေသလို ဖြစ်နေတယ်။ နယ်စပ်ဂိတ်တွေကို ဖြတ်ကျော်ပြီး မန္တလေးမြို့တွင်းကို ရောက်လာပြီဖြစ်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ဝင်ရောက်မှုကို မတားဆီးနိုင်ရင်တောင် ဈေးကွက်ထဲကို ဖြန့်ဖြူးရောင်းချမှုပြုလုပ်နေတဲ့ အအေးခန်းတွေမှာ ရှောင်တခင်စစ်ဆေးတာပဲဖြစ်ဖြစ်၊ ပုံမှန်စစ်ဆေးတာပဲဖြစ်ဖြစ် စားသုံးရန် သင့် မသင့်ကို စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်”ဟု ကြက်ဥ၊ ကြက်သားမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းမှ ဒေါက်တာကျော်ထင်က ပြောကြားသည်။



ဆက်လက်ပြီး ဒေါက်တာကျော်ထင်က “လက်ရှိအချိန်ထိ စစ်ဆေးမှုမရှိဘဲ ဒီအတိုင်းဈေးကွက်ကို ဖြန့်နေတဲ့အတွက် စားသုံးသူတွေအနေနဲ့ အစားအစာအန္တရာယ်ကင်းရှင်းဖို့ စိတ်မချရဘူးဖြစ်နေတယ်။ ပြီးတော့ သယ်ယူခဲ့တဲ့ လမ်းကြောင်းတစ်လျှောက်က ကြက်မွေးမြူရေးခြံတွေမှာလည်း ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်တဲ့ အခွင့်အလမ်းများစွာရှိနေတဲ့အတွက် သက်ဆိုင်ရာဌာနတွေကို စစ်ဆေးပေးဖို့ တင်ပြထားတာရှိပါတယ်” ဟု ပြောသည်။



ကြက်ဥ၊ ကြက်သားမွေးမြူထုတ်လုပ် ရောင်းချသူများအသင်းအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ စစ်ဆေးမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် မေလဆန်းပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း သိရသည်။



မန္တလေးမြို့ ဈေးကွက်အတွင်းသို့ တရုတ်မှ ဝင်ရောက်လာသော အေးခဲကြက်သားများအား မန္တလေးမြို့ရှိ စားသောက်ကုန် အအေးခန်းလုပ်ငန်းများတွင် သိုလှောင်ထားရှိကာ ဈေးကွက်သို့ ဖြန့်ဖြူးလေ့ရှိကြောင်း သိရသည်။



မြန်မာနိုင်ငံတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုရှိခဲ့ပြီး မွေးမြူရေးကြက်ခြံများ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ နှစ်စဉ်မွေးမြူရေးကြက်ခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါနှင့် ပုံစံတူသေဆုံးမှုများကိုလည်း ကြုံတွေ့ရကြောင်း သိရသည်။



တရုတ်နိုင်ငံတွင် H7N9 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၄ဝဝ ဝန်းကျင်ရှိနေပြီဖြစ်ကာ သေဆုံးသူ ၄ဝ ကျော်ရှိကြောင်း သိရသည်။



(ဖမ်းဆီးရမိသော အေးခဲအသားများအား နောင်ချို စစ်ဆေးရေးဂိတ်အနီးတွင် မီးရှို့ဖျက်ဆီးနေစဉ်)







from Eleven Media Group's Facebook Wall http://ift.tt/1l5cdL7

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...