Skip to main content

အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးကိစ္စအပါအ၀င် အချက်လေးချက်ကို အရေးကြီးကိစ...



အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးကိစ္စအပါအ၀င် အချက်လေးချက်ကို အရေးကြီးကိစ္စများအဖြစ် သတ်မှတ်ထားသည်ဟု သမ္မတဦးသိန်းစိန် ပြောကြား



မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးကိစ္စအပါအ၀င် အချက်လေးချက်ကို အရေးကြီးကိစ္စများအဖြစ် သတ်မှတ်ထားသည်ဟု သမ္မတဦးသိန်းစိန်က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။



သမ္မတဦးသိန်းစိန်သည် နေပြည်တော်၌ ပြုလုပ်နေသော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအ၀းသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှယ်များကို ဂုဏ်ပြုညစာစားပွဲဖြင့် မေ ၁၀ ရက် ညပိုင်းတွင် ဧည့်ခံခဲ့ပြီး အဆိုပါဂုဏ်ပြု ညစာစားပွဲ၌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကားတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။



“မိမိတို့တွေရဲ့ ဖြစ်ပေါ်တိုးတက်မှုများကို ကမ္ဘာတစ်ဝန်းက စောင့်ကြည့်နေတဲ့ ကာလမှာ အခုလို အာဆီယံထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပခွင့် ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူမယ့်အချိန်မှာ မိမိတို့ ပြည်သူတွေရဲ့ ဘ၀နဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးဖြစ်စဉ်ကိစ္စရပ်များကို အာရုံစိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု သမ္မတဦးသိန်းစိန် က ဆိုသည်။



လူ့အခွင့်အရေးကိစ္စအပါအ၀င် အရေးကြီးကိစ္စများအဖြစ် သတ်မှတ်ထားသည့် အချက်လေးချက်မှာ လူ့အခွင့်အရေးကာကွယ်ရေး နှင့် မြှင့်တင်ရေး၊ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်၊ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိမှုနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းရေး စသည်တို့ ဖြစ်ကြောင်း သိရသည်။



လက်ရှိအချိန်တွင် အာဆီယံသည် စာနာမှုနှင့် မျှဝေခံစားမှုကိုအခြေခံပြီး တစ်ခုတည်းသော ရည်မှန်းချက်နှင့် ရုပ်အသွင်ရှိသည့် အသိုက်အ၀န်းဖြစ်ရေးကို ရည်မှန်းကြိုးပမ်းနေသည့် ဒေသတွင်းအဖွဲ့အစည်းဖြစ်ကြောင်း၊ အမျိုးသမီးများက အာဆီယံ၏ မဏ္ဍိုင်သုံးရပ်တွင် ယခုထက်ပိုမို အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာရေးနှင့် ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်သင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။



ထို့ပြင် အာဆီယံအသိုက်အ၀န်း ကြိုးပမ်းမှုများကို ဒေသတွင်းရှိ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ ထောက်ခံမှုများ ရရှိနေပြီး ကမ္ဘာတစ်ဝန်းတွင် စိန်ခေါ်မှုများနှင့် မရေရာမှုများ ကြုံတွေ့နေရချိန်၌ အာဆီယံဒေသသည် ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနေသည်ဟု သမ္မတ ဦးသိန်းစိန် က ပြောကြားသည်။



သမ္မတဦးသိန်းစိန်၏ ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ ဘရူနိုင်းဘုရင် ဆူလ်ဆန်ဟာဂျီဟာဆန်နယ်ဘိုလ်ကီးယားမူအစ်ဇာဒင်ဝါဒေါင်လာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ခ်ဟွန်ဆန်၊ အင်ဒိုနီးရှား သမ္မတ ဒေါက်တာ ဆူစီလိုဘန်ဘမ်းယူဒိုယိုနို၊ လာအိုဝန်ကြီးချုပ် သောင်ဆင်းသမ်မာဗောင်း၊ မလေးရှားဝန်ကြီးချုပ် ဒါတိုဆရီဟာဂျီ မိုဟာမက်နာဂျစ်၊ ဖိလစ်ပိုင်သမ္မတ ဘီနစ်ဂ်နိုအကွီနို၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဇွန်း၊ ထိုင်း ဒုတိယ၀န်ကြီးချုပ် ဖောင်တက်ဖ်သပ်ခန်ဂျာန၊ အာဆီယံအတွင်းရေးမှူးချုပ် လီယောင်မင်းနှင့် အာဆီယံနိုင်ငံများမှ အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။



(မေ ၁၀ ရက်ညပိုင်းက ပြုလုပ်သည့် Welcome Dinner တွင် သမ္မတဦးသိန်းစိန်နှင့်ဇနီးတို့အား အာဆီယံခေါင်းဆောင်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်))







from Eleven Media Group's Facebook Wall http://ift.tt/1l5cfmk

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...