Skip to main content

အဆုတ်ကင်ဆာနှင့် ဆီးကျိတ်ကင်ဆာအတွက် ကညွတ်ဖူး







အဆုတ်ကင်ဆာရောဂါကို ခံစားနေရသော ဝေဒနာရှင်တစ်ဦးမှ ကျန်းမာရေးသတင်းများကို မက်ဆေ့ပို့၍ ဆေးနည်းတောင်းဆိုလာပါတယ်။

ထို့အတူ ဆီးကျိတ်ရောဂါ၊ အဆုတ်ရောဂါတို့ကို ခံစားနေရသော အခြားဝေဒနာရှင်များမှလည်း မကြာခဏ သဘာဝဆေးနည်းဖြင့် ကုသနိုင်ရန် တောင်းဆိုလာကြပါတယ်။


ဝေဒနာရှင်များကို အများအားဖြင့် ဆရာဝန်နှင့်သာ အရင်ပြကြည့်ပြီး ဆေးဝါးကုသခံယူဖို့ မိမိက အမြဲတိုက်တွန်းပေးလေ့ရှိပါတယ်။ သို့သော် အချို့ဝေဒနာရှင်များက ဆရာဝန်နှင့် ပြကြည့်ပြီးဖြစ်ကြောင်း၊ အချို့ကတော့ နယ်စွန်နယ်ဖျားမှဖြစ်၍ ခေတ်မီဆးရုံဆေးခန်း၊ ဆရာဝန်များနှင့် အလှန်းဝေးကြောင်း၊ ငွေကြေးကလည်း မတတ်နိုင်သည့်အတွက်ကြောင့် ရိုးရာသဘာဝဆေးနည်းဖြင့်သာ ကုသလိုကြောင်း ပြောပြလာကြပါတယ်။


ထို့ကြောင့် ရောဂါကို ခံစားနေရသော ဝေဒနာရှင်များ သက်သာပျောက်ကင်းနိုင်စေရန် ဆေးနည်းလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။


ဒီဆေးနည်းကတော့ ဦးနရပတိဆရာတော်၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ပြန်ရှယ်ပေးထားတဲ့ ဦးမိုးမင်း မျှဝေပေးတဲ့ (ကညွတ်၏တန်ဖိုး) ဆိုတဲ့ခေါင်းစဉ်မှ ဖြစ်ပါတယ်။


--------------


မူရင်း…..


Asparagus…..whether U believe it or not ဆိုတဲ့ခေါင်းစဉ်နဲ့မေလ်းတစ်ခုကို ကျွန်တော့် အကို တစ်ယောက်က ပို့လိုက်ပါတယ်။

သူလည်းသူများဆီက ရလို့ ကျွန်တော့်ဆီကို forward လုပ်လိုက်တာဖြစ်ပါတယ်။


သူခေါင်းစဉ်လိုဘဲ ကညွှတ်များတဲ့


နှစ်ပေါင်းကတော့ နည်းနည်းကြာသွားပြီ လူတစ်ယောက်ကကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက် အတွက်ကညွှတ်ပင်လိုက်ရှာနေတာ ကျွန်တော်တွေ့ခဲ့ဘူးတယ်။


ပြီးတော့ ၁၉၇၉ ခုနှစ် ဒီဇင်လဘာထုတ်ကင်ဆာဂျာနယ်ကနေ မိတ္တူကူးထားတဲ့စာရွက်တစ်ရွက် ကျွန်တော့်ကို ပေးခဲ့တယ်။


စာရွက်ကအကြောင်းအရာကတော့

Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ) ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။


ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။


ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့ရှာဖွေချက်တွေကနေ ကညွှတ်ကနေ ကင်ဆာရောဂါကုသနည်းကို သင်ယူခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။

သူရဲ့ပရောဂျက် လုပ်ငန်းတွေထဲမှာလည်း သူနှင့်အတူတကွ လုပ်ကိုင်ခဲ့သလို

ကျွန်တော့မှာ စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာရောဂါ

ကုသပျောက်ကင်းသွားတဲ့ အထောက်အထား အချက်အလက်တွေ

တော်တော်များများရှိခဲ့ပါတယ်။


အဲ့ဒါတွေကတော့ …..


၁။ လူတစ်ယောက်ဟာ သွေးကင်ဆာဖြစ်တာ မျှော်လင့်ချက်

မဲ့လုနီးပါးဖြစ်နေပါပြီး ဗုံးဗုံးလဲ နေပြီဖြစ်ပါတယ်။

ကညွှတ်ကုထုံးနဲ့ (၁)နှစ် ကုသအပြီးမှာတော့

ဆရာဝန် စစ်ဆေးကြည့်တာ ကင်ဆာရှိကြောင်းမပေါ်လာတော့ပါဘူး။

နောက်ဆုံး သူဟာပြန်ကောင်းသွားပါတယ်။


၂။ အောင်မြင်နေတဲ့ အသက် ၆၈ နှစ်အရွယ် စီးပွားရေးသမားတစ်ယောက်ဟာ

ဆီးကြိတ်တည်တဲ့ ကင်ဆာကို ခံစားနေရတာ ၁၆ နှစ်ရှိပြီဖြစ်ပါတယ်။

နှစ်တော်တော်ကြာကြာ ဆေးကုသခြင်း ဓါတ်ကင်ခြင်းတို့ ဖြင့်ကုသခြင်း

ပြုခဲ့သော်လည်း တိုးတက်လာခြင်းမရှိပါဘူး။

နောက်ဆုံး ၃လအတွင်း ကညွှတ်ကုထုံးနဲ့ကုပြီးနောက် စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆီးကြိတ်များဟာပျောက်သွားပြီး

ကျောက်ကပ် နှစ်ခုဟာ ပုံမှန် ပြန်ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။


၃။ လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရပါတယ်။

၁၉၇၁ မတ်လ ၅ ရက်နေ့မှာကုသဖို့ ခွဲစိတ်ခဲ့ရာမှာတော့

ရောဂါဟာ အလွန်ရင့်ပြီး အမြစ်များဟာ တော်တော်ပြန့်နေတဲ့အတွက်

ခွဲစိတ်လို့မရ ခဲ့ပါဘူး။ ခွဲစိတ်ဆရာဝန်ဟာ ပြန်ပြီးချူပ်ပေးခဲ့ကာ မျှော်လင့်ချက်မရှိတော့ဘူးလို့

ပြောခဲ့ပါတယ်။


ဧပြီလ ၅ ရက်နေ့မှာတော့

ထိုလူနာဟာ ကညွှတ်ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု့ခံယူခဲ့ပါတယ်။

သြဂုတ်လမှာတော့ ဓါတ်မှန်သွားရိုက်ကြည့်တဲ့အခါမှ

ကင်ဆာလက္ခဏာပြနေတာတွေဟာ

ပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လုပ်နိုင်ခဲ့ပါတယ်။


ဒီသာဓကတွေကတော့ ကညွတ်ကုထုံးကြောင့် သက်သာပျောက်ကင်းသွားကြတဲ့ သာဓကများဖြစ်ပါတယ်။


ကညွတ်ကုထုံးပြုလုပ်နည်း-


၁။ ကညွှတ်ကို သစ်သီးဖျော်စက်ထဲထည့်ပြီး အရည်ဖြစ်ကြောင် ကြိတ်ပါ။


၂။ ထိုကညွှတ်ရည်ကို ရေခဲ့သေတ္တာထဲ ထည့်ပြီး လူနာအား

တစ်ခါတိုက်လျှင် စတီးဇွန်းဖြင့် ၄ ဇွန်းကို မနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပါ။


ကင်ဆာရောဂါကို ခံစားနေရသော ဝေဒနာရှင်များ အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။


စောနွဲ့ နေဆိုင်(ပူတာအို) ပြန်လည်မျှဝေပါသည်။


ကျန်းမာရေးသတင်းများ


မူရင်း - http://ift.tt/17U6nx8





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1DDgjcO

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...