Skip to main content

ကချင်ပြည်က စစ်ပြေးဒုက္ခသည်များ ရေရှည်ဘဝရပ်တည်ရေး အခက်တွေ့



နိုဝင်ဘာလ ၃ ရက် ၂၀၁၄

စစ်ပြေး ဒုက္ခသည်များ ပြန်လည် နေရာ ချထား ပေးသည့် မြစ်ကြီးနား အနီး ငွေပျော် စံပြကျေးရွာတွင် နေထိုင်သည့် သျှမ်းတိုင်းရင်းသားများ အပါအဝင် ရွာသားအများစုမှာ ရေရှည်ဘဝ ရပ်တည်ရန် အလုပ်အကိုင်အခက်အခဲ ဖြစ်နေကြောင်း ကျေးရွာတွင် နေထိုင်သူများ၏ ပြောကြား ချက်အရ သိရသည်။


အစိုးရ အစီအစဉ်ဖြင့် ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များကို ပြန်လည် နေရာချထားသည့် ယင်းကျေးရွာတွင် သျှမ်းတိုင်းရင်းသား ဒုက္ခသည် ၁၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိပြီး ကချင်၊ လီဆူ၊ ဗမာ၊ ရဝမ် စသည့် စစ်ပြေး ဒုက္ခသည်များလည်း နေထိုင်ကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအောင်ဆွေ ကပြောသည်။


ပြင်သစ်အခြေစိုက် (ACTED) မှကူညီထောက်ပံ့ပေးထားကာ လူတစ်ဦးလျှင် တစ်လဆန် (၆) ပြည်၊ ဆီတစ်ဗူး၊ ကုလားပဲ (၄) ဗူး နှင့် ဆားတို့ကို ထောက်ပံ့ထားပြီး စားရေးအတွက် အဆင်ပြေသော်လည်း ငွေကြေးသုံးစွဲရေး နှင့် ရေရှည်ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေသည်ဟု ရွာသားများကပြောသည်။


“လက်ရှိဒီမှာကတော့ ဘာမှစိုက်ပျိုးထွန်ယက်လို့မရဘူး။ သူတို့ကစိုက်ဖို့ပျိုးဖို့ မျိုးစေ့တွေချပေးတယ်။ စမ်းစိုက်ကြည့်တယ်။ အဆင်မပြေဘူး။ မြေဆီလွှာမကောင်းလို”့ ဟု ငွေပျော်စံပြကျေးရွာတွင် နေထိုင်သော သျှမ်းအမျိုးသမီးနန်းတင်မိုးခိုင်က ဆိုသည်။


ရွာ၏အနီးရှိ အင်ခိုင်ဘွမ်တောင်ပေါ်တွင် ပုဂ္ဂလိကနှင့် ကုမ္မဏီပိုင် ရာဘာခြံမှ ရာဘာပင်ဘေး ပေါင်းမြက် များရှင်းရန် တစ်ပင်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် နေ့စားအလုပ် လုပ်ကိုင်စားသောက်နေကြပြီး တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ်သာ လုပ်ရပြီး နားရသည့်အချိန်များသည်ဟု နန်းတင်မိုးခိုင်၏ ခင်ပွန်းကပြောသည်။


လက်ရှိမှာ ပယင်းသွေးသည့်လုပ်ငန်းကို စမ်းသပ်လုပ်ကိုင်နေကြပြီး အလုပ်အကိုင် မမြဲသောကြောင့် ကလေးများ၏ ပညာရေးအတွက် လိုအပ်သည့်အသုံးစရိတ်များလည်း ခက်ခဲခဲ့ကြောင်း နန်းတင်မိုးခိုင် ကပြောသည်။


မူကြိုပို့ထားသည့် ကလေးအတွက် ကျောင်းတွင်ကလေး စားစရိတ် တစ်လလျှင် ကျပ်ခြောက်ထောင်ပေးရကာ ယခုအခါမပေးနိုင်သောကြောင့် ကလေးအတွက် ဆန်ပြုတ်ကိုသာ ကျောင်းသို့ ပို့ပေးရသည်ဟု ၎င်းကပြော သည်။


လမ်းမှာမြေနီလမ်းဖြစ်နေပြီး ကားအသွားအလာမရှိခြင်းကြောင့် မြစ်ကြီးနားမြို့ပေါ်သို့ အလုပ်သွားရောက် လုပ်ကိုင်ရန်ခက်ခဲနေကာ ရွာတွင်ပေးထားသည့် မြေနှင့်အိမ်များမှာ အဆင်ပြေနေသော်လည်း ပုံမှန် အလုပ် အကိုင်အခွင့်အလမ်း လိုအပ်နေကြောင်း ဦးအောင်ဆွေကပြောသည်။


“စိုက်ပျိုးဖို့ မြေယာကောင်းကောင်းနဲ့ အလုပ်အကိုင် တွေရှာပေးစေချင်တယ်” ဟု နန်းတင်မိုးခိုင် ကဆိုသည်။


ယခုနှစ်အကုန်တွင် ငွေပျော်စံပြကျေးရွာ၏ မြေနီလမ်းကို ကျောက်လမ်းခင်းပေးရန်အတွက် စီစဉ်ထားကြောင်း ကချင်ပြည်နယ်၏ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။


ငွေပျော်စံပြကျေးရွာတွင် အိမ်ခြေ၂၈၃လုံးရှိသည့်အနက် လက်ရှိနေထိုင်သောအိမ်ခြေမှာ ၁၁၅ လုံးရှိပြီးလူဦးရေ (၆၀၀) ကျော်နေထိုင်ကြောင်းသိရသည်။


မိုင်းနား၊ သာဂရ၊ ခတ်ချို၊ ဝိုင်းမော်၊ မြစ်ကြီးနားအနီးရှိ ဒုက္ခသည်စခန်းများမှပြောင်းရွှေ့နေထိုင်ကြသူ များကြောင်း အုပ်ချုပ်ရေးမှူးထံမှ သိရသည်။


၂၀၁၁ ဇွန်လ တွင် အစိုးရ နှင့် KIA (ကချင်လွတ်မြောက်ရေးတပ်မတော်) တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲကြောင့် ကချင်ပြည်နယ်၏ စစ်ပြေးဒုက္ခသည် ၉၉၀၉၇ယောက် ခန့်ရှိကြာင်း ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များကို ကူညီပေးနေသည့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တစ်ဖွဲ့ဖြစ်သည့် OCHA မှသိရသည်။


သျှမ်းသံတော်ဆင့်/ဆိုင်ဖူး

http://ift.tt/1lQu8oX







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tVd21N

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...