Skip to main content

ကျပ်သိန်းတစ်ရာကျော် ချီးမြှင့်မည့် Gaming Festival ကျင်းပရန် စီစဉ် စ ချိုကိုြ...



ကျပ်သိန်းတစ်ရာကျော် ချီးမြှင့်မည့် Gaming Festival ကျင်းပရန် စီစဉ်



စ ချိုကို



မြန်မာနိုင်ငံတွင် အမြင့်ဆုံး ဆုကြေးဖြစ်သော ကျပ်သိန်းတစ်ရာကျော် ချီးမြှင့်သွားမည့် Myanmar Gaming Festival 2014 (MGF 14) ကို လာမည့်သြဂုတ်လနှင့် စက်တင်ဘာလများတွင် ကျင်းပသွားရန် စီစဉ်နေ သည်ဟု အဆိုပါ ဂိမ်းပြိုင်ပွဲ ပြုလုပ်ပေးမည့် August Myanmar Media Group မှ တာဝန်ခံအယ်ဒီတာ ကိုငြိမ်းချမ်းက ပြောသည်။



အဆိုပါ Myanmar Gaming Festival တွင် Game ပြိုင်ပွဲများ၊ ပြပွဲများလည်း ပါဝင်မည် ဖြစ်သည်။ ဂိမ်းပြိုင် လပွဲတွင် အသက် ၁၃ နှစ်ပြည့်ပြီးသူတိုင်း ပါဝင်ကစားနိုင်ပြီး ကစားလိုသူများအနေဖြင့် အွန်လိုင်းတွင် Registration ဖောင်များ ရယူနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကာ အခမဲ့ဝင်ရောက်ယှဉ် ပြိုင်ကစားနိုင်မည် ဖြစ်သည်။



ဂိမ်းပြိုင်ပွဲတွင် DOTA 2၊League of Legends (LOL)၊ Counter Strike: Global Offensive၊ FIFA 2014၊ Cosplay Competition စသည့် ဂိမ်းပေါင်းစုံ ပါဝင်လာမည် ဖြစ်သည်။



ကိုငြိမ်းချမ်းက “လာမယ့်နှစ်ပတ်လောက်အတွင်းမှာ ပြိုင်ပွဲဝင်အမည်စာရင်းပေးသွင်းတာ စလက်ခံနိုင်မယ်။ ပြိုင်ပွဲ ကျင်းပတဲ့အသေးစိတ် အချက်အလက်ကို ပြိုင်ပွဲစာရင်း စတင်လက်ခံတဲ့အချိန်လောက်မှာ ထုတ်ပြန် ကြေညာသွားပါ့မယ်”ဟု ပြောသည်။



DOTA 2 ပြိုင်ပွဲဝင်များအနေဖြင့် အရည်အချင်းစစ် ပြိုင်ပွဲများကို Online တွင် သုံးရက်ကြာ ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။ထို့နောက် ပြိုင်ပွဲဝင်အသင်း ၁၆ သင်းကို ထပ်မံရွေးချယ်ကာ အွန်လိုင်းတွင် အုပ်စုဖွဲ့ကစား ကာ အသင်းရှစ်သင်း အဆင့်တွင် လူကိုယ်တိုင် ပြိုင်ပွဲတွင် လာရောက်ကစားရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။ အဓိကအဆင့်သို့ တက်ရောက်သော အသင်းရှစ်သင်းကို အနည်းဆုံးဆုငွေ ကျပ်နှစ်သိန်း စတင်ချီးမြှင့်မည် ဖြစ်သည်။ Dota 2 ပြိုင်ပွဲက နောက်ဆုံးအနိုင်ရရှိသည့် အသင်းကို ကျပ်သိန်းငါးဆယ်၊ ဒုတိယ အသင်းကို ကျပ်ဆယ်သိန်းနှင့် တတိယအသင်းကို ကျပ်ငါးသိန်းချီးမြှင့်သွားမည် ဖြစ်သည်။



အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်၍ Gamer တစ်ဦးဖြစ်သူကိုကြည်သာမောင်က “တရုတ် နဲ့ ကိုရီးယားတို့လို နိုင်ငံတွေမှာ ဒီလိုဂိမ်းပြိုင်ပွဲတွေ အမြဲလုပ်ကြတယ်။။ ကျွန်တော်တို့ဆီမှာလည်း အရင်က MICT Park ထဲ မှာ Counter နဲ့ Data ပြိုင်ပွဲမျိုးတွေ လုပ်ဖူးတယ်။ ခုပြိုင်ပွဲမှာ ဂိမ်းကစားနည်းစုံတယ်။ အခမဲ့ ယှဉ်ပြိုင်ခွင့် လည်းရတယ်ဆိုတော့ ကြိုဆိုပါတယ်”ဟု ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1oMgVRt

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...