ရခိုင် ပြည်နယ်တွင် နှစ်နှစ်ဆက်တိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ရုံးမှ သိရသည်။ ရခိုင် ပြည်နယ်တွင် ၂၀၁၂ ခုနှစ် က ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် ၂၀၁၃ ခုနှစ်တွင် အောင်ချက် ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ယခု နှစ်တွင် လည်း ယခင်နှစ် ကထက် အောင်ချက် ရာခိုင်နှုန်း ထပ်မံ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လက် ကြိုးစား နေမှာပါ။ ဒီနှစ်က Moder -ation မရှိတာလည်း ပါမှာပေါ့ ဟု ရခိုင် ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး (စီမံ) ဦးလှစိန်ထွန်း က The Messenger သတင်းစာ သို့ ပြောသည်။ ရခိုင် ပြည်နယ် တစ်ခုလုံးတွင် ၂၀၁၄ ခုနှစ်၌ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း (၂၅၄၆၅) ဦး ရှိခဲ့ရာ (၄၆ ၃၉) ဦး အောင်မြင်ခဲ့ပြီး၊ အောင်ချက်ရာနှုန်း (၁၈ ဒသမ ၂၂) ရာခိုင်နှုန်း ရှိခဲ့သည်။
ရခိုင်ပြည်နယ်တွင် (၂) နှစ် ဆက်တိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ကျ - သစ်ထူးလွင် (နေ့စဥ�
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1lhp29b
Comments
Post a Comment