Skip to main content

လစာ သိန်း ၃၀ သာရသည့် အားကစားဝန်ကြီး တစ်လ သိန်း ၆၀၀ စိုက်ထုတ်သုံးစွဲနေဟုဆို သြော...



လစာ သိန်း ၃၀ သာရသည့် အားကစားဝန်ကြီး တစ်လ သိန်း ၆၀၀ စိုက်ထုတ်သုံးစွဲနေဟုဆို



သောကြာ



၂၀၁၅ ခုနှစ် စင်ကာပူဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအားကစားအဖွဲ့မှ ကစားသမားများ လေ့ကျင့်ပေးရန် နိုင်ငံခြားသား နည်းပြများ ခေါ်ယူလျက်ရှိပြီး နည်းပြခေါ်ယူရာတွင် နိုင်ငံတော်မှချပေးသည့် ဘတ်ဂျက် ငွေနှင့်မလုံလောက်၍ အားကစားဝန်ကြီး ဦးတင့်ဆန်းမှ လစဉ် ကျပ် သိန်း ၆၀၀ ခန့် စိုက်ထုတ်သုံးစွဲနေရသည်ဟု အားကစားဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးဋ္ဌေးအောင်က မဇ်္ဈိမသို့ ပြောသည်။



အားကစားဝန်ကြီးဌာနအနေဖြင့် လာမည့် စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအတွက် နိုင်ငံခြားသားနည်းပြများ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းကုန်ကျစရိတ်အတွက် နိုင်ငံတော်မှ ကျခံမှုမှာ အနည်းငယ်သာ ရှိခဲ့သည်။



မြန်မာအားကစားအဖွဲ့များအတွက် ငှားရမ်းထားသော နိုင်ငံခြားနည်းပြ အရေအတွက်မှာ ဦးရေ ၆၀ ကျော်ရှိမည်ဖြစ်ပြီး လစာမှာလည်း တစ်လအတွက် ဒေါ်လာ ၁,၅၀၀ မှ ၂,၀၀၀ ကြားတွင် အသုံးပြုနေရသည်။



သို့သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် သုံးလတာကာလအတွက် နည်းပြ အယောက် ၃၀ ကိုသာ ငှားရမ်းရန် ဆုံးဖြတ်ချက်ချခဲ့ပြီး ကျန်ရှိနေသေးသည့် ငှားရမ်း စရိတ်များကို ဦးတင့်ဆန်းက စိုက်ထုတ် သုံးစွဲရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။



“၂၀၁၄-၁၅ နှစ်မှာ နည်းပြအင်အား ၃၀ ကို သုံးလစာပဲ ငှားခွင့်ရပါတယ်။ သို့သော်လည်းပဲ တကယ်တမ်း သုံးလနဲ့ နည်းပြ တစ်ယောက်ကို ဘယ်လိုမှ လုပ်လို့မရတဲ့အတွက် ၀န်ကြီးက ထပ်ငှားပါ။ လိုရင် ကျွန်တော် စိုက်မယ်လို့ ပြောပါတယ်” ဟု ဦးဌေးအောင်က ဆိုသည်။



မြန်မာ အားကစားအဖွဲ့များအနေဖြင့် စင်ကာပူဆီးဂိမ်းကာလ မတိုင်မီအထိ နိုင်ငံခြားနည်းပြများကို ငှားရမ်းမည်ဆိုပါက ၁၂ လ နီးပါး ငှားရမ်းအသုံးပြုရမည်ဖြစ်သောကြောင့် အစိုးရဘတ်ဂျက် ကုန်ဆုံးသည့် အချိန်တွင် အားကစားဝန်ကြီး စိုက်ထုတ်သုံးစွဲရမည့်ငွေမှာ တစ်လအတွက် သိန်းတစ်ထောင်ကျော် ပမာဏသို့ ရောက်ရှိသွားမည် ဖြစ်သည်။



“၀န်ကြီးက သူ့လက်ထက်မှာ လုပ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့ ပြောတယ်။ နိုင်ငံတော်က ဘတ်ဂျက် ခွင့်မပြုလည်း သူ့အိတ်ထဲက စိုက်လုပ်မယ်လို့ ပြောတယ်။ နောင်ကာလဆိုရင် နောက်လူတွေ ဆက်လုပ်ကြပေါ့။ ဒီနည်းပြ ၆၀ မှာလည်း သန်းကို ရာနဲ့ချီပြီး စိုက်ရမှာပါ။ လူ ၆၀ ကျော်ကို တစ်လ နှစ်ထောင်နဲ့ပဲ တွက်ကြည့်ဦး တစ်လကို ဘယ်လောက်ကျ သွားမလဲ။ လာမယ့် (၆) လပိုင်း စင်ကာပူ ဆီးဂိမ်းအထိ တောက်လျှောက်ငှားမယ်ဆိုရင် နောက်ထပ် ၁၂ နှစ်လ ကျန်သေးတယ်။ အဲဒါတွေအတွက် ၀န်ကြီးက နိုင်ငံတော် ဘတ်ဂျက်မပေးလို့ ကျွန်တော် စိုက်လှူမယ်လို့ ပြောပါတယ်” ဟု ဦးဌေးအောင် က ထပ်မံပြောသည်။



ယခုနှစ် ဧပြီလ ၁ ရက်မှစ၍ ပြည်ထောင်စုဝန်ကြီးတစ်ဦးအတွက် တစ်လလျှင် လစာငွေမှာ သိန်း ၃၀ ခံစားခွင့်ရရှိထားသည့် အခြေအနေတွင် အားကစားဝန်ကြီးက တစ်လအတွက် သိန်းပေါင်းရာချီ၍ စိုက်ထုတ်သုံးစွဲခဲ့ခြင်းလည်း ဖြစ်သည်။



လက်ရှိအချိန်တွင် စင်ကာပူဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အားကစားသမားများအား လေ့ကျင့်သင်ကြားပေးမည့် နိုင်ငံခြားသား နည်းပြ ၄၆ ဦး ဧပြီလအတွင်းက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၁၈ ဦး ထပ်မံ ရောက်ရှိရန် ကျန်ရှိနေသေးသည်။ နိုင်ငံခြားသားနည်းပြ အများစုမှာ တရုတ်နိုင်ငံမှဖြစ်ပြီး ကျန်နည်းပြများမှာ ထိုင်းနှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပြများ ဖြစ်ကြသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1hybiHK

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...