Skip to main content

သစ်တောထွက်ပစ္စည်း စိုက်ပျိုးထုတ်လုပ်သူ ၂၆ ဦး နီပေါသို့ လေ့လာရေး သွားရောက်မည် ရန...



သစ်တောထွက်ပစ္စည်း စိုက်ပျိုးထုတ်လုပ်သူ ၂၆ ဦး နီပေါသို့ လေ့လာရေး သွားရောက်မည်



ရန်ကုန်၊ ဇွန် ၈



သစ်တောဖုံးလွှမ်းမှု ဧရိယာ တဖြည်းဖြည်း လျော့ကျလာသည့်အပြင် အစုအဖွဲ့ပိုင်သစ်တော (CF) တည်ထောင်မှု အောင်မြင်မှု နည်းပါးနေဆဲ ဖြစ်သော မြန်မာနိုင်ငံမှ သစ်တောထွက်ပစ္စည်း စိုက်ပျိုးထုတ်လုပ်သူ ၂၆ ဦးသည် ဒေသခံ အစုအဖွဲ့ပိုင် သစ်တောများ အောင်မြင် ဖြစ်ထွန်းနေသော နီပေါနိုင်ငံသို့ ဇွန်လ ၉ ရက်မှ ၁၆ ရက်နေ့အထိ လေ့လာရေး သွားရောက်မည် ဖြစ်ကြောင်း မြန်မာ့ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေးကွန်ရက် (MERN) အမှုဆောင်အရာရှိချုပ် ဦးအောင်သန့်ဇင်က ပြောကြားသည်။



ယင်းခရီးစဉ်တွင် မြန်မာနိုင်ငံမှ သစ်တောထွက် ပစ္စည်းများနှင့် သစ်တော အခြေခံထုတ်ကုန် ပြုလုပ်နေသော ဒေသခံများ၊ အစုအဖွဲ့ပိုင် သစ်တောစိုက်ပျိုးနေသူများ၊ သစ်တောဦးစီးဌာနမှ အရာရှိများ၊ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။



နီပေါတွင် ရေရှည်စီမံကိန်းများ သေချာရေးဆွဲကာ အစုအဖွဲ့ပိုင် သစ်တောများကို တိုင်းအဆင့် မြို့နယ်အဆင့်၊ ကျေးရွာအဆင့် သစ်တော အသုံးပြုသူများအဖွဲ့ဟု ဖွဲ့စည်းပြီး ပူပေါင်း လုပ်ဆောင်ခြင်းအပြင် ဥပဒေ အားကောင်းခြင်းကြောင့် နီပေါတွင် CF အောင်မြင်ခြင်း ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးများ ပြုလုပ်နေသော အဖွဲ့ဖြစ်သည့် ဗဟုသုတရပ်ဝန်းမှ သစ်တောပညာရှင် ဦးအေးမိုးနိုင်က ပြောကြားသည်။



နီပေါနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံအကြား သစ်တောနှင့် ဆက်စပ်သည့် နည်းပညာများ ဖလှယ်ရေး ဆွေးနွေးမည် ဖြစ်ပြီး သစ်တောကဏ္ဍ ဖွံ့ဖြိုးရေး နှစ်နိုင်ငံလုံးမှ အစုအဖွဲ့ပိုင် သစ်တောအသုံးပြုသူ အဖွဲ့များ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း MERN အမှုဆောင်အရာရှိချုပ် ဦးအောင်သန့်ဇင်က ပြောကြားသည်။



“ကိုယ့်ဒေသမှာ ငြိမ်းချမ်းလာတာနဲ့အမျှ သစ်တော တော်တော်ပြောင်နေပြီ။ ဒီမှာက သစ်ကို တန်ဖိုးထားရမှန်း မသိဘူး။ တရားဥပဒေစိုးမိုးမှု အားနည်းတယ်။ တရုတ်မှာဆိုရင် မရဘူး။ သစ်ပင်သေး သေးလေးတောင် လက်ဆော့ပြီး မချိုးရဘူး” ဟု ကချင်ပြည်နယ် ခေါင်လံဖူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဒါဝိက ပြောကြားသည်။



ကချင်ပြည်နယ်ရှိ အစုအဖွဲ့ပိုင် သစ်တောများသည် ကျေးရွာ ထင်းစိုက်ပျိုးနိုင်သည် အထိသာ ရှိသေးသောကြောင့် ပြုန်းတီးနေသော သစ်တောများ တည်မြဲရန် အမြန်ဆုံး အစားထိုး ပြန်လည် စိုက်ပျိုးနိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်း နီပေါခရီးစဉ်တွင် ပါဝင်သူ ၎င်းက ဆက်လက် ပြောကြားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1pUV9Pa

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...