ပြည် ဒီဇင်ဘာ ၅
ရွှေတောင်မြို့မ ရဲစခန်းအပိုင် ရဲစခန်း အရှေ့တောင်ဘက် ငါးမိုင် ခန့်အကွာ ဝါးတောအုပ်စု ဘို့လည် ကုန်းကျေးရွာ၌ ယာဉ်တိုက်မှုဖြစ် ပွားကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင် ရွှေတောင်မြို့မရဲစခန်းမှ ဒုရဲအုပ်သန်းလင်းဦးသည် တာဝန်ရှိသူ များနှင့် သတင်းအရသွားရောက် စစ်ဆေးရာ ဝါးတောအုပ်စု ဘို့လည် ကုန်းရွာ ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင်အမှတ်(၁၆၅/၁နှင့် ၁၆၅/ဝ)ကြားတွင် ရွှေတောင်မြို့ ဘုရားသုံးဆူပွဲတော်မှ ပြန်လာသော သဲကုန်းမြို့နယ် တံခွန်တိုင်အုပ်စု မအူကန်ရွာနေ ကိုကျော်မြိုင်(၄ဝနှစ်)သည် ခရီးသည်၁၄ ဦးတင်ဆောင် လာသော နံပါတ်မပါ အပြာရောင် ထော်လာဂျီအား ပြည်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အသေး လေး(ခ) ကျော်မင်းထွန်း(၃ဝနှစ်) ခန့် (စုံစမ်းဆဲ) ဗိုလ်တထောင်ရပ်ကွက် စက်မှုကွက်သစ် ပြည်မြို့နေသူ မောင်း နှင်လာသော ယာဉ်အမှတ် ၃စ/ ....အဝါနှင့်အပြာကြား ဖူဆို မျိုးဆက်သစ်ယာဉ်က နောက်မှ ကျော်တက်စဉ် ဝင်ရောက်တိုက်မိ၍ ထော်လာဂျီပေါ်ပါ ခရီးသည် အမျိုးသားတစ်ဦး၊ အမျိုးသမီး သုံးဦးသေဆုံးပြီး ယာဉ်မောင်းအပါ အဝင် အမျိုးသားသုံးဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁ဝ ဦး ဒဏ်ရာရရှိခဲ့ သည်။
မျိုးဆက်သစ်ယာဉ်မှ ခရီးသည် များကို ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်မှူးရဲမှူး သန်းထွန်း၊ ဒုရဲမှူး အောင်နိုင်နှင့်အဖွဲ့က ပြင်ပကားတစ်စီး ဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး သေဆုံး သူများနှင့် လူနာများအား ရွှေတောင် မြို့ နာရေးကူညီမှုအသင်းက ကူညီ ဆောင်ရွက်ပေးခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒုရဲအုပ်သန်းလင်းဦးက ယာဉ်မောင်း အသေးလေး(ခ) ကျော်မင်းထွန်းအား ဖမ်းဆီးရမိရေးအတွက် စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရ သည်။
(မြန်မာ့အလင်း)
http://ift.tt/1xK4A5u
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/12KswvE
Comments
Post a Comment