Skip to main content

အိန္ဒိယနယ်စပ် စစ်စခန်းတခုကို စစ်သွေးကြွများ တိုက်ခိုက်၊ ၁၀ ဦး သေဆုံး







အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ် အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယား ပြည်နယ်မှာ စစ်သွေးကြွတွေက အိန္ဒိယ စစ်တပ်စခန်းထဲကို ဒီဇင်ဘာ ၅ ရက်နေ့က ခိုးဝင်ခဲ့ပြီး ကတုတ်ကျင်းထဲက စစ်သားနဲ့ ရဲ ၁၀ ဦးကို သတ်ခဲ့ပါတယ်။

ဒါဟာ ပါကစ္စတန်ကလည်း ပိုင်တယ်လို့ အငြင်းပွားနေတဲ့ ဟိမဝန္တာဒေသမှာ အချိန် ၁ နှစ်ကျော် အတွင်း အဆိုးရွားဆုံး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဆုံးရှုံးမှု ဖြစ်ပါတယ်။


လတ်တလော သီတင်းပတ်တွေ အတွင်း တိုက်ခိုက်မှုတွေဟာ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်နဲ့ တိုက်ဆိုင် နေပါတယ်။


စီးပွားရေးတိုးတက်ဖို့ အာရုံစိုက်နေတဲ့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီက လုံခြုံရေးခြိမ်းခြောက်မှုတွေကို ဘယ်လို ဖြေရှင်းလဲဆိုတဲ့ စမ်းသပ်ချက်လည်း ဖြစ်ပါတယ်။


ဒီလအတွင်း နိုင်ငံခြားတပ်အများစုက အာဖဂန်နစ္စတန်က ပြန်ဆုတ်မှာဖြစ်လို့ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေက ကက်ရှ်မီးယားကို အာရုံစိုက်လာမှာ အိန္ဒိယက အဆိုးရွားဆုံး ကြောက်ရွံ့နေတာပါ။


စစ်သွေးကြွတွေက အမြောက်တပ်ပတ်လည်က ဝိုင်ယာ ခြံစည်းရိုးကို ဖြတ်တောက် ဝင်လာခဲ့ပြီး ဗုံးသီးလောင်ချာနဲ့ ကတုတ်ကျင်းထဲက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တာလို့ စစ်တပ်အရာရှိတဦးက ပြောပါတယ်။


နာရီအတော်ကြာ အပြန်အလှန်တိုက်ပွဲအတွင်း စစ်သွေးကြွ ၆ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ရုံး ဒုဝန်ကြီး ဂျစ်တန်ဒြာ ဆင်းဂ်ကတော့ ပြည်နယ်အတွင်း မဲပေးမှုကို နှောင့်ယှက်ဖို့တိုက်တာလို့ ပြောပါတယ်။


ဒီလအတွင်း ပဋိပက္ခဖြစ်ပွားနေပြီး ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့တဲ့ ပြည်နယ်ရဲ့ ရွေးကောက်ပွဲအတွက် ထောင်သောင်းချီနေတဲ့ ပြည်သူတွေ မဲပေးခဲ့ကြပြီးပါတယ်။


ဝန်ကြီးချုပ်ရဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒီပါတီဟာ ဟိန္ဒူဘာသာဝင်တွေ ကြီးစိုးတဲ့ ဂျမူးနဲ့ ဗုဒ္ဓဘာသာဝင်တွေ များတဲ့ လာဒက်ခ်ပြည်နယ်တွေမှ မဲတွေရပေမယ့် ကက်ရှ်မီးယားမှာ မဲနိုင်ဖို့က အသည်းအသန် ဖြစ်နေတာပါ။


မွတ်စလင်အများစုဖြစ်တဲ့ ကက်ရှ်မီးယား ပြည်နယ်အတွင်း ခွဲထွက်ရေးနဲ့ လွတ်လပ်ရေးယူဖို့ အတွေးအခေါ်တွေ မြင့်မားနေပါတယ်။


ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆော်သြထားပြီး အိန္ဒိယအစိုးရကလည်း ၆၇ နှစ်ကြာ အငြင်းပွားမှုကိုဖြေရှင်းဖို့ ပါကစ္စတန်အစိုးရနဲ့ ဆွေးနွေးဖို့ တိုက်တွန်းပါတယ်။


ပါကစ္စတန်ကတော့ ဗြိတိန်က အိန္ဒိယကို အုပ်ချုပ်စဉ်က ပိုင်းကန့်ထားခံရတဲ့ ကက်ရှ်မီးယားဒေသကို သူတို့ပိုင်အဖြစ် ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။ အိန္ဒိယကတော့ ငြင်းဆန်ထားပါတယ်။


By ဒီဗွီဘီ

http://ift.tt/12KMeHu






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/127X9u6

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...