Skip to main content

Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း







• ဆရာရှင့် သမီးညာဘက်နံရိုးအောက်ဝမ်းဗိုက်ကနာပါတယ်။ ဖြစ်တာ ၄နှစ်လောက်ရှိပါပြီ နာလိုက် ပျောက်လိုက် ဖြစ်တတ်ပါတယ်။ ၂ဝ၁၄ မှာ နာတာစိပ်လာသလို ညာဘက်စောင်းအိပ်လည်း နာပါတယ်။ ဆေးခန်းပြကြည့်တော့ အသည်းအဆီဖုံးတယ်လို့ ပြောပါတယ်။ သောက်ဆေးကတော့ URSA-S ဆေးကို တနေ့ ၁ လုံး သောက်ဖို့ ပြောပါတယ်။ ဆေးစွဲသောက်ဖို့လိုပါသလားဆရာ။ အသည်းကင်ဆာ ဖြစ်မှာလည်းကြောက်ပါတယ်ဆရာ။ လိုအပ်သည်များကို ပြည့်စုံစွာ ဖြေကြားပေးစေချင်ပါတယ်။

• ကျွန်တော်အသက်က ၂၅ နှစ်ပါဆရာ။ ကျွန်တော်ကို အသည်း ဆီဖုံးချင်နေတယ်လို့ ပြောပါတယ်ဆရာ၊

• ကျွန်တော်ဘယ်လို့ ကုသနိုင်ပါသလဲဆရာ၊ အသည်းဆီမဖုံးအောင် ဘယ်လို နေထိုင်၊ ပြုမှူ၊ စားသောက်၊ လေ့ကျင့်ရပါသလဲဆရာ။

• အခု ကျနော်အသက် (၆၉) နှစ်ပါဆရာ။ အစားအသောက်မပျက်ပါ။ Ultrasound ရိုက်တော့ အသည်း အဆီဖုံးတယ်လို့ ပြောပါတယ်ဆရာ။ သောက်ဆေးလေးများညွှန်ပေးပါဆရာ။

အသည်းနဲ့ အရက် ဆက်နေတာလူတိုင်းသိကြပါတယ်။ ခက်တာကသိပေမဲ့ မဆင်ခြင်နိုင်ကြဘူး။ အရက်ဖြတ်စာ ရေးမှာ မဟုတ်ပါ။ အရက်မသောက်ဘဲလဲ အသည်းမှာရောဂါဖြစ်နိုင်တာ ရေးပါရစေ။


FLD အသည်းအဆီဖုံးရောဂါသည် အရေအတွက်ဟာ လူအားလုံးပေါင်းရဲ့ ၁ဝ-၂၄% ရှိတယ်။ အဝလွန်သူတွေထဲမှာ ၇၅% က ဒီလို ဖြစ်နေမယ်။ အရက်မသောက်သူတွေက ၃၅% ရှိတယ်။ အသည်းမှာအဆီလာဖုံးနေတဲ့ရောဂါ ကလေး-လူကြီး၊ ယောက်ျား-မိန်မအားလုံးမှာ ဖြစ်နိုင်တယ်။ အသည်းမှာအဆီတွေ လိုတာထက် ပိုစုဝေးလာရင် အသည်း (ဆဲလ်) တွေဟာ နေရာဖယ်ပေးလိုက်ရမယ်၊ သူတို့လုပ်ရမဲ့ အဆိပ်အတောက် ဖယ်ရှားရေးကို အရင်လိုမလုပ်နိုင်တာ ဖြစ်လာတယ်။


(ဖက်တီး-လစ်ဗာ) ဘာလို့ဖြစ်သလဲ၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ ရောဂါဗေဒအရပြောရရင် ကိုယ်ထဲက တခြားနေရာတွေက အဆီတွေ အသည်းမှာလာစုနေလို့၊ အူထဲကအဆီကိုအသည်းကနေများများစုပ်ယူလို့၊ အသည်းကနေ အဆီကိုချေဖျက်တာ သိပ်မလုပ်နိုင်လို့။ ဒါပေမဲ့ အဆီများများစားတိုင်း အသည်းမှာအဲလိုအဆီမများစေပါ။


အရက်၊ အဝလွန်တာ၊ အစာငတ်ခံတာ၊ ဆီးချို၊ (စတီရွိုက်ဆေး)၊ Carbon tetrachloride နဲ့ Yellow phosphorus အဆိပ်သင့်ခြင်း၊ Cushing's syndrome ရောဂါ နဲ့ Hyperlipidemia သွေးထဲမှာအဆီများရောဂါတွေကနေ ဖြစ်လာစေနိုင်တယ်။ Microvesicular fatty liver ဆိုတဲ့ အသည်းအဆီများနေတာမျိုးကတော့ Valproic acid နဲ့မသင့်တာ၊ (တက်ထွာဆိုက်ကလင်း) ဆေးများတာ၊ ရက်လွန်တာနဲ့ ကိုယ်ဝန်ဆောင်တာတွေကနေ ဖြစ်စေနိုင်တယ်။


Amiodarone, Methotrexate, Diltiazem, Highly active antiretroviral therapy, Glucocorticoids, Tamoxifen, Phosphorus, Mushroom poisoning ဆေးတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။ Inflammatory bowel disease, HIV, Hepatitis C (genotype 3), Alpha 1-antitrypsin deficiency ရောဂါတွေနဲ့လဲဆက်ဖြစ်နိုင်တယ်။


အရက်နဲ့ ဆက်ဖြစ်တာကို Alcoholic steatosis ဒါမှမဟုတ် Non-alcoholic fatty liver disease ခေါ်ပြီး၊ အရက်ကနေ ဖြစ်စေတဲ့ ပိုဆိုးတာကို Alcoholic steatohepatitisနဲ့ Non-alcoholic steatohepatitisလို့ ခေါ်တယ်။ အရက်ကြောင့် မဟုတ်တာဟာ Metabolic syndrome ခေါ်ပြီး Diabetes ဆီးချို၊ Hypertension သွေးတိုး၊ Obesity အဝလွန်ခြင်းနဲ့ Dyslipidemia သွေးထဲအဆီများရောဂါအပြင် တခြားရောဂါတွေကနေ ဖြစ်စေနိုင်တယ်။ Hepatitis အသည်းရောင်တာနဲ့ တွဲနေသူလဲရှိတယ်။


လူအတော်များများ အသည်းအဆီဖုံးရောဂါ ရှိနေပေမဲ့ လူကောင်းလိုနေကြသေးတယ်။ စမ်းသပ်တဲ့အခါ အသည်း ကြီးနေတာ တွေ့ရနိုင်တယ်။ အသည်းလုပ်ငန်းကိုသိဘို့ သွေးစစ်ရင် Alanine transaminase (ALT) နဲ့ Aspartate aminotransferase (AST) ခေါ်တဲ့ အသည်းမှာ (အင်ဇိုင်းမ်) တွေ များနေမယ်။ (ALT) နဲ့ (AST) (အင်ဇိုင်းမ်) တွေ များနေတာကအသည်းရောဂါ ရမှသာ ဖြစ်တာမဟုတ်ပါ။ ကြွက်သားရောဂါ ကြောင့်လဲရစေတယ်။ CT scan နဲ့ MRI လုပ်ရင် ပိုသိနိုင်တယ်။ Liver biopsy အသည်းက အသားစထုတ်ယူစစ်ဆေးမှ ရောဂါရှိတာသေခြာမယ်။


• အသည်းနေရာတချို့မှာနာနေတယ်။ သူ့ကိုဖိကြည့်ရင် နာမယ်။

• အားယုတ်မယ်။ အစားပျက်မယ်။

• အသား-ဆီးဝါနေမယ်။

• ကိုယ် (ဗိုက်-ခြေထောက်) ရောင်နိုင်တယ်။

• ပိုဆိုးလာရင် အသည်း (ဆဲလ်) တွေ သေတော့ အမာရွတ် ဖြစ်တာကြောင့် အသည်းခြောက် ရောဂါ ဖြစ်လာမယ်။ ပြန်မကောင်းတော့ပါ။ အသည်းအစားထိုးရမယ်။

• ဆေးမကုဘဲနေရင် တချိန်မှာ ဦးနှောက် ထိခိုက်တာ ဖြစ်လာနိုင်တယ်။

• အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်နေသူတွေထဲက ၁ဝ% ဟာတချိန်မှာ အသည်းကင်ဆာ ဖြစ်လာနိုင်တယ်။


အရက်ကြောင့်မဟုတ်ပဲဖြစ်ရတဲ့ အသည်းအဆီဖုံးရောဂါကနေအသည်းရောဂါ မဖြစ်တာ ၈ဝ% ရှိတယ်။ ၂ဝ% ကတော့ (NASH) ဖြစ်မယ်။ အဲဒီ NASH ထဲက ၂ဝ-၃ဝ% ဟာ အသည်းခြောက်တာနဲ့ အသည်းမကောင်းတော့တာတွေ ဖြစ်လာနိုင်တယ်။


ဘာလို့ဖြစ်သလဲကိုသိမှ ကုသတာမှန်မယ်။ ရိုးရိုးအသည်းအဆီဖုံးတာကိုကုစရာမလိုပါ။ Steatosisကြောင့်ဖြစ်ရင် ပြန်ကောင်းနိုင်တယ်။ ဖြစ်လာမှတော့ နဂိုလို ပြန်မရောက်နိုင်တာများတယ်။ ရောဂါဖြစ်နေတာ နှေးအောင် လုပ်လို့တော့ ရတယ်။ အစောပိုင်းအဆင့် အစားအသောက် ဆင်ခြင်တာ၊ လူနေပုံ ပြင်တာနဲ့ ပြန်ကောင်းနိုင်တယ်။


• ကိုယ်အလေးချိန် လျှော့ချပါ။

• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။

• အဆီလျှော့စားပါ။ အချိုပါ လျှော့စားပါ။

• အရက်ဖြတ်ပါ။

• ဆားခါး၊ ဗီတာမင် စီနဲ့ အီးတွေကအထောက်အကူပေးနိုင်တယ်။

• Ursodeoxycholic acid ဆေးကအကျိုးများစေနိုင်တယ်။

• ဆန်လုံးညို၊ သိပ်ဖြူစင်အောင်ချွတ်မထားတဲ့ အစေ့အဆီတွေကကောင်းတယ်။ Phytic acid ပါနေလို့ ဂျုံကမကောင်းပါ။

• ပေါင်မုံ့ဖြူ၊ ကြက်ဥခေါက်ဆွဲ၊ ကိတ်မုံ့၊ သွားရည်စာတချို့တွေကိုရှောင်ပါ။

• အသီးတွေနဲ့ အသီအရွက်တွေကိုနေ့တိုင်းစားပါ။

• နွားနို့ထဲမှာအဆိပ်ပျယ်ဓါတ်ပါလို့ ကောင်းတယ်။

• ကြာကြာကျော်ထားတဲ့အစာတွေ၊ နှစ်ခါပြန်ကြော်တာတွေ၊ အဆီများအစာတွေ၊ စက်ရုံကနေ ပြုပြင် ထုပ်ပိုးထားတဲ့ အစာတွေ ရှောင်ပါ။

• ဝက်အူတောင့်၊ (ဟော-ဒေါ့ခ်) မတည့်ပါ။

• ကြက်ဥနဲနဲသာစားပါ။

• အချိုရည်၊ ကော်ဖီ၊ အရက်ပါအရည်တွေ မတည့်ပါ။

• အမဲသား၊ ဝက်သားနဲ့စာရင် ကြက်ဆင်နဲ့ ကြက်သားတွေကတော်သေးတယ်။

• (စတီရွိုက်)ဆေး၊ ကြီးထွားဆေး၊ ပဋိဇီဝဆေးတွေ မပါတဲ့ အသားငါးသာရွေးစားပါ။

• ရေများများသောက်ပါ။


ဒေါက်တာတင့်ဆွေ

http://ift.tt/1nTBedj





from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1wwIMNT

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3