ပြန်ပေးဆွဲခံခဲ့ရသည့် ပြင်သစ်လူမျိုး ဆာဂီ လာဇာရေ ဗစ်ခ် |
၂၀၁၁ ခုနှစ်က အယ်လ်ကေဒါတွေရဲ့ မြောက်အာဖရိက စစ်တပ်က ပြန်ပေးဆွဲတာ ခံရပြီး မလွတ်မြောက် သေးတဲ့ ကမ္ဘာ့နောက်ဆုံး ဓားစာခံဟာ ခုတော့ ပြန်လွတ်လာပြီလို့ ပြင်သစ်သမ္မတ ဖရန့်ဆွာ ဟောလန်ဒီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာလက SITE စောင့်ကြည့်ရေး ဝန်ဆောင်မှု အဖွဲ့ဆီက ရတဲ့ ဆာဂီ လာဇာရေ ဗစ်ခ်ရဲ့ ရုပ်သံတွေကတော့ သူလွတ်မြောက်ရေးအတွက် ပြင်သစ်သမ္မတကို အသနားခံနေပုံနဲ့ ကျန်းမာရေး မကောင်းတာကို ညည်းညူ နေပုံတွေကို ပြသထားပါတယ်။
လာဇာရေဗစ်ကို ဆာဟာရဒေသမှာ လှုပ်ရှားနေတဲ့ အယ်လ်ကေဒါဂိုဏ်းခွဲ အာချင်မ်အုပ်စုက မာလီနိုင်ငံမြောက်ပိုင်းကနေ ပြန်ပေးဆွဲခဲ့အပြီး ၃ နှစ်နီးပါး ကြာအောင် ထိန်းသိမ်းထားခဲ့တာပါ။
ပြင်သစ်သမ္မတကတော့ လာဇာရေဗစ်ဟာ နိုင်ဂျာနိုင်ငံမြို့တော် နီယာမေကို ဦးတည်နေပြီး အဲဒီကနေ ပါရီကို ပြန်လာမယ်လို့ ပြောခဲ့ပါတယ်။
By ဒီဗွီဘီ
http://ift.tt/1qsx1oI
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qsRyJS
Comments
Post a Comment