မြန်မာ အစိုးရ စစ်တပ် ဖမ်းဆီး ထားတဲ့ အချိန်မှာ သေဆုံး သွား ခဲ့တဲ့ အလွတ် သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို အာဏာပိုင် တွေက ပြန်ဖေါ် ခွင့် ပြု တော့မှာ ဖြစ်ပါတယ်။
ရွှေဝါချောင် ကျေးရွာ မှာ မြှုပ်ထားတဲ့ ကိုပါကြီး အလောင်း ကို လာမယ့် နိုဝင်ဘာ ၅ ရက် နေ့မှာ ပြန်ဖေါ်မှာ ဖြစ်တယ်လို့ ဇနီး ဖြစ်သူ မသန္တာကို ကျိုက် မရော ရဲ စခန်း က အကြောင်း ကြားလာ တာ ဖြစ်ပါတယ်။
အခုလို အချိန် ကပ်ပြီး အကြောင်းကြား လာတဲ့ အတွက် အလောင်း ပြန် ဖေါ်ပြီးတဲ့ အခါ ဘယ်လို သေဆုံး တယ်ဆိုတာ လွတ်လပ်စွာ စစ်ဆေး နိုင် ဖို့ ပြင်ဆင်မှု အချိန် အရမ်း နည်းနေ တယ်လို့ မသန္တာ ဘက်က လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://ift.tt/1qlz0G5
ကိုပါကြီး အလောင်း ကို လာမယ့် နိုဝင်ဘာ ၅ ရက် နေ့မှာ ပြန်ဖေါ်မယ် |
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qlz0G9
Comments
Post a Comment