Skip to main content

ရွှေဈေး ကျပ် ၆၄၈၅ဝဝအထိကျဆင်း ရွှေထည်ပစ္စည်း ထုတ်ရောင်းသူဦးရေ များလာ



ရန်ကုန် နိုဝင်ဘာ ၁

ရက်ပိုင်းအတွင်း အတက် အကျတည်ငြိမ်မှု မရှိသည့်ပြည်တွင်း ရွှေဈေးနှုန်းများ အောက်တိုဘာ ၃၁ ရက်တွင်အခေါက်ရွှေဈေး တစ်ကျပ် သားလျှင် ကျပ် ၆၄၈၅ဝဝ ဖြင့် ဈေးနှုန်းများ အကျဘက်သို့ ဦး တည်လာခဲ့ကြောင်း ရွှေလုပ်ငန်း ရှင်များထံမှ သိရသည်။


အောက်တိုဘာ ပထမပတ်မှ စတင်၍ ပြည်တွင်းအခေါက်ရွှေ ဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၆၇ဝဝဝဝ ကျော်ဖြင့် ဈေးနှုန်းများ တက်ရိပ်ပြနေရာမှ ဒုတိယပတ် တွင် ဈေးနှုန်းများတစ်ရိပ်ရိပ်ကျ ဆင်းလာခဲ့ပြီး အောက်တိုဘာ ၃ဝ ရက်ကအပိတ်ဈေးကျပ် ၆၆ဝဝဝဝ ကျော်ဖြစ်နေရာမှ ယနေ့အဖွင့်ဈေး တွင် ဈေးနှုန်းကျပ်တစ်သောင်း ကျော်အထိကျဆင်းခဲ့ခြင်းဖြစ်သည်။''ဒေါ်လာကို စောင့်ကြည့်နေရ တယ်။ ဒေါ်လာတက်ရင် ရွှေက ကျနေမှာပါ။ ကမ္ဘာ့ရွှေဈေးလဲကျ နေပြီ။ အခုဈေးတက်တယ်၊ ကျ တယ်လို့တော့ တပ်အပ်ပြောလို့မရ ဘူး။ ဒေါ်လာအခြေအနေကိုပဲ စောင့်ကြည့်မှရမယ်''ဟု ဝါရင့်ရွှေ ကုန်သည်ဦးရွှေကြည်ကပြောသည်။


ရွှေဈေးကွက်အတွင်း ရွှေထည် ပစ္စည်းများကို ထုတ်ရောင်းသည့် သူဦးရေများလျက်ရှိကြောင်း၊ ဈေးနှုန်းများအကျဘက်သို့ဦးတည် လာသည်ဆိုသော်လည်း ဝယ်ယူ စုဆောင်းသူများအနေဖြင့် အဝယ် နည်းပြီး ဈေးနှုန်းကျဆင်းမှုကို ထပ်မံစောင့်ကြည့်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။


ကမ္ဘာ့ရွှေဈေးမှာလည်း တစ် အောင်စလျှင် ဒေါ်လာ ၁၂၄ဝ ဝန်း ကျင်မှ ၁၂ဝ၂ဒေါ်လာအထိကျဆင်း လာခဲ့ပြီး အမေရိကန်ဗဟိုဘဏ် အနေဖြင့် ဘဏ်များကိုချေးငွေ ထုတ်ပေးသည့်အခါ ၈ဝ ဘီလီယံ မှ တဖြည်းဖြည်းချေးငွေလျော့လာ သည့်အတွက် ကမ္ဘာ့ရွှေဈေး ဈေး နှုန်းကျလာခြင်းဖြစ်ကြောင်း ကမ္ဘာ့ ရွှေဈေးစောင့်ကြည့်လေ့လာသုံးသပ် သူများကဆိုသည်။


ပြည်တွင်းရွှေဈေးနှုန်းများမှာ လတ်တလောတွင် အတက်မကြမ်း နိုင်သကဲ့သို့ယခုဈေးနှုန်းထက်လည်း ဆက်လက်ကျဆင်းရန်ဆိုသည်မှာ ခန့်မှန်း၍မရကြောင်း ဈေးကွက် အတွင်းမှ သိရသည်။


မေလွင်

The Union Daily

http://ift.tt/1nuYuOh







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1zZ3vLv

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...