Skip to main content

နင်းပြားဘဝများကြားက ဆိုက်ကား ပရဟိတ ”ဆိုက်ကား အခမဲ့စီး နိုင်ပါတယ်ခင်ဗျာ” ထိုစကာ...



နင်းပြားဘဝများကြားက ဆိုက်ကား ပရဟိတ



”ဆိုက်ကား အခမဲ့စီး နိုင်ပါတယ်ခင်ဗျာ”



ထိုစကားကို ရုတ်တရက်ကြားလျှင်ပင် အံ့သြသွားမည်ထင်သည်။ ငါးဆယ်၊ တစ်ရာတန် ဘတ်စ်ကားများကိုပင် အကြွေမပါသည့်အခါ အလကားစီးရခြင်းနှင့် တန်အောင် အပြောအဆိုခံရတတ်သော မြို့ကြီးပြကြီးတွင် ထိုစကားက အံ့သြစရာဖြစ်သွားနိုင်ပါသည်။သို့သော် သေချာအာရုံစိုက်၍ ဆက်နားထောင်မိပါက ရှင်းလင်းသွား မည်ဖြစ်သည်။



”တရားနာလာသူတွေကို ကုသိုလ်ပြုတာပါ။ အခမဲ့ စီးနိုင်ပါတယ်ခင်ဗျာ”



ကဆုန်လပြည့်နေ့ မဟာသန္တိသုခကျောင်းမှ တရားနာပြန်လာကြသူများအား အပေါက်ဝမှ လူတစ်စုကဆီးကြိုကာ ခေါ်နေခြင်းဖြစ်သည်။”ကျွန်တော်ဒီ အသင်းလေးဖြစ်ပေါ် ဖို့ တော်တော်စည်းရုံးရတယ်။



အခု တော်တော်ပီတိဖြစ်ရတယ်”ဟု ဓမ္မဒါန အနှေးယာဉ်အခမဲ့ ပို့ဆောင်ရေးအသင်း စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ ဦးဖိုးချစ်

က ပြော သည်။၎င်းတို့အသင်းမှ ဆိုက်ကား အစီး ၇ဝ ကျော်ဖြင့် တာမွေ မြို့နယ်အတွင်း ပြုလုပ်သောတရားပွဲများတွင် ဝေယျာဝစ္စကိစ္စများ ပြုလုပ်ပေး

သည့်အပြင် တရားနာပြန်သူများအား ဆိုက်ကားများဖြင့် အခမဲ့လိုက်ပါ ပို့ဆောင်ပေးနေသော အနှေးယာဉ်လုပ်သားများဖြင့် ဖွဲ့စည်းထားသည့် ပရဟိတအသင်းဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှ စတင် ဖွဲ့စည်းခဲ့ကာ အနှေးယာဉ်လုပ်သား ၂ဝ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါအသင်းဝင် ၇ဝ ကျော်အထိ ပါဝင်လာခဲ့ပြီဖြစ်သည်။



”စဖွဲ့တုန်းကတော့ တော်တော်ခက်ခဲတာဗျ။ ယုံကြည်မှု နည်းတာရယ်၊ နောက်ပြီး အနှေးယာဉ်လုပ်သားဆိုတော့ ဝင်ငွေနည်းကြတာရယ်ကြောင့် သိပ်စိတ်မဝင် စားကြဘူး။ ကျွန်တော်တို့ကလည်း အတင်းစည်းရုံးလို့ မရဘူးလေ။ သူတို့ဝမ်းစာက ရှိသေးတယ်။ သူတို့စိတ်ဝင်စားမှပဲ ဝင်ဖို့ပြောရတာ”ဟု အသင်း၏ ဒုဥက္ကဋ္ဌ(ယာယီ) ဦးဖိုးချစ်ကပြောသည်။



အသင်း၏ရည်ရွယ်ချက်မှာ သာသနာတော်ပြန့်ပွားရေးအတွက် အဓိကထားလုပ်ဆောင်ပြီး တရားနာသူများ စိတ်ချမ်းသာစွာနှင့်

တရားနာနိုင်လျှင် တရားနာသူများ တိုးပွား လာမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့်စတင်ဖွဲ့စည်းခဲ့ကာ လိုက်လံပို့ဆောင် သူများထံမှ

အခကြေးငွေ လုံးဝယူခြင်းမရှိဘဲ ဆိုက်ကားကို ဖြည်းဖြည်းမှန်မှန်နင်းပေးရန်၊ ဆိုက်ကားစီးသူများ စိတ်ချမ်း သာစေရန်၊ လိုရာခရီးအား ရောင်အောင်ပို့ပေးရန်၊ တရားပွဲသို့ လာရာတွင် အရက်သေစာသောက်စားခြင်း မပြုရန်၊ ညစ်ညမ်း ရိုင်းစိုင်းသော စကားများကို ပြောဆိုခြင်းမပြုရန်စသည့် စည်း ကမ်းချက်များ

ထုတ်ထားကြောင်း အသင်း၏ ယာယီ ဥက္ကဋ္ဌ ဦးသန်းထိုက်က ပြောသည်။



”ဒီတစ်ခေါက် တရားနာရတာ အဆင်ပြေတယ်လို့ တခြားလူကို ပြောရင် နောက်တစ်ယောက်ကပါ တရားနာဖို့ စိတ်ပါလာမယ်။ ဒီလိုပဲ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ တရား နာပရိသတ်ကတိုးလာရင် သာသနာပြန့်ပွားလာမယ်။ ဒီရည် ရွယ်ချက်ပါပဲ”ဟု ဦးသန်းထိုက်က ဆိုသည်။ အသင်းစဖွဲ့စဉ် မိမိတို့ ကိုယ်ပိုင် ပိုက်ဆံဖြင့်နှိုးဆော်စာများ ရိုက်နှိပ်ခြင်း၊ ဆိုက်ကားဂိတ်များတွင် လိုက်လံဝေငှခြင်း၊ နံရံ များတွင် ကပ်ခြင်းများဖြင့် စည်းရုံးခဲ့ပြီး အသင်းဝင်များမှာလည်း တစ်ဦးချင်းစည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဦးဖိုးချစ်က ဆိုသည်။ မိမိတို့ အနှေးယာဉ်

လုပ်သားများမှာ ဝင်ငွေနည်းခြင်း ကြောင့်အချိန်မပေးနိုင်ခြင်း၊ ထို့အပြင် ပင်ပန်းသည့်အလုပ်ဖြစ် သောကြောင့် အသင်းဖွဲ့ရန် ယုံကြည်မှုနည်းခဲ့သော်လည်း တခြားမြို့နယ်မှ အသင်းဖွဲ့ ဖွဲ့စည်းထားသူတစ်ဦးက နည်း လမ်းများနှင့် အားပေးမှုများကြောင့်သာအသင်းဖွဲ့ဖို့ အင်တိုက် အားတိုက် လုပ်ေ ဆာင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကိုဖိုးချစ်က ဆက်ပြောသည်။



အသင်း၏ ယာယီဥက္ကဋ္ဌ ဦးသန်းထိုက်က အသင်းစဖွဲ့စဉ် ဝင်ငွေနည်းသောသူများ၏ အသင်းအဖွဲ့ဖြစ်သောကြောင့် ရန်ပုံငွေမရှိခြင်း၊ နေရာအတည် တကျမရှိခြင်း များကြောင့် လက်ဖက်ရည်ဆိုင်တွင် အစည်းအဝေးပွဲများ၊ အသင်းလုပ် ဆောင်ချက်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပြီး မိမိလက်ဖက် ရည်ဖိုး မိမိဘာသာရှင်းကာ အစည်း အဝေးတက်စေခဲ့သော ကြောင့် အသင်းဝင်များသည် အမှန်တကယ်စိတ်ပါပြီး ဓမ္မဒါန ဝေယျာဝစ္စကိစ္စများတွင် အားကြိုးမာန်တက် လုပ်ဆောင်နိုင် မည့်သူများဖြစ်သည်ဟု ယုံကြည်ကြောင်း ဆိုသည်။



”တော်ရုံစိတ်နဲ့မလွယ်ဘူး။ ဟိုတစ်လောက တရားပွဲ ဆိုရင် ငါးရက်ဆက်တိုက်လုပ်တာ။ ငါးရက်လုံး အားတက် သရော ကူညီကြတယ်။ ငြိုငြင်မှုမရှိကြဘူး။ ဆိုက်ကား သမား တစ်ယောက်က ငါးရက်ဆက်တိုက် အလုပ်ပျက်ခံပြီး ကူညီနိုင်ဖို့ ဆိုတာ တော်တော်ခက်ခဲမယ်။ စားဝတ်နေရေး ကရှိသေးတာ ကိုး။ အသင်းရေရှည် တည် တံ့နိုင်ဖို့ ကျွန်တော်တို့ စည်းစည်း လုံးလုံးနဲ့ ကြိုးစားလုပ်ဆောင်သွားမှာပါ”ဟု ဦးသန်းထိုက်က ပြောသည်။



အသင်းအတွက် အလှူငွေ လိုက်လံကောက်ခံခြင်းမျိုး မရှိဘဲ အသင်းဝင်များထဲမှ တစ်လလျှင် ၁ဝဝဝ ကျပ် ကောက် ခံပြီး အသင်းအတွက် တူညီဝတ်စုံများနှင့် လိုအပ် သည့်နေရာ များတွင် အသုံးပြုကြောင်း ယာယီဒုဥက္ကဋ္ဌ ဦးဖိုးချစ်က ပြော သည်။ ၎င်းတို့ စဖွဲ့စဉ် တူညီဝတ်စုံမရှိသောကြောင့် တရားနာ လာသူများ အဆင်ပြေစေရန် အမှတ် အသားအဖြစ်ဆိုက်ကား များတွင် သာသနာ့အလံများ လွှင့်ထားခြင်း၊ မိမိတွင်ရှိသည့် အင်္ကျီအဖြူများကို ဝတ်ဆင်လာစေခြင်းများဖြင့် ရန်ပုံငွေအ ခက်အခဲကို ဖြေရှင်း ခဲ့ရကြောင်း ဦးဖိုးချစ်က ဆိုသည်။ စေတနာရှိ၍ လှူလိုသူများကိုလည်း အသင်းက လက်ခံ ပေးပြီး ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။



ဓမ္မဒါနကုသိုလ်ဖြစ် အနှေးယာဉ် အခမဲ့ပို့ဆောင်ရေး အသင်းအတွက် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူး၊ ၁၊ ၂၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ စည်းကမ်းထိန်းသိမ်းရေး စသည့် ကဏ္ဍအသီးသီးဖြင့် စည်းစနစ်တကျ ဖွဲ့စည်းထားပြီး အသင်း၏ လုပ်ဆောင်ချက်များမှာ ဝါတွင်းကာလတွင် ဥပုသ် သီလ ဆောက်တည်နေကြသောယောဂီများ၊ သူတော်စင်သူ တော်ကောင်းများ၊ ဥပုသ်သတင်းဆောက်တည်အပြီး စိတ် လက် ပေါ့ပါးသက်သာစွာ အိမ်ပြန်နိုင်ရန်၊ ဝါပကာလ ဓမ္မပူဇာ တရားပွဲများတွင် တရား နာယူ လိုကြသော သူတော်စင်သူတော် ကောင်းများ၊ ယောဂီများအား စိတ်အေးချမ်းသာစွာဖြင့် တရား နာယူကုသိုလ် ဘာဝနာပွားများနိုင်ရန်၊ အနှေးယာဉ် လုပ်သား များ၊ တစ် ဦးနှင့်တစ်ဦး ချစ်ကြည်စွာပေါင်းသင်းဆက်ဆံ၍ စုပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိရန်၊ အသင်းဝင် အနှေးယာဉ်လုပ်သားများ၏ သာရေး နာရေး ကိစ္စ အဝဝတို့အား စုပေါင်းကူညီဆောင်ရွက်ပေးနိုင်ရန်တို့ဖြစ် ကြောင်း အသင်း၏ ဖွဲ့စည်းပုံဇယားများအရ သိရသည်။



”ကျွန်တော်ဆိုရင် ဒီအသင်းကို ဝင်ချင်လွန်းလို့ ဆိုက် ကား အပိုင်ဝယ်လိုက်တာ။ အစကအငှားဆိုတော့ ည ၈ နာရီ ဆိုရင် ပြန်အပ်ရတာ။ တရားပွဲတွေရှိရင် အဆင် မပြေတော့ဘူး။ ကိုယ်ပိုင်ဆိုတော့ ဘယ်အချိန်လိုက်ပို့ပို့ အဆင်ပြေတယ်”ဟု အသင်းဝင် ကိုကျော်ဇင်လတ်က ပြောသည်။



အနှေးယာဉ်လုပ်သားများတွင်အရက်သောက်စားသူများ၊ လောင်းကစားဝါ

သနာထုံသူများကြောင့် ငွေကြေးသုံးစွဲမှု မြင့်တက်ပြီး ဆိုက်ကားငှားရမ်းစရိတ်များ မပေးနိုင်ခြင်း၊ အိမ် စရိတ်ထောက်ပံ့နိုင်ခြင်းမရှိဘဲ မိသားစုနှင့် စကားများခြင်းများ မကြာခဏ ဖြစ်ပေါ်သောကြောင့် အသင်းမှ ထိန်းညှိခြင်းများ လုပ်ဆောင်ပေးခြင်း၊ အသင်းရန်ပုံငွေထဲမှ မိသားစု ပြန်လည် ထူထောင်ရန် စိုက်ထုတ်ချေးပေးခြင်းနှင့် လမ်းမှန်ပြန်ရောက် စေရန် ကူညီဆောင်ရွက်ပေးခြင်းများအပြင် ...



ဆက်လက်ဖတ်ရန် >> http://ift.tt/1kz1nAs







from Popular Myanmar News Journal's Facebook Wall http://ift.tt/1kz1lsr

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...