Skip to main content

ဝက်လက်၊ ကန့်ဘလူ၊ မော်လိုက်နှင့် ဟင်္သာတတို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး...



ဝက်လက်၊ ကန့်ဘလူ၊ မော်လိုက်နှင့် ဟင်္သာတတို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်မည်



ရန်ကုန်၊ မေ ၂၄



တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ဝက်လက်မြို့နယ်၊ ချင်းတွင်း အထက်ပိုင်းဒေသ မော်လိုက်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တို့၌ မေလ ၂၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ပွဲများ ကျင်းပမည် ဖြစ်ကြောင်း ယင်းမြို့နယ်များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက ပြောကြားသည်။



စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့၌ မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် NLD အဖွဲ့ဝင်များက ဦးဆောင်၍ လူအင်အား ၅၀၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်မည် ဖြစ်ရာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အပါအဝင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟု ယင်းမြို့နယ် NLD အဖွဲ့ဝင်များက ပြောဆိုသည်။



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ချက်ချင်းပြင်၊ လေးပွင့်ဆိုင် ဆွေးနွေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ နိုင်ငံသား အခွင့်အရေး တန်းတူရေး ဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ နံနက် ၇ နာရီတွင် ထန်းတပင်-ဇီးကုန်း (တ) ကျေးရွာ မြို့မဘောလုံးကွင်း၌ လူစုပြီး ဆေးရုံလမ်းထောင့်မှ အနောက်ဘက် ဈေးလမ်းထောင့်၊ ဈေးထောင့်မှ ဈေးအရှေ့ဘက်လမ်း၊ ဈေးမြောက်ဘက် ဘူတာလမ်း၊ ဘုရားလေးလမ်းမြောက်ဘက် သံလမ်းကူး ရွှေဖောင်ဦးကျောင်း လမ်းထောင့်မှတစ်ဆင့် မူလစုရပ်သို့ မွန်းလွဲ ၂ နာရီထိ ဆန္ဒထုတ်ဖော်မည်ဟု ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာဥက္ကဋ္ဌ ဦးမျိုးဝင်းမောင်က ပြောကြားသည်။



မော်လိုက်ခရိုင် အတွင်းရှိ ကျေးရွာအုပ်စု ၃၂ ခုရှိ NLD အဖွဲ့ဝင်များနှင့် ဒေသခံများ တစ်ထောင်ကျော်ဖြင့် နံနက် ၈ နာရီတွင် ဆန္ဒဖော်ထုတ်မည် ဖြစ်ရာ မြို့မကျောင်းတွင် စုရပ်အဖြစ် ထားရှိပြီး အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ရေးတို့အတွက် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်မည်ဟု ယင်းခရိုင် NLD ပါတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ရှင်းပြသည်။



“ကျွန်တော်တို့ လူဦးရေ တစ်ထောင်ကျော် ခွင့်ပြုပေးဖို့ တင်ပြတာကို သုံးရာကျော်ပဲ ခွင့်ပြုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ထောင်ကျော်နဲ့ ဆန္ဒပြကြမှာပါ” ဟု ၎င်းက ပြောဆိုသည်။



ဟင်္သာတမြို့နယ်၌ ဆန္ဒဖော်ထုတ်ပွဲနှင့်အတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီ နာယက ဦးတင်ဦးနှင့် ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်တို့က ဟောပြောမည် ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌက ပြောကြားသည်။



ဟင်္သာတခရိုင်အတွင်း မြို့နယ်ခြောက်ခုမှ NLD ပါတီဝင်များနှင့်၊ ဟင်္သာတခရိုင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပထမဆုံး လက်မှတ်ရေးထိုး ဟောပြောပွဲ ဖြစ်ပြီး သဘာပတိ ဦးတင်ဦးအနေနှင့် ဟင်္သာတမြို့သို့ ပထမဆုံး လာရောက် ဟောပြောခြင်း ဖြစ်သည်ဟု ပြောဆိုသည်။



“ဒီပွဲက ဟင်္သာတခရိုင်မှာ ရှိတဲ့ မြို့နယ်ခြောက်ခုက NLD ပါတီဝင်တွေ အပြင် စိတ်ဝင်စားတဲ့သူတွေလည်း လာကြမယ်။ လူဦးရေ ၂၀၀၀ ကျော် တက်မယ်လို့ မှန်းထားတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး NLD ပါတီ အလုပ်အမှုဆောင် ဦးဝိုင်းမောင်စိုးက ဖြည့်စွက် ပြောကြားသည်။



မြန်မာနိုင်ငံ ဒေသအနှံ့ရှိ မြို့ကြီးများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ၊ ဃ) ပြင်ဆင်ရေးတို့အတွက် ဆန္ဒဖော်ထုတ်ပွဲများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များက ဦးဆောင်ခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လက်ခံနိုင်သော်လည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ၊ ဃ) ပြင်ဆင်ရေးကို လက်မခံသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များကလည်း ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပလျက် ရှိသည်။

from The Voice Weekly's Facebook Wall http://ift.tt/1ouvkCA

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...