Skip to main content

လုပ်အားခ တိုးမြှင့်ပေးရန်မှအပ Asia Rose အထည်ချုပ်လုပ်သား ၄၀၀ ကျော် ဆန္ဒပြတောင်းဆိ...



လုပ်အားခ တိုးမြှင့်ပေးရန်မှအပ Asia Rose အထည်ချုပ်လုပ်သား ၄၀၀ ကျော် ဆန္ဒပြတောင်းဆိုမှု ပြေလည်မှုရ



ရန်ကုန်၊ မေ ၂၄



ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်အမှတ် ၂ ရှိ Asia Rose အထည်ချုပ်လုပ်သား ၄၀၀ ကျော် ဆန္ဒပြ တောင်းဆိုနေသော အချက် ၁၃ ချက်တွင် လုပ်အားခ တိုးမြှင့်ပေးရန်မှအပ အခြားအချက်များ ပြေလည်မှု ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်က The Voice သို့ ပြောကြားသည်။



တောင်းဆိုသော အချက် ၁၃ ချက်အနက် တစ်နေ့လုပ်ခ တိုးမြှင့်ပေးရန်မှ လွဲ၍ ကျန်အချက်များကို အလုပ်ရှင်က မေလ ၂၄ ရက်နေ့တွင် သဘောတူညီ ပေးခဲ့ကြောင်း ဝင်ရောက် ညှိနှိုင်းပေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်က The Voice သို့ ပြောကြားသည်။



အလုပ်ရှင်နှင့် ညှိနှိုင်းခြင်းကို အဆိုပါ စက်ရုံတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရန် အလုပ်ရှင်က ဆောင်ရွက်ပေးရန်၊ စက်ရုံအတွင်း မန်နေဂျာ ပြောင်းလဲပါက လုပ်သားများကို အသိပေးရန်နှင့် လုပ်ငန်းခွင် စည်းကမ်းများကို မပြောင်းလဲရန် စသည့် အချက် ၁၂ ချက်ကို သဘောတူညီခဲ့ခြင်း ဖြစ်ပြီး တစ်နေ့ လုပ်ခ ၄၀၀ ကျပ်စီ ထပ်ဆောင်း တိုးမြှင့်ပေးရန်နှင့် ဆုကြေးကို ရှားပါးစရိတ်အဖြစ် ပြောင်းလဲကာ ၁၀၀၀၀ ကျပ် တိုးမြှင့်ပေးရန် အချက်ကိုမူ ဒါရိုက်တာ အစည်းအဝေးလုပ်ပြီး ၂၇ ရက်နေ့ နေ့လယ် ၂ နာရီတွင် အလုပ်ရှင်၊ လုပ်သားနှင့် မြို့နယ် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ဝင်များနှင့် ထပ်မံ ညှိနှိုင်းဦးမည် ဖြစ်ကြောင်း ထပ်မံ ပြောကြားသည်။



ယခု ဆွေးနွေးမှု၏ ရလဒ် ကောင်းသည်ဟု ထင်မြင်မိကြောင်း၊ အဓိကအချက်များ ကျန်နေသေးသဖြင့် စက်ရုံရှေ့ ဆန္ဒထုတ်ဖော်မှုကိုလည်း ပြေလည်ပြီးမှသာ ရုပ်သိမ်းမည် ဖြစ်ကြောင်း Asia Rose အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့က အတွင်းရေးမှူး ဒေါ်သန္တာမိုးက ပြောကြားသည်။



ယခုကဲ့သို့ လခ တိုးပေးရန်မှာ စက်ရုံအနေနှင့် ကုမ္မဏီနှင့် လုပ်ရခြင်း ဖြစ်ကြောင်း၊ တစ်ဦးတည်း ဆုံးဖြတ်ရုံနှင့် မပြီးဘဲ အားလုံးနှင့် ပြန်ပြီး ဆွေးနွေးရဦးမည် ဖြစ်ကြောင်း Asia Rose အထည်ချုပ်စက်ရုံမှ ဒါရိုက်တာ ဦးသန်းထွဋ်က ပြောကြားသည်။



မေလ ၂ ရက်နေ့တွင် အထည်ချုပ် လုပ်သားများက အချက် ၁၃ ချက်ကို စက်ရုံဘက်သို့ စာပေးပို့ခဲ့ခြင်း ဖြစ်ပြီး မေလ ၁၄ ရက်နေ့မှ စတင်ကာ စက်ရုံ တံခါးဝကို ပိတ်ဆို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

from The Voice Weekly's Facebook Wall http://ift.tt/1r4Zjp2

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...