Skip to main content

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ရေကြောင်းသဘောတူညီချက်ချုပ်ဆို မနီလာ၊ မေ ၂၃ အင်ဒိ...



အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ရေကြောင်းသဘောတူညီချက်ချုပ်ဆို



မနီလာ၊ မေ ၂၃



အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံကြား ရေကြောင်း သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပွားနေသော ဒေသတွင်း စံပြပုံစံတစ်ခု ဖြစ်သည်ဟု ချီးကျူးပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။



ရေကြောင်း သဘောတူညီချက်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဆွေးနွေးပြီးနောက် သဘောတူညီလိုက်ခြင်းဖြစ်ကာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းသည့် နည်းလမ်းဖြင့် ဖြေရှင်းနိုင်သည်ကို ဖော်ပြပေးလိုက်ခြင်း ဖြစ်သည်ဟု အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘန်ဗန်ယူဒိုယိုနိုက ပြောကြားလိုက်သည်။



“ရေကြောင်းအငြင်းပွားမှု အပါအဝင် အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းလို့ရတယ်လို့ ဖော်ပြလိုက်ခြင်း ဖြစ်တယ်။ ကျွန်တော်တို့ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို ထိခိုက်စေမယ့် စစ်ရေးနည်းလမ်း အသုံးပြုဖို့ မလိုဘူးဆိုတာ ပြလိုက်တာ ဖြစ်တယ်” ဟု ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား သမ္မတက ပြောကြားလိုက်သည်။



ရေနံနှင့် သယံဇာတ ကြွယ်ဝသည် ဟုယူဆထားသော တောင်တရုတ် ပင်လယ်တွင်းရှိ နယ်မြေပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့်နိုင်ငံများကြား တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိသည်။



အဆိုပါ အငြင်းပွားနယ်မြေတွင်းသို့ တရုတ်နိုင်ငံက ရေနံတွင်းတူးစင်တစ်ခု စေလွှတ်လိုက်ပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဗီယက်နမ်နိုင်ငံ၌ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။



ရေကြောင်း နယ်ပယ်ရေးရာများတွင် ငြိမ်းချမ်းပြီး မျှတသည့် နည်းလမ်းကို လိုက်နာကြောင်း၊ တရားဥပဒေ စိုးမိုးမှုကို အခိုင်အမာ စွဲကိုင်ထားကြောင်းကို ရေကြောင်း သဘောတူညီချက်က ခိုင်ခိုင်မာမာ သက်သေပြလိုက်ခြင်း ဖြစ်သည်ဟု ဖိလစ်ပိုင်သမ္မတ အကွီနိုက ပြောကြားလိုက်သည်။



အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ရေကြောင်း ပိုင်နက်တောင်းဆိုမှုများ မင်ဒါနာအိုပင်လယ်၊ ဆယ်လီဘီပင်လယ်နှင့် ဖိလစ်ပိုင်ပင်လယ် အချို့နေရာများတွင် ထပ်တူဖြစ်နေခြင်းကို ရေကြောင်း သဘောတူညီချက်တွင် အသေးစိတ် ဖြေရှင်းပေးထားသည်။



အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ နိုင်ငံများ၏ အထူးသီးသန့် စီးပွားရေးဇုန်မှာ သက်ဆိုင်ရာ နိုင်ငံကမ်းရိုးတန်းမှ ရေမိုင် ၂၀၀ အကွာအတွင်းဖြစ်ပြီး အဆိုပါ ရေပြင်တွင်းရှိ သယံဇာတများကို ထုတ်ယူနိုင်သည်။



သို့သော်လည်း အိမ်နီးချင်းနိုင်ငံများ၏ ရေပြင်များတွင်မူ ဇုန်နယ်နိမိတ်မှာ တစ်ခုနှင့်တစ်ခု ထပ်လျက် ရှိနေနိုင်သည်။



တောင်တရုတ် ပင်လယ်တွင်းရှိ ပိုင်နက်အရေးကို တရုတ်က တင်းတင်းမာမာ တောင်းဆိုလာခြင်းကြောင့် ဖိလစ်ပိုင်၊ ဗီယက်နမ် စသည့်နိုင်ငံများနှင့် မကြာသေးမီကစ၍ တင်းမာမှုများ မြင့်တက်လာခဲ့သည်။



“အရှေ့တရုတ်နဲ့ တောင်တရုတ်ပင်လယ် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အခြေအနေတွေက တင်းမာမှုတွေနဲ့ ပြည့်နေတယ်” ဟု အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုက ပြောကြားလိုက်သည်။



တင်းမာမှုများ လျှော့ချနိုင်ရန် အငြင်းပွား နယ်မြေများအတွင်း မည်သည့် လှုပ်ရှားမှုမျှမလုပ်ဟု ဖော်ပြထားသည့် ၂၀၀၂ ခုနစ် သဘောတူညီချက် စိတ်ဓာတ်ထံသို့ ပြန်လည် ဦးတည်ရန် အင်ဒိုနီးရှား သမ္မတက တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများကို တိုက်တွန်းထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1nej0H3

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...