Skip to main content

ရန်ကုန်မြို့တော်၏ ရေကြီးရေလျှံမှုကို ဖြေရှင်းရန် နည်းပညာအကူအညီ လိုအပ်ဟုဆို ရန်ကု...



ရန်ကုန်မြို့တော်၏ ရေကြီးရေလျှံမှုကို ဖြေရှင်းရန် နည်းပညာအကူအညီ လိုအပ်ဟုဆို



ရန်ကုန်၊ မေ ၂၂



မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ရန်ကုန်မြို့တော်၌ ကြုံတွေ့နေရမြဲဖြစ်သော ရေကြီးရေလျှံမှု ပြဿနာကို ဖြေရှင်းနိုင်ရန် နည်းပညာ အကူအညီ လိုအပ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



ဖွံဖြိုးပြီး နိုင်ငံများတွင် မိုးရာသီ၌ ရေကြီးရေလျှံမှု မဖြစ်စေရန် မြေအောက် ရေလှောင်ကန်များ ပြုလုပ်ကာ ရေစုပ်စက်များဖြင့် သက်မှတ်ထားသော နေရာများကို စုပ်ထုတ်ကာ ကာကွယ်လျက် ရှိကြောင်း၊ ရန်ကုန်မြို့ရှိ မြေအောက်တွင် တူးဖော်၍ကန်များ ပြုလုပ်မည်ဆိုပါက လက်ရှိ အသုံးပြုနေသည့် လမ်းများကို ဖျက်ကာ ပြုလုပ်ရမည် ဖြစ်သည့်အတွက် ကုန်ကျစရိတ် များပြားနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် ရေကြီးရေလျှံမှု မဖြစ်စေရန် အခြားသော နည်းပညာတစ်ခု လိုအပ်လျက် ရှိကြောင်း ၎င်းက ထပ်မံရှင်းပြသည်။



“ဒီရေတက်တဲ့အချိန်နဲ့ မိုးတအားရွာပြီး ရေပါတဲ့ အချိန်မျိုးဆိုရင် ရေကလျှံမှာပဲ။ အရင်တုန်းက လမ်းဘေးမှာ ရေစိမ့်နိုင်တဲ့ မြေရှိတယ်။ ခုတော့ အဆောက်အဦတွေ ဆောက်ကြတော့ ကွန်ကရစ်တွေ ဖြစ်လာကြတယ်။ ရေရှည်စီမံကိန်းအတွက် မိုးရေချိန်တိုင်းတာ၊ ရေဘယ်လောက် တတ်နေလဲ ဆိုတာမျိုးတွေကို survey ဆင်းနေပါတယ်” ဟု ၎င်းကဆက်လက် ပြောဆိုသည်။



မလေးရှားနိုင်ငံတွင် ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် မြေအောက်လှိုဏ်ခေါင်းတူး၍ ကာကွယ်ထားပြီး ၎င်းနည်းလမ်းမှာ ဘတ်ဂျက် အများအပြား ကုန်ကျနိုင်ကြောင်း ရန်ကုန်မြို့တော်တွင် မြေမျက်နှာပြင် နိမ့်သည့် နေရာများကို ရှာဖွေကာ ရေလမ်းကြောင်း လွှဲပေးပါက ရေကြီးရေလျှံမှုကို ဖြေရှင်းနိုင်ကြောင်း မြို့ပြ အင်ဂျင်နီယာ ဦးသန်းဝင်းက ပြောကြားဆိုသည်။



“ရန်ကုန်မှာက ရေထုတ်နိုင်တဲ့ လမ်းကြောင်းက နေရာတိုင်းမှာ ရှိနေတယ်။ မြေမျက်နာပြင် အနိမ့်အမြင့်ကို အသေးစိတ်သိရင် ရေလမ်းကြောင်း လွှဲနိုင်တယ်။ ဒီရေတက်ရင်တော့ ရေလှောင်ကန် ရှိပေမယ့်လည်း ရေကြီးနိုင်တယ်။ ချောင်း၊ မြစ်တွေများလာတော့ ရေမျက်နှာပြင် မြင့်တက်လာပြီး ရေပိုကြီးနိုင်တယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။



ရန်ကုန်မြို့တော် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန် ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရေမြောင်း ရှင်းလင်းမှုနှင့် ပတ်သက်ပြီး သိန်းတစ်သောင်း အသုံးပြုရန် လျာထားလျက်ကြောင်း၊ ဒဂုံမြစ်၊ လှိုင်မြစ်တို့ကို ရေများစွန့်ထုတ်သော မြစ်ထွက်ပေါက်များကို ချဲ့ထွင်ရှင်းလင်းခြင်း၊ နုန်းကျသော ချောင်းများကို စက်ယန္တရားများဖြင့် ဆောင်ရွက်ခြင်း၊ ရေတံခါးပြုပြင်ရေး လုပ်ငန်းများ၊ မြောင်းရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။



ရန်ကုန်မြို့လယ်ခေါင်တွင် နာရီဝက်ခန့် မိုးသည်းထန်စွာ ရွာသွန်းပါက ရေမြောင်းများ ပိတ်ဆို့ကာ လမ်းပေါ်တွင် ရေလျှံမှုများကို နှစ်စဉ်နှစ်တိုင်း ရင်ဆိုင် ကြုံတွေ့နေရကြောင်း၊ ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းရှိ တံဆိပ်တုံး ပြုလုပ်သည့် လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။



“မိုးရွာရင် မြောင်းရေက လျှံတယ်။ ရေလျှံတဲ့ လမ်းဖြစ်သွားတော့ အရောင်းအဝယ်ပါ ပါးသွားတယ်။ နှစ်တိုင်း ဖြစ်နေပေမယ့် ရေမတင်ဖို့တော့ မျှော်လင့်တယ်” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောဆိုသည်။



ရန်ကုန်မြို့တော်၏ ရေကြီးရေလျှံမှု ပြဿနာကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ရေစီးရေလာ ကောင်းမွန်ရန် ထိန်းသိမ်းရေး ကော်မတီကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ ဦးဆောင်၍ ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ စတင်၍ ဖွဲ့စည်းခဲ့ကြောင်း၊ ရေကြီးရေလျှံ မဖြစ်စေရန် ၁၅ ဦးပါဝင်သော ထိန်းသိမ်းရေး ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။



ရန်ကုန်မြို့တော်ကြီးကို ရေကြီးရေလျှံမှု ကင်းဝေးစေရေး အကောင်အထည် ဖော်ရာတွင် စုစုပေါင်း ကုန်ကျစရိတ် ကျပ်သန်းပေါင်း ၁၂၁၃၁ သန်း ကုန်ကျမည်ဖြစ်ရာ ပထမအဆင့် အနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ ကျပ်သန်းပေါင်း ၅၅၀၀ သန်း ခွင့်ပြုပေးခဲ့ကြောင်း ဧပြီလ ဒုတိယပတ်တွင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1t5jbUF

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...