Skip to main content

လာမည့်ရာသီတွင် ကျောနံပါတ် ၁၀ နှင့်အတူ တွေ့ရမည့် ဟက်ဇက်



လာမည့်ရာသီတွင် ကျောနံပါတ် ၁၀ နှင့်အတူ တွေ့ရမည့် ဟက်ဇက်





Timeline Photos

ချယ်လ်ဆီးတောင်ပံကစားသမားဟက်ဇက် လာမည့်ရာသီတွင် ကျောနံပါတ် ၁၀ ကို ၀တ်မည် ................................................... အောင်သုတ ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံတောင်ပံကစားသမားအီဒင်ဟက်ဇက်သည် လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ကျောနံပါတ် ၁၀ ဂျာစီကို ၀တ်ဆင်ကစားမည်ဖြစ်သည်။ ပီအက်စ်ဂျီအသင်းမှ ခေါ်ယူရန်ပစ်မှတ်ထားခံနေရသည့် ဟက်ဇက်သည် လွန်ခဲ့သည့်နှစ်နှစ်က လိုင်လီအသင်းမှ ချယ်လ်ဆီးသို့ပြောင်းရွှေ့လာ ခဲ့ပြီး ၀တ်ဆင်ကစားခဲ့သည့် ကျောနံပါတ် ၁၇ ဂျာစီအစား လာမည့်ရာသီတွင် လစ်လပ်နေသည့် ကျောနံပါတ် ၁၀ ကိုပြောင်းလဲဝတ်ဆင်ကစား မည်ဖြစ်သည်။ ဟက်ဇက်သည် လိုင်လီမှ ပြောင်းရွှေ့လာကတည်းက ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ခွင့်ရရန် မျှော်မှန်းခဲ့သော်လည်း ယင်းအ ချိန်က ကွင်းလယ်လူမာတာ ၀တ်ဆင်ကစားနေသဖြင့် ၀တ်ဆင်ခွင့်မရခဲ့ဘဲ ပြီးခဲ့သည့်ရာသီက မာတာ မန်ယူသို့ပြောင်းရွှေ့သွားခဲ့သည့်အ တွက် ကျောနံပါတ် ၁၀ မှာ လစ်လပ်နေခဲ့ခြင်းဖြစ်သည်။ “ချယ်လ်ဆီးအတွက် ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ကစားခွင့်ရတဲ့အတွက် အရမ်းကျေနပ်ပါတယ်။ အဲဒီနံပါတ်က ကျွန်တော့်ရဲ့ အကြိုက်ဆုံးနံပါတ်ဖြစ်ပြီး လက်ရွေးစင်အသင်းမှာလည်း ၀တ်ဆင်ခွင့်ရထားပါတယ်။ ပြီးတော့ ကျွန်တော် ငယ်ငယ်က ကြိုက်ခဲ့ရတဲ့ ဇီဒန်းတို့ လို ဂန္ထ၀င်ကစားသမားတွေလည်း ၀တ်ဆင်ခဲ့တဲ့ နံပါတ်ပါ။ အဲဒီနံပါတ်ကြောင့် အနာဂတ်မှာ ကျွန်တော့်အတွက် ကံကောင်းမှုတွေရလာမယ်လို့ မျှော်လင့်ထားသလို ပရိသတ်တွေအနေနဲ့လည်း ကျွန်တော့်ကို လာမည့်ရာသီမှာ အဲဒီဂျာစီနဲ့ မြင်တွေ့ရမှာပါ”ဟု ဟက်ဇက်က ချယ်လ်ဆီးအ သင်းဝက်ဘ်ဆိုဒ်သို့ ပြောကြားသည်။ သို့သော် ချယ်လ်ဆီးအသင်းပရိသတ်အများစုမှာ ဟက်ဇက်၏ ကျောနံပါတ် ၁၇ ပါဂျာစီများကို ၀ယ်ယူထားကြပြီးဖြစ်နေရာ ၎င်းတို့အနေဖြင့် အသင်း၏ တရားဝင်စတိုးမှ ၀ယ်ယူခဲ့သည့်ဘောက်ချာများပြသပြီး ဇူလိုင် ၃၁ ရက်ကို နောက်ဆုံးထား၍ ပြန်လည်လဲလှယ်နိုင်ကြောင်း ချယ် လ်ဆီးအသင်းက ထုတ်ပြန်ထားသည်။ ပရိသတ်များပြန်လာလဲလှယ်သည့် ဂျာစီများကို ချယ်လ်ဆီးအသင်းမှ တည်ထောင်ထားသည့် ရန်ပုံငွေ အဖွဲ့အစည်းထံသို့ လှူဒါန်းသွားမည်ဖြစ်သည်။ ရည်ညွှန်း - ဒေးလီးမေးလ်

from Mizzima - News in Burmese's Facebook Wall http://ift.tt/1nbXbHx

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...