Skip to main content

မိုးကောင်းဘုရားလမ်းရှိ ဟိန္ဒူဘုရားကျောင်းရှေ့တွင် လူသတ်မှုဖြစ် ရန်ကုန်၊ ဇွန် ၃ ရ...



မိုးကောင်းဘုရားလမ်းရှိ ဟိန္ဒူဘုရားကျောင်းရှေ့တွင် လူသတ်မှုဖြစ်



ရန်ကုန်၊ ဇွန် ၃



ရန်ကင်းမြို့နယ် အမှတ် (၁၃) ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ ဇီးကွက် ဟိန္ဒူဘုရားကျောင်းရှေ့တွင် ဇွန်လ ၃ ရက် နံနက် ၁ နာရီခွဲခန့်က အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦး ဦးခေါင်းကြေမွ ဒဏ်ရာများဖြင့် အသတ်ခံရကြောင်း ယင်းရပ်ကွက် နေသူများထံမှ စုံစမ်းသိရှိရသည်။



အမှတ် (၁၄) ရပ်ကွက် မိုးကောင်း ဘုရားလမ်းရှိ Blue Galaxy စားသောက်ဆိုင်မှ အကြော်ဆရာ ဦးချစ်သဲမှာ ယင်းညက အဆိုပါလမ်းရှိ အခြားသော စားသောက်ဆိုင် တစ်ဆိုင်မှ စားပွဲထိုးနှင့်အတူ အရက်သောက်ပြီး ဆိုင်သို့အပြန် ဟိန္ဒူဘုရားကျောင်း ရှေ့တွင် ဝါးဆစ်ပိတ်တုတ်ဖြင့် ရိုက်သတ်ခံရခြင်း ဖြစ်ကြောင်း ရန်ကင်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုတိယ ရဲမှူးဇော်ဇော်က ပြောကြားသည်။



“ဘုရားကျောင်းရှေ့မှာ ခေါင်းကြေမွပြီး လူတစ်ယောက် ပက်လက်လန် သေဆုံးနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က သတင်းပေးလို့ သွားစစ်ဆေးချိန် သေဆုံးသူရဲ့ အနားမှာ ရိုက်သတ်ခဲ့တဲ့ ဝါးဆစ်ပိတ် တုတ်တစ်ချောင်းကို တွေ့ရှိတယ်။ လူသတ်မှု ကျူးလွန်သူလို့ သံသယ ရှိထားသူက ထွက်ပြေး တိမ်းရှောင်နေလို့ တိုင်း/ခရိုင် အထူးတပ်ဖွဲ့တွေ ပူးပေါင်း စုံစမ်းနေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။



အဆိုပါ အသတ်ခံရသူ ဦးချစ်သဲမှာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မိုးကောင်း ဘုရားလမ်းရှိ စားသောက်ဆိုင်တွင် အကြော်ဆရာအဖြစ် အလုပ်စဝင်သည်မှာ နှစ်ပတ်ခန့်သာ ရှိကြောင်း၊ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု သံသယရှိသည့် အသက် ၂၁ နှစ်အရွယ် စားပွဲထိုးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း၊ ထွက်ပြေးသူနှင့် သေဆုံးသူတို့မှာ ယခင်က သိကျွမ်းသူများဖြစ်ပြီး အကြော်ဆရာကို ယင်းစားပွဲထိုးက အလုပ်သွင်းပေးထားခြင်း ဖြစ်ကြောင်း Blue Galaxy စားသောက်ဆိုင်၏ ဝန်ထမ်းများထံမှ သိရှိရသည်။



“သူတို့ နှစ်ယောက်မှာ အရင်က ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ပြဿနာ ရှိထားတယ်လို့ ကနဦး စစ်ဆေးချက်အရ သိထားရပေမယ့် ဘာကြောင့် လူသတ်မှုထိ ဖြစ်ပွားခဲ့ရတဲ့ အကြောင်းအရင်းကို လတ်တလော စုံစမ်းနေပါတယ်” ဟု ဒုရဲမှူး ဇော်ဇော်က ရှင်းပြသည်။



အဆိုပါ တိမ်းရှောင်နေသူ အမျိုးသားမှာ မိုးကောင်းဘုရားလမ်း သုခိတာ လမ်းသွယ်ထိပ်ရှိ စားသောက်ဆိုင် တစ်ခုတွင် စားပွဲထိုး လုပ်ကိုင်သည်မှာ နှစ်ပတ်ခန့်သာရှိပြီး အလုပ်နားချိန် ပြင်ပတွင် အရက်သောက်စားရာမှ လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ထွက်ပြေးလျက်ရှိသူ အမျိုးသားမှာ ပြည်ခရိုင် ပုတီးကုန်း မြို့နယ်ဘက်တွင် နေထိုင်သည်ဟု သိရှိရကြောင်း ယင်းလုပ်ကိုင်ခဲ့သော စားသောက်ဆိုင်မှ တာဝန်ရှိသူ အမျိုးသားက ပြောကြားသည်။



“မိုးကောင်းလမ်းက ညလုံးပေါက်ဖွင့်တဲ့ ထမင်းကြော်ဆိုင်မှာ ထိုင်နေတဲ့ ရဲတပ်ဖွဲ့ကို တက္ကစီတစ်စီးက ဘုရားကျောင်းရှေ့မှာ ဝိုင်းရိုက်လို့ လူသေတော့မယ်လို့ ပြောခဲ့တယ်။ အခု လူသတ်မှုနဲ့ ပတ်သက်ပြီး မသင်္ကာသူက ထွက်ပြေးနေတာကြောင့် ထွက်ပြေးနေသူရဲ့ ညီဖြစ်သူနဲ့ (၁၂) ရပ်ကွက် ဝါးတံတားလမ်းက ကောင်လေး တစ်ယောက်ကို စခန်းမှာ ခေါ်စစ်ဆေးနေတယ်လို့ ကြားတယ်” ဟု ယင်းရပ်ကွက်နေ အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောဆိုသည်။



ရန်ကင်းမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်တွင် ပြီးခဲ့သော မေလ ၁၅ ရက်နေ့က ခေါင်းဖြတ် လူသတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နှစ်လခန့်အကြာတွင် ထပ်မံဖြစ်ပွားခဲ့သည့် အဆိုပါ လူသတ်မှုကို ရန်ကင်း ရဲစခန်းက (ပ)၁၃၁/၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မြို့နယ်အတွင်း လူသတ်မှု အပါအဝင် မှုခင်းဖြစ်ရပ်များ လျော့နည်းစေရန် နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များက အများပြည်သူကို မှုခင်းကျဆင်းရေး ဟောပြောမှုများ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကင်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။



“ရန်ကင်းမြို့နယ်လို လူစည်ကားတဲ့ နေရာမှ ဒီလိုလူသတ်မှုတွေ ဖြစ်ပွားနေတာက တာဝန်ရှိ နယ်မြေခံတွေရဲ့ ထိန်းသိမ်းမှု အားနည်းလို့ အရက်သေစာ သောက်စားပြီး ခိုက်ရန် ဖြစ်ပွားရာကနေ လူသတ်မှုတွေ ဖြစ်နေတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လူငယ်တွေ အသိတရား အားနည်းမှု မြင့်တက်လာအောင် သက်ဆိုင်ရာ အာဏာရှိသူတွေက ဆောင်ရွက် ပေးစေချင်တယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးမျိုးခင် (ခ) ဦးမုန်းခက်က ဆိုသည်။



ရန်ကင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှု ဖြစ်စဉ်များမှာ တစ်ဦးနှင့်တစ်ဦး နာကြည်းလောက်သည့် ခံစားမှုမျိုး ဖြစ်ပွားရာမှ လူသတ်မှု ဖြစ်ပွားခြင်း မဟုတ်ဘဲ၊ အရက်သောက်စားပြီး စကားများရာမှ လူသတ်မှု ကျူးလွန်သည်ထိ ဖြစ်ပွားရခြင်း ဖြစ်ပြီး ယင်းသည် လူငယ်အချို့၏ အသိပညာ အတွေးအခေါ်များ နိမ့်ကျမှုကြောင့် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

“အခြေခံပညာရေးမှာ ပညာရေး ဗလငါးတန် ဖွံ့ဖြိုးအောင် မလုပ်ခဲ့ဘဲ Top Ten စာရင်းဝင်ကို ဦးစားပေး သင်ကြားပေးခဲ့တာကြောင့် ခုခေတ် လူငယ်တွေမှာ ဆင်ခြင်တုံတရား နည်းပါးပြီး ရိုင်းစိုင်းလာကြတယ်။ ထစ်ခနဲရှိ တုတ်ဆွဲ၊ ဓားဆွဲ ခိုက်ရန်ဖြစ်ပွားဖို့ ဝန်မလေးတော့ဘူး” ဟု ၎င်းက သုံးသပ်ပြောကြားသည်။



ရန်ကင်းမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်တွင် မတ်လ ၁၅ ရက် ည ၈ နာရီခန့်က အလုပ်မှ နေအိမ်သို့ ပြန်လာသော ကိုမင်းမင်းဦးက လမ်းတွင် အရက် ထိုင်သောက်နေသူ ချစ်ပို၏ပခုံးကို ဝင်တိုက်မိသဖြင့် ထိုးကြိတ် ရိုက်နှက်ကာ ပုလင်းကွဲဖြင့် ဝမ်းဗိုက်ကို ထိုးမွှေပြီး လမ်းမအတိုင်း တရွတ်တိုက်ဆွဲခေါ်ကာ ဓားဖြင့် ခေါင်းဖြတ် ခုတ်သတ်ခံခဲ့ရမှုကြောင့် ရပ်ကွက်နေသူများက တရားဥပဒေ စိုးမိုးရန်နှင့် အဆိုပါ ရက်စက်စွာ လူသတ်မှုကို ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။

from The Voice Weekly's Facebook Wall http://ift.tt/1rKddNU

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...