Skip to main content

မဲဆောက်တွင် မြန်မာ ၁၆၃ ဦး ဖမ်းဆီးခံရ ရန်ကုန်၊ ဇွန် ၃ ထိုင်းနိုင်ငံတွင် မဲဆောက...



မဲဆောက်တွင် မြန်မာ ၁၆၃ ဦး ဖမ်းဆီးခံရ



ရန်ကုန်၊ ဇွန် ၃



ထိုင်းနိုင်ငံတွင် မဲဆောက်မြို့တွင် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက တရားမဝင် နေထိုင်သူ မြန်မာ ၁၆၃ ဦးကို ပထမဆုံးအကြိမ် ဝင်ရောက် ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။



မဲဆောက်မြို့နယ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများစု နေထိုင်သော ဘန်ဆောင်ခွဲ ရပ်ကွက်အတွင်းသို့ ယင်းနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ လူဝင်မှုကြီးကြပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့မှ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ရာ တရားဝင် အထောက်အထားမရှိဘဲ ခိုးဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၅၉ ဦးနှင့် ကလေး ၅၅ ဦး၊ စုစုပေါင်း ၁၆၃ ဦးတို့ကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။



“လက်ရှိ ထိုင်းစစ်တပ်က နယ်စပ်ဒေသတွေကနေ လက်နက်တွေ ဝင်လာမှာ စိုးရိမ်ပြီး အထူးစစ်ဆင်ရေး အဖွဲ့တွေနဲ့ နေရာအနှံ စစ်ဆေးနေတာ။ မဲဆောက်မှာ အလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ငါးသိန်းနီးပါးက တရားဝင် အထောက်အထား မရှိတာ များတယ်။ မဲဆောက်မှာ ထိုင်းစစ်တပ်က ဝင်ဖမ်းဆီးတာ ဒါပထမဆုံးအကြိမ်ပဲ” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးကွန်ရက်မှ ဦးစိန်ဌေးက ရှင်းပြသည်။



ထိုင်းနိုင်ငံရှိ ရနောင်းခရိုင်တွင် လွန်ခဲ့သော သုံးရက်ခန့် (မေ ၃၁) ရက်က ထိုင်းစစ်တပ်က တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၆၄ ဦးကို ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယခုလက်ရှိ ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို ကူညီဆောင်ရွက် ပေးနေသော လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ကူညီ ဆောင်ရွက်ပေးရန် စီစဉ်လျက် ရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (Myanmar Association in Thailand) မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။



“ထက်ဝက်လောက်က အထောက်အထား မရှိတဲ့ အလုပ်သမားတွေ များတယ်။ ခုဖမ်းဆီး စစ်ဆေးရေးတွေ စနေပြီဆိုပေမယ့် မဲဆောက်မှာ ဖမ်းခံရတဲ့ မြန်မာလုပ်သား ၆၀ ကျော်ကို ခဏထိန်းသိမ်းပြီး ပြန်လွှတ်ပေးသလို ဖြစ်ပါစေလို့ မျှော်လင့်ရမှာပဲ” ဟု ၎င်းက ရှင်းပြသည်။



အဆိုပါ တရားမဝင် ဝင်ရောက် နေထိုင်သူ မြန်မာနိုင်ငံသား ၁၆၃ ဦး ဖမ်းဆီးခံရမှုကို မြဝတီခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ သတင်းရရှိထားသော်လည်း အသေးစိတ် အချက်များကို ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့မှ သတင်းပေးပို့မှု မရရှိသေးကြောင်း ယင်းလူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိ အရာရှိတစ်ဦးက ပြောကြားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1kJbSwQ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...