ကျောက်ဖြူ အထူးစီးပွားရေးဇုန်နေရာတွင် မီးတောင်ရှိ၍ နေရာရွှေ့မည်
ရန်ကုန်၊ ဇွန် ၃
မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းတွင် ပထမဆုံး အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် မြေနေရာနှင့် ၂ မီတာ အကွာတွင် ရွှံ့မီးတောင် တည်ရှိသဖြင့် နေရာပြောင်းရွှေ့ရမည် ဖြစ်ကြောင်း အဆိုပါ အထူးစီးပွားရေးဇုန် တင်ဒါရွေးချယ်ရေးနှင့် စိစစ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောကြားသည်။
ယင်းအထူးစီးပွားရေးဇုန်ကို သစ်တောရွာနှင့် စီမော်ကျေးရွာ အနီးတွင် တည်ဆောက်ရန် စီစဉ်ထားသော်လည်း ရွှံ့မီးတောင် ရှိနေသဖြင့် မလုပ်သင့်ဟု စင်ကာပူနိုင်ငံ အခြေစိုက် အကြံပေး ကုမ္ပဏီအုပ်စု CPG (Creative Professional Groups) က အကြံပြုလာသဖြင့် ယင်းသို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကျေးရွာများ၊ သာသနိက အဆောက်အအုံများ၊ ရေမြေပတ်ဝန်းကျင် ထိခိုက်မည့် နေရာများနင့် သုသာန်နေရာများ စသည်တို့ကို ရှောင်ကာ နေရာသစ် ရှာဖွေနေကြောင်း တင်ဒါရွေးချယ်ရေးနှင့် စီစစ်ရေး ကော်မတီထံမှ သိရှိရသည်။
“ရွှံ့မီးတောင်က အန္တရာယ်မရှိဘူးလို့ သတ်မှတ်ထားတာ။ အခုလေ့လာမှုတွေအရ အန္တရာယ် ရှိလာနိုင်တဲ့အတွက် နေရာပြောင်းဖို့လုပ်တာ” ဟု ဦးအောင်ကျော်သန်းက ဆိုသည်။
CPG ကို ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ရင်းနှီးတည်ဆောက်သူ (Developer) များ အိတ်ဖွင့်တင်ဒါ ခေါ်ယူရေး လုပ်ငန်းစဉ်အတွက် အကြံပေး ဝန်ဆာင်မှုအဖြစ် ရွေးချယ်ထားသည်။
from The Voice Weekly's Facebook Wall http://ift.tt/1koUy6e
Comments
Post a Comment