Skip to main content

အိန္ဒိယ ဝန်ကြီးချုပ်သစ် အဖြစ် နာရင်ဒရာမိုဒီ ကျမ်းသစ္စာ ကျိန်ဆို ဒေလီ၊ မေ ၂၆ ကမ္ဘာ...



အိန္ဒိယ ဝန်ကြီးချုပ်သစ် အဖြစ် နာရင်ဒရာမိုဒီ ကျမ်းသစ္စာ ကျိန်ဆို



ဒေလီ၊ မေ ၂၆



ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သော အိန္ဒိယတွင် မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ တစ်ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သော နာရင်ဒရာမိုဒီသည် အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ယူနိုင်ရေးအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ကျင်းပရာ ယင်းအခမ်းအနားသည် အိန္ဒိယသမိုင်းကြောင်း၌ ကြီးကျယ် ခမ်းနားဆုံးသော ကျမ်းသစ္စာ ကျိန်ဆိုပွဲ တစ်ရပ်အဖြစ် သတ်မှတ်ခံရကြောင်း အိန္ဒိယ ပြည်တွင်းမီဒီယာများ၏ ရေးသားဖော်ပြချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။



နာရင်ဒရာမော်ဒီ အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ယူရန် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ အိန္ဒိယ၏ ပြိုင်ဘက်ဖြစ်သော ပါကစ္စတန် ဝန်ကြီးချုပ် နာဝတ်ရှရစ်လည်း တက်ရောက်သည်။



ဝန်ကြီးချုပ်သစ် မိုဒီသည် ကျမ်းသစ္စာ ကျိန်ဆိုမှု မပြုလုပ်မီ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ၏ ဂူဗိမာန်သို့ သွားရောက်ပြီး ဂါရဝပြုသည်။



ဒေလီရှိ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်သည့် အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ ပါကစ္စတန် ဝန်ကြီးချုပ် တက်ရောက်ခြင်းသည် ၁၉၄၇ ခုနှစ်၊ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံး လွတ်လပ်ရေး ရရှိပြီးခဲ့သည့် အချိန်ကတည်းက ပြည်ပနိုင်ငံ ခေါင်းဆောင်တစ်ဦး ပထမဆုံး တက်ရောက်ချီးမြှင့်ခြင်း ဖြစ်သည်။



သမ္မတ အိမ်တော်တွင် ကျင်းပပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ ပါကစ္စတန် ဝန်ကြီးချုပ် နာဝတ်ရှရစ်သာမက တောင်အာရှ ၇ နိုင်ငံမှ ခေါင်းဆောင်များလည်း တက်ရောက်သည်။



သို့သော် မီဒီယာများနှင့် လေ့လာ စောင့်ကြည့်သူများသည် ပါကစ္စတန် ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်မှု အပေါ်တွင်သာ အလေးပေး ရေးသား ဖော်ပြကြကြောင်း CNN သတင်းဌာနက တင်ဆက်သည်။



လေ့လာ စောင့်ကြည့်သူများသည် အင်္ဂါနေ့တွင် ကျင်းပပြုလုပ်ရန် ရှိသည့် မိုဒီနှင့် နာဝတ်ရှရစ်တို့၏ ဆွေးနွေးပွဲကို အာရုံစိုက်နေကြခြင်း ဖြစ်ကြောင်း ယင်းသတင်းဌာနက ဆိုသည်။



“ပါကစ္စတန် နိုင်ငံဟာ အိန္ဒိယနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရယူလိုတာပါ။ ကျွန်တော့်အနေနဲ့ ဒေလီကိုသွားပြီး ငြိမ်းချမ်းရေးစကား ပြောမှာပါ” ဟု အိန္ဒိယသို့ မသွားရောက်မီ နာဝတ်ရှရစ်က PTI သတင်းဌာနသို့ ပြောကြားသည်။



ပါကစ္စတန် ဝန်ကြီးချုပ်နှင့်အတူ သီရိလင်္ကာသမ္မတ မဟင်ဒါရာဂျပါစက၊ အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကာဇိုင်း၊ ဘူတန်ဝန်ကြီးချုပ်၊ နီပေါဝန်ကြီးချုပ်နှင့် မော်လဒိုက်နိုင်ငံ သမ္မတတို့လည်း တက်ရောက်ကြသည်။







from The Voice Weekly's Facebook Wall http://ift.tt/TOScCR

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...