Skip to main content

ရဲတပ်ဖွဲ့၏ သတင်းထိမ်ချန်မှုများ ဆက်လက် မဖြစ်ပွားစေရန် ဥရောပသမဂ္ဂ ကူညီမည်



ရန်ကုန်၊ မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများကို သတင်း ထိမ်ချန်မှုများ အပေါ် ဆက်လက် မဖြစ်ပွားစေရန် ဥရောပသမဂ္ဂ (EU) က သတင်းထောက်များကို ကူညီပေးသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) မှ ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ် သင်တန်းတာဝန်ခံ Mr. David Hamiltonက ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးတွင် မေလ ၂၉ ရက် နံနက်ပိုင်းက ပြည်တွင်းရှိ သတင်းမီဒီယာ အချို့နှင့် အဆိုပါ တာဝန်ခံတို့ တွေဆုံရာ ရဲတပ်ဖွဲ့နှင့် မီဒီယာများအကြား ပြောဆို ဆက်ဆံရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းခဲ့ကြောင်း၊ အပတ်စဉ်ထုတ် ဂျာနယ်များနှင့် နေ့စဉ် သတင်းစာများတွင် သတင်းထောက်များက မူခင်းသတင်းများ ရေးသားဖော်ပြရာ၌ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မူခင်းသတင်းများကို ထိမ်ချန်မှုတို့ကြောင့် အများပြည်သူကို သတင်းအချက်အလက် ဖြန့်ဝေရာတွင် အခက်အခဲများ ရှိကြောင်း သတင်းထောက်များက ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယခုနှစ် မတ်လမှ စတင်ကာ မှုခင်းသတင်းများနှင့် ပတ်သက်၍ တပ်မတော်မှ ကျူးလွန်သည့် အမှုအခင်းများ၊ အစိုးရဌာနဆိုင်ရာများနှင့် ပတ်သက်သည့် အမှုအခင်းများ၊ ရဟန်းသံဃာများနှင့် ပတ်သက်သော အမှုအခင်းများ အပြင် ဘာသာရေး၊ လူမျိုးရေး ပါဝင်သည့် သတင်းများကို မဖော်ပြနိုင်စေရန် ထိန်းချုပ် ကန့်သတ်ခဲ့သည်။


မှုခင်းအချို့တွင် သတင်းကွင်းဆက် ဖော်ထုတ်ရန် ကျန်ရှိသော အမှုများနှင့် အချို့ မှုခင်းများမှာ နစ်နာသူ ကာယကံရှင် မိသားစုမှ သတင်းမထုတ်ပြန်ပါရန် မေတ္တာရပ်ခံ တင်ပြထားခြင်းများကြောင့် ရဲလုပ်ငန်း ပြည့်စုံစွာ ဆောင်ရွက်ပြီးပါက မီဒီယာများသို့ သတင်းထုတ်ပြန်ပေးလျက် ရှိကြောင်း မတ်လက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရှင်းလင်း ထုတ်ပြန်ခဲ့သည်။


အများပြည်သူကို သတင်းအချက်အလက်များ ဖြန့်ဝေပေးလျက် ရှိသော သတင်းမီဒီယာများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြား ဆက်ဆံရေး ပြေပြစ်စေရန်နှင့် သတင်းများကို ထိန်းချုပ်ကန့်သတ်မှုများ မဖြစ်ပေါ်စေရန် ရဲတပ်ဖွဲ့ဝင်များကို ဥရောပသမဂ္ဂက သင်တန်းပေးမည် ဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်မည့် အသေးစိတ် အချက်အလက်ကိုမူ ဥရောပသမဂ္ဂ (EU) မှ ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ် သင်တန်းတာဝန်ခံ Mr. David Hamilton က လက်တလောတွင် ပြောကြားခြင်း မရှိသေးပေ။


“သတင်းမီဒီယာတွေနဲ့ ရဲတပ်ဖွဲ့တွေ ဆက်ဆံရေး ကောင်းလာအောင် အီးယူအဖွဲ့က သင်တန်းဖွင့်ပေးမယ် ဆိုတာ အင်မတန် ကောင်းပါတယ်။ ရဲတပ်ဖွဲ့ဘက်က သတင်းထိမ်ချန်ထားမှုက အားနည်းချက်ကို သိမှာ စိုးလို့လား။ သက်ဆိုင်ရာ အထက်လူကြီးတွေက ထိမ်ချန်ထားခိုင်းတာလား ဆိုတာ ခန့်မှန်းရ ခက်ပါတယ်။ သတင်းပြီးရင် ရဲတပ်ဖွဲ့အနေနဲ့ ၁၀၀ ရာခိုင်နှုန်း သတင်းထိန်ချန်မှုတွေ ပွင့်လင်းမြင်သာမှုတွေ ရှိလာရင် သတင်းမီဒီယာသမားတွေ အတွက် ပိုကောင်းပါတယ်” ဟု မြန်မာဂျာနယ်လစ် ကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ် ဖြစ်ပွားနေသော မှုခင်းများမှာ အမှု ၂၀ နှင့် အမှု ၅၀ ကျော်အထိ ဖြစ်ပွားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မတ်လ ၂ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ အမှုပေါင်း သုံးမှုနှင့် ငါးမှု အတွင်းသာ ထုတ်ပြန်သည်။


The Voice Weekly






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wc4OCx

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...