Skip to main content

မြန်မာရဲဝန်ထမ်းများအပေါ် ဥရောပသမဂ္ဂထားရှိသည့် မျှော်လင့်ချက် လက်တွေ့အကောင်အထည်မပေါ်...



မြန်မာရဲဝန်ထမ်းများအပေါ် ဥရောပသမဂ္ဂထားရှိသည့် မျှော်လင့်ချက် လက်တွေ့အကောင်အထည်မပေါ်သေး



ဖြိုးဝေလင်း၊ ကျော်စိုးမိုး| အင်္ဂါနေ့၊ မေလ ၂၇ ရက် ၂၀၁၄ ခုနှစ်



မြန်မာနိုင်ငံအတွင်းရှိ ရဲဝန်ထမ်းများသည် ပြည်သူ၊ မီဒီယာများနှင့် ထိတွေ့ ဆက်ဆံရာတွင် အဆင်ပြေစေရန် EU က သင်တန်းများပေး၍ ရဲဝန်ထမ်းများနှင့် မီဒီယာများသတင်းကိစ္စ ထိတွေ့မှုများ ပိုမိုရရှိလာမည်ဟု မျှော်လင့်ထားသော်လည်း လက်တွေ့တွင် မီဒီယာများနှင့်ထိတွေ့မှုမှာ အားနည်းနေသေးသည်ကို တွေ့ရသည်။



ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာတောင်ညွန့်စခန်းမှ ရဲဝန်ထမ်းများနှင့် စမ်းချောင်းမြို့နယ်ရဲစခန်းမှရဲဝန်ထမ်း များကို “ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ်” ခေါင်းစဉ်ဖြင့် EU က လာရောက် သင်တန်းပို့ချနေပြီး ရဲဝန်ထမ်းများ သည် ပြည်သူ၊ မီဒီယာများနှင့် ထိတွေ့ဆက်ဆံမှုများစေရန် ရည်ရွယ်၍ အထက်ပါသင်တန်းကိုလာ ရောက်ပို့ချခြင်းဖြစ်သည်ဟု ယင်းသင်တန်းကိုလာရောက်ပို့ချသည့် EU အဖွဲ့ခေါင်းဆောင် Mr. David Hamilton ကပြောသည်။



“မီဒီယာတွေကို သတင်းထုတ်ပြန်တဲ့နေရာမှာလည်း သတင်းထိမ်ချန်မှုတွေ များလာတာကို တွေ့ရတယ်။ အခုEU ကအဖွဲ့တွေလာတော့မှ တစ်နေ့တာဖြစ်တဲ့မှုခင်းဖိုင်ကြီးကိုထုတ်ပြီး မီဒီယာတွေကို နေ့စဉ် အဲဒီပုံစံ အတိုင်း သတင်းဖြန့်ဝေပါတယ်လို့ပြောနေပေမယ့် တကယ်ဖြန့်ဝေငှပေးတဲ့သတင်းက ခုနစ်ပုဒ်မကျော် ပါဘူး။



တခါတလေ သုံးပုဒ်လောက်ပဲ ပေးတာရှိတယ်” ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးတွင် နေ့စဉ်သတင်းယူနေသည့် သတင်းထောက်တစ်ဦးကပြောသည်။



ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ စ၍ မှုခင်းသတင်းများ ထုတ်ပြန်ပေးမှုကို မဇ္ဈိမ သတင်းစာအပါအ၀င် ပြည်တွင်း သတင်းစာ၊ ဂျာနယ်များအပေါ် အကြောင်းပြချက်မရှိဘဲ သတင်းထုတ် ပြန်ပေးမှုကို ကန့်သတ်မှုပြုလုပ်ခဲ့သည်။“ကျွန်မတို့အနေနဲ့ တချို့သတင်းတွေဆိုရင် ရဲလုပ်ငန်းစဉ်အရ မီဒီယာတွေကိုပြောလို့ မဖြစ်သေးတဲ့ သတင်းတွေရှိပါတယ်။ မီဒီယာတွေကို ပြောလို့ရတဲ့သတင်းတွေဆို ကျွန်မတို့ပေးပါတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးအတွင်းရှိ မှုခင်းဌာနမှ တာဝန်ကျအရာရှိတစ်ဦးက ဆိုသည်။



ရဲဝန်ထမ်းများသည် ပြည်သူများ နှင့်ဆက်ဆံရာတွင် ပြောင်းလဲမှု ရှိလာပြီး စီအိုင်ဒီ၊ မူးယစ်၊ယာဉ်ထိန်း တပ်ဖွဲ့ဝင်များကလည်း ၎င်းတို့၏ လုပ်ငန်းစဉ်များကို ပြည်သူများသိရှိစေရန် ချပြခဲ့သည်ဟု Mr. David Hamilton ကပြောသည်။



ရန်ကုန်တိုင်းရဲတပ်ဖွဲ့သည် မှုခင်းသတင်းကန့်သတ်ရခြင်းသည် တပ်မတော်မှကျူးလွန်သည့် အမှုအခင်းများ၊ အစိုးရဌာနဆိုင်ရာများနှင့် ပတ်သက်သည့်အမှုအခင်းများ၊ ရဟန်းသံဃာများနှင့်ပတ်သက် သည့် အမှုအ ခင်းများအပြင် ဘာသာရေး၊ လူမျိုးရေးပါဝင်သည့် သတင်းများကိုလည်း ဖော်ပြခြင်းမပြုနိုင်ရန် ထိန်းချုပ်ထား ခြင်းဖြစ်သည်ဟုလည်း မီဒီယာများကို ပြောကြားထားသည်။



လက်ရှိ ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် နေ့စဉ် အမှုအခင်းပေါင်း ပျမ်းမျှ အနည်း ဆုံး ၂၀ ခန့်မှ ၅၀ ကျော်အ ထိ ဖြစ်ပွားနေလျက်ရှိပြီး မီဒီယာများကို အမှုအခင်း အနည်းဆုံးသုံးမှု၊ ငါးမှုအတွင်းသာ ထုတ်ပြန်ပေးလျက် ရှိသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1ptq7uL

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...