Skip to main content

ပါတီများ ခေါင်းစဉ်မျိုးစုံဖြင့် မဲဆွယ်စည်းရုံးခွင့်မရှိ ဟိန်းကိုစိုး| အင်္ဂါနေ့၊...



ပါတီများ ခေါင်းစဉ်မျိုးစုံဖြင့် မဲဆွယ်စည်းရုံးခွင့်မရှိ



ဟိန်းကိုစိုး| အင်္ဂါနေ့၊ မေလ ၂၇ ရက် ၂၀၁၄ ခုနှစ်



နိုင်ငံရေးပါတီများခေါင်းစဉ်မျိုးစုံဖြင့် မဲဆွယ်စည်းရုံးနေသည်ဟု ယူဆပါက မည်သည့် ပါတီကိုမဆို သက်ဆိုင်ရာခွင့်ပြုချက်ပေးသည့် အာဏာပိုင်အဖွဲ့အစည်းများသို့ တိုင်ကြားနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မဇ္ဈိမကို ပြောသည်။



နိုင်ငံရေးပါတီများသည် စည်းရုံးရေးလုပ်ငန်းများကို အချိန်မရွေးဆောင်ရွက်ခွင့်ရှိပြီး ပါတီရုံးများတွင် လုပ် ဆောင်သည့် စည်းရုံးရေးကိုခွင့်ပြုချက်မယူဘဲ ပြုလုပ်နိုင်သော်လည်း ရုံးပြင်ပတွင် လူစုလူဝေဖြင့် ဆောင် ရွက်ပါက တည်ဆဲငြိမ်း၊စု၊စီ ဥပဒေအရသာ ဆောင်ရွက်ရမည် ဟု ဆိုသည်။



“ခွင့်ပြုချက်မှာပါတဲ့အတိုင်း မဟုတ်ဘဲ ကျော်လွန်ပြီး မဲဆွယ်တာပဲ ဖြစ်ဖြစ်၊ ဟောပြောတာပဲဖြစ်ဖြစ် ရှိတယ် ဆိုရင် မကျေနပ်တဲ့သူကတိုင်ရမယ်။ တိုင်မှ သက်ဆိုင်ရာကလည်း အရေးယူမယ်။ ကော်မရှင်ကလည်း အာဏာပိုင်က အကြောင်းကြားတော့မှ ပါတီတွေကို ပြန်သုံးသပ်တာ၊ ပါတီအဖြစ်က ပယ်ဖျက်တာတို့ အရေးယူနိုင်မယ်” ဟု ဦးသောင်းလှိုင်က ပြောသည်။



နိုင်ငံရေးပါတီအများစုသည် ပါတီစည်းရုံးရေးသာမက ရွေးကောက်ပွဲများအတွက် ခေါင်းစဉ်မျိုးစုံဖြင့် မဲဆွယ် စည်းရုံးခြင်းများ ရှိနေသည်ဟု ဖက်ဒရယ်ပြည်ထောင်စု ပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်က ဆိုသည်။



“အင်အားကြီးပါတီကြီးတွေ မဲဆွယ်စည်းရုံးတာတွေ ကြားနေရတာရှိတယ်။ ဒါက ဥပဒေအရဆိုရင်တော့ မညီညွတ်ဘူး။ ဥပဒေကို လက်တစ်လုံးခြားလုပ်တာ။ တချို့ ကိစ္စတွေဆိုရင် ကော်မရှင်က ဥပဒေအရ မဆောင်ရွက်တာတွေ လျစ်လျူရှုထားတယ်” ဟု ပြောသည်။



ပါတီစည်းရုံးရေးလုပ်ငန်းများကို ယခင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၁/၂၀၁၀ ညွှန်ကြား လွှာဖြင့် တိုက်ရိုက်ခွင့်ပြုခဲ့သော်လည်း ငြိမ်းစုစီဥပဒေထွက်ရှိပြီးနောက်တွင် ၁/၂၀၁၀ ကိုဖျက်သိမ်းကာ ယင်းဥပဒေနှင့်သာ သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ခွင့်ပြု ထားသည်ဟု ကော်မရှင်ထံမှ သိရသည်။



ဖွဲ့စည်းပုံပြင်ဆင်ရေးလူထုဟောပြောပွဲများ ပြုလုပ်နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ်အမှု ဆောင် ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က “ကျွန်မတို့ ဒီလိုမလုပ်ခင် ခေါင်းဆောင်ချင်း တွေ့ဖို့ ညှိနှိုင်းတယ်။ အခုကမဲဆွယ်တာ လည်းမဟုတ်၊ လုပ်သင့်တာကိုပဲလုပ်တာပါ” ဟု ပြောသည်



အင်အားကြီးပါတီများသည် တိုင်းနှင့်ပြည်နယ်အချို့တွင် မဲဆွယ်စည်းရုံးသကဲ့သို့ တစ်အိမ်တက်ဆင်း လူထု တွေ့ဆုံမှုများ၊ ဟောပြောမှုများ ပြုလုပ်နေသည်ဟု ပါတီ ငယ်အချို့က ဝေဖန်မှုများရှိနေသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1tIog7P

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...