သူငယ်ချင်း ဖြစ်သူမှ အင်္ကျီပေးစရာရှိသည်ဟု ပြောဆိုပြီးခေါ်သွားကာ အလိုမတူ ဘဲ သားမယားအဖြစ် ပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းကို သက်ဆိုင်ရာ ရဲစခန်းမှသိရသည်။
လက်ပံတောင်းတောင် ဒေသခံကျေးရွာ (၂၆) ရွာထဲတွင် တစ်ရွာအပါအ၀င် ဖြစ်သည့် ညောင်ပင်ကြီးကျေးရွာတွင် ယခုလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီအချိန်တွင် မ.... ........(၁၇) နှစ်သည် ညောင်ပင်ကြီး ဆိပ်ကမ်းသို့ ဈေးဝယ်သွားနေစဉ် လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ် နေသည့် မောင်..............(၂၀) နှစ်သည် အင်္ကျီလက်ဆောင်ပေးစရာ ရှိသည်ဟု ပြောဆိုခေါ်ဆောင်လာခဲ့ပြီး လူသူကင်းမဲ့သည့် သပြေခြံ အရောက် တွင် အတင်း အဓမ္မ၀င်ရောက် လုံးထွေးခဲ့ပြီး မိနစ်(၂၀) ခန့် သားမယား အဖြစ် အလိုမတူဘဲပြုကျင့်ခဲ့ကြောင်း ပထမသတင်းပေးချက် အရ သိရသည်။
အင်္ကျီပေးစရာရှိသည်ဟု ပြောဆိုပြီး အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့် - သစ်ထူးလွင် (နေ့စဉ်သတင
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1wciwoU
Comments
Post a Comment